Thursday, January 10, 2013

ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့်ပျက်ပြားမှု နှင့် လူထုအား မချေမငံ ဆက်ဆံခြင်းက အဓိကအားနည်းချက်ဖြစ်

Photo: ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့်ပျက်ပြားမှု နှင့် လူထုအား မချေမငံ
ဆက်ဆံခြင်းက အဓိကအားနည်းချက်ဖြစ်
Wednesday, January 09, 2013

ဥပဒေရေးရာကိစ္စများနှင့် ပတ်သက်၍ လူထုနှင့် အမြဲထိ တွေ့နေရသော
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့် ပျက်ပြားမှုများ၊ မိဘပြည်သူများမှ ဥပဒေရေးရာ ကိစ္စရပ်များ၊ အမှု ကိစ္စများအတွက် စုံစမ်းမှုများနှင့်
ပြည်သူများသို့ သတင်းရေးသား တင်ပြနေသော မီဒီယာများမှ အမှုကိစ္စ
ရပ်များအတွက် မေးမြန်း ရာတွင် ခြေခြေမြစ်မြစ် မရှင်းပြ ခြင်းနှင့်
ပြေလည်စွာ မဆက်ဆံ ခြင်းတို့က အဓိကအားနည်းချက် တစ်ခုဖြစ်ကြောင်း
မြန်မာနိုင်ငံ ရှေ့နေကွန်ရက်အဖွဲ့ဝင်ဥပဒေ ပညာရှင်တစ်ဦးမှ သုံးသပ်သည်။

““ပြည်သူနဲ့ အမြဲဆက်ဆံနေ ရတာက ရဲစခန်းတွေပဲ။ အဲဒီ ရဲစခန်းတွေမှာက အမှုသည်တွေ၊ ပြည်သူတွေ၊ သတင်းမီဒီယာတွေ က အမှုကိစ္စအတွက်တို့၊ ဥပဒေ ကိစ္စတို့အတွက် သွားမေးတဲ့အခါ လို့ စုံစမ်းတို့အခါတို့မှာ အချို့ ရဲတပ်ဖွဲ့ဝင်တွေက ခြေခြေမြစ်မြစ် ရှင်းပြတာ လုံးဝမရှိဘူး။ နောက် ရဲတပ်ဖွဲ့ဝင်တချို့အနေနဲ့ ကိုယ်ကျင့်ပျက်မှုတွေလည်းပါတယ်။ ဒါတွေဟာ အဓိကအရေးကြီးတဲ့ အားနည်းချက်တွေပဲ။ လူထုနဲ့ အမြဲလိုလို ဆက်ဆံ
နေရတဲ့ ရဲတပ် ဖွဲ့ဝင်တွေဟာ အမှုသည် မိဘ ပြည်သူတွေနဲ့ ပြည်သူတွေလို သတင်းပြန်တင်ပြမယ့် မီဒီယာ တွေအပေါ် အမှုတွေအတွက် ခြေခြေမြစ်မြစ် အသေးစိတ်မရှင်း ပြရင်တောင်မှ လတ်တလော အနေနဲ့ ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်ထားပါတယ်ဆိုတာလေး ပြောလိုက်ရင်လည်း ဘာမှ ဖြစ်မသွားပါဘူး။ ဒီလိုဆိုတော့ လာမေးတဲ့သူတွေ စိတ်ချမ်းသာ သွားမှာပေါ့။ တချို့ ရဲတပ်ဖွဲ့ဝင် တွေက ပြည်သူကို ချေချေငံငံ ပြန်ဆက်ဆံ
တာမျိုး လုံးဝမရှိဘူး”” ဟု အဆိုပါ ဥပဒေပညာရှင်မှ ရဲစခန်းများ၏ အဓိကအားနည်း ချက်များအပေါ် သုံးသပ်ပြော ကြားခဲ့သည်။

ရဲစခန်းများအနေဖြင့် နေ့စဉ် လူထုနှင့် ဆက်ဆံနေရလျက်ရှိပြီး ယင်းသို့ လူထုနှင့်ဆက်ဆံရာတွင် ပြေလည်စွာဆက်ဆံမှု မပြုခြင်း၊ အချို့သော ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် မိမိတို့ထံလာသော အမှုသည် ပြည်သူများထံမှ အကြောင်းပြ ချက်အမျိုးမျိုးဖြင့် ငွေညှစ်ခြင်း များ ပြုလုပ်နေလျက်ရှိကာ 
ယင်းသို့ပြုလုပ်နေခြင်းများက တာဝန် ရှိသူများမှ ထိရောက်သော
ပြုပြင် ပြောင်းလဲမှုများနှင့် အရေးယူ ဆောင်ရွက်မှုများမပြုပါက ရေ ရှည်တွင်မူ ရဲတပ်ဖွဲ့စခန်းများ အပေါ်လူထု၏ယုံကြည်မှု ကျဆင်း သွားနိုင်ကြောင်း သိရှိရသည်။

ခန့်ခန့်(ဒဿနိက)
The Hot Newsဥပဒေရေးရာကိစ္စများနှင့် ပတ်သက်၍ လူထုနှင့်အမြဲထိ တွေ့နေရသော
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့် ပျက်ပြားမှုများ၊ မိဘပြည်သူ များမှ ဥပဒေရေးရာ ကိစ္စရပ်များ၊ အမှု ကိစ္စများအတွက် စုံစမ်းမှုများနှင့်
ပြည်သူများသို့ သတင်းရေးသား တင်ပြနေသော မီဒီယာများမှ အမှုကိစ္စ
ရပ်များအတွက် မေးမြန်း ရာတွင် ခြေခြေမြစ်မြစ် မရှင်းပြ ခြင်းနှင့်ပြေ လည်စွာမဆက်ဆံခြင်းတို့ကအဓိကအားနည်းချက် တစ်ခုဖြစ်ကြောင်း   မြန်မာနိုင်ငံ ရှေ့နေကွန်ရက်အဖွဲ့ဝင်ဥပဒေ ပညာရှင်တစ်ဦးမှ သုံးသပ်သည်။““ပြည်သူနဲ့ အမြဲဆက်ဆံနေ ရတာက ရဲစခန်းတွေပဲ။ အဲဒီ ရဲစခန်းတွေမှာက အမှုသည်တွေ၊ ပြည်သူတွေ၊ သတင်းမီဒီယာတွေ က အမှုကိစ္စအတွက်တို့၊ ဥပဒေ ကိစ္စတို့အတွက် သွားမေးတဲ့အခါ လို့ စုံစမ်းတို့ အခါတို့ မှာ အချို့ ရဲတပ်ဖွဲ့ဝင်တွေက ခြေခြေမြစ်မြစ် ရှင်းပြတာ လုံးဝမရှိဘူး။ နောက် ရဲတပ်ဖွဲ့ဝင်တချို့အနေနဲ့ ကိုယ်ကျင့်ပျက်မှုတွေလည်းပါတယ်။ ဒါတွေဟာ အဓိကအရေးကြီးတဲ့ အားနည်းချက်တွေပဲ။ လူထုနဲ့ အမြဲလိုလို ဆက်ဆံနေရတဲ့ ရဲတပ် ဖွဲ့ဝင်တွေဟာ အမှုသည် မိဘ ပြည်သူတွေနဲ့ ပြည်သူတွေလို သတင်းပြန်တင်ပြမယ့် မီဒီယာ တွေအပေါ် အမှုတွေအတွက် ခြေခြေမြစ်မြစ် အသေးစိတ် မရှင်း ပြ ရင်တောင်မှ လတ်တလော အနေနဲ့ ကျွန်တော်တို့ ဘယ်လို ဆောင်ရွက် ထားပါတယ် ဆိုတာလေး ပြော လိုက်ရင်လည်း ဘာမှ ဖြစ်မသွားပါဘူး။ ဒီလိုဆိုတော့ လာမေးတဲ့သူတွေ စိတ်ချမ်းသာ သွားမှာပေါ့။ တချို့ ရဲတပ်ဖွဲ့ဝင် တွေက ပြည်သူကို ချေချေငံငံ ပြန်ဆက်ဆံတာမျိုး လုံးဝမရှိဘူး”” ဟု အဆိုပါ ဥပဒေပညာရှင်မှ ရဲစခန်းများ၏ အဓိကအားနည်း ချက်များအပေါ် သုံးသပ်ပြော ကြားခဲ့သည်။
ရဲစခန်းများအနေဖြင့် နေ့စဉ် လူထုနှင့် ဆက်ဆံနေရလျက်ရှိပြီး ယင်းသို့ လူထုနှင့်ဆက်ဆံရာ တွင် ပြေလည် စွာဆက်ဆံမှု မပြုခြင်း၊ အချို့သော ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် မိမိတို့ထံလာသော အမှုသည် ပြည်သူများ ထံမှ အကြောင်းပြ ချက်အမျိုးမျိုးဖြင့် ငွေညှစ်ခြင်း များ ပြုလုပ်နေလျက်ရှိကာ ယင်းသို့ပြုလုပ်နေခြင်းများက တာဝန် ရှိသူများမှ ထိရောက်သောပြုပြင် ပြောင်းလဲမှုများနှင့် အရေးယူ ဆောင်ရွက်မှုများမပြုပါက ရေ ရှည်တွင်မူ ရဲတပ်ဖွဲ့စခန်းများ အပေါ်လူထု၏ယုံကြည်မှု ကျဆင်း သွားနိုင်ကြောင်း သိရှိရသည်။

ခန့်ခန့်(ဒဿနိက)
The Hot News

No comments:

Post a Comment

My Blog List