Monday, January 07, 2013

နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်

Photo: နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်
Saturday, 05 January 2013 

မတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ်များဆုံးရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအား ပုံတူပွား နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ဆေးပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံပညာရှင်ကပြော ကြားလိုက်သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများကိုပုံတူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ် သုတေသီများက ကမ္ဘာ့ပထမဆုံး ဒေါ်လီ သိုးမလေးကို ပုံတူမျိုးပွားနိုင်ခဲ့ သည်။ နိုဘယ်ဆုရှင် ဆာဂျွန်ဂါဒင်ကရာစုနှစ် ဝက်အတွင်းလူသားပုံတူ မျိုးပွားနိုင်တော့ မည်ဖြစ်ကြောင်းအခိုင်အမာဆိုထားသည်။

လူတစ်ယောက်လုံးကိုအတိအကျ ပုံတူမျိုးပွားခြင်းသည်ကျင့်ဝတ်ပိုင်းဆိုင် ရာ အငြင်းပွားမှုပြဿနာများ ရှိလာ မည်ဧကန်ဖြစ်သော်လည်းအဆိုပါနည်း ပညာသည်ဆေးပညာအရလူသားများ အားကောင်းစွာအကျိုးပြုလာနိုင်သည့် အခါအငြင်းပွားမှုများ လျော့ပါးသွား မည်ဖြစ်ကြောင်းလည်း ဆာဂျွန်ဂါဒင်က ဆိုသည်။

ခန္ဓာကိုယ်ပြင်ပ သန္ဓေသားစပ်ခြင်းသည် စတင်ပေါ်ပေါက်စဉ်က သံသယဖြစ်ဖွယ်နည်းပညာတစ်ခုဖြစ် သော်လည်း ၁၉၇၈ ခုနှစ်တွင်ကမ္ဘာ့ ပထမဆုံးဖန်ပြွန်သန္ဓေသားဖြစ်လာသည့် လူဝီဘရောင်း ကို အောင်အောင်မြင်မြင် မွေးဖွားပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံ လာခဲ့သည့် နည်းပညာတစ်ခုဖြစ်လာခဲ့သည်။

ယနေ့ပုံတူမျိုးပွားခဲ့သမျှတိရစ္ဆာန် သန္ဓေသားများမှာ ပုံစံ ပျက်ယွင်းနေဆဲ
ဖြစ်သောကြောင့်ပုံတူမျိုးပွား နည်းပညာများကို တိရစ္ဆာန်များတွင် စင်းလုံး ချောအပြစ်ကင်းအောင်လုပ်ဆောင်နိုင် မှသာလူသားတို့ အတွက်လက်တွေ့ စမ်းသပ်နိုင်မည် ဖြစ်သည်။

BBC ရေဒီယိုအစီအစဉ်တွင် ဆာဂျွန်ဂါဒင်က ဖားများကိုအောင် မြင်စွာ ပုံတူမျိုးပွားအပြီးမှာပင် နှစ်ငါး ဆယ်အတွင်း နို့တိုက်သတ္တဝါများ ပုံတူမျိုးပွားနိုင်တော့မည်ကို ကြိုတင် သိမြင်ခဲ့ကြောင်း၊ လူသားများပုံတူမျိုး ပွားနိုင်ရန်လည်း မကွာဝေးတော့ ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

လူသားတစ်ဦးအား ပုံတူမျိုးပွား ခြင်းသည် ထပ်တူကျသည့် အမြွှာလူ သားတစ်ဦးဖန်တီးခြင်း ဖြစ်ရာသဘာဝ တရားကဖန်တီးထားသည်ကို ရိုးရှင်းစွာမိတ္တူပွားသည့် ဖြစ်စဉ်သာဖြစ်ကြောင်း ၄င်းကထပ်လောင်းပြော ကြားခဲ့သည်။ ကန်းဘရစ်ခ်ျတက္ကသိုလ် ကထိကတစ်ဦးလည်းဖြစ်သူ ဆာဂျွန် ဂါဒင်သည် သူ၏စာသင်ခန်းများ၌ ရင်သွေးဆုံးရှုံးထားသူ၊ ရင်သွေးမထွန်း ကားနိုင်တော့သူ မိဘများအနေနှင့် မိခင်ထံမှ သားဥအိမ်၊ ပထမရင်သွေး ထံမှ အရေပြားဆဲလ်တို့ကိုစုဆောင်း၍ နောက်ထပ်ရင်သွေးတစ်ဦး ပုံတူပွား သင့်မသင့် မေးမြန်းလေ့ရှိသည်။

ထို အယူအဆကိုလက်ခံသူ ကျောင်းသား ၆၀ ရာနှုန်းခန့်ရှိပြီး ကျန်လက်မခံ သူများမှာပုံတူမျိုးပွားခံရသည့်ကလေး ငယ်သည် အဖြစ်မှန်ကိုသိရပါက မိမိကိုယ်ကိုအစားထိုးခံသတ္တဝါတစ်ဦး အဖြစ် သိမ်ငယ်စိတ်ဝင်မည့်
အရေးကို ကန့်ကွက်ကြခြင်းဖြစ်သည်။

သီဟ
Source: ANI
Health Updates Journalမတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ် များဆုံး ရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအားပုံတူပွားနိုင်မည်ဖြစ်ကြာင်း ၂၀၁၂ဆေး ပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံပညာရှင်ကပြော ကြားလိုက်သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများ ကိုပုံ တူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ် သုတေသီများက ကမ္ဘာ့ပထမဆုံး ဒေါ်လီ သိုးမလေးကို ပုံတူမျိုးပွားနိုင်ခဲ့ သည်။ နိုဘယ်ဆုရှင် ဆာဂျွန်ဂါဒင်ကရာစုနှစ် ဝက်အတွင်းလူသားပုံတူ မျိုးပွားနိုင်တော့ မည်ဖြစ်ကြောင်း အခိုင် အမာဆိုထားသည်။လူတစ်ယောက်လုံးကိုအတိအကျ ပုံတူမျိုးပွားခြင်းသည်ကျင့်ဝတ်ပိုင်းဆိုင် ရာ အငြင်းပွားမှုပြဿနာများ ရှိလာ မည်ဧကန်ဖြစ်သော်လည်းအဆိုပါနည်းပညာသည်ဆေးပညာအရလူသားများအားကောင်းစွာအကျိုးပြုလာနိုင်သည့် အခါအငြင်းပွားမှုများ လျော့ပါးသွား မည်ဖြစ်ကြောင်းလည်း ဆာဂျွန်ဂါဒင်က ဆိုသည်။

ခန္ဓာကိုယ်ပြင်ပသန္ဓေသားစပ်ခြင်းသည်စတင်ပေါ်ပေါက်စဉ်က သံသယဖြစ်ဖွယ်နည်းပညာ တစ်ခုဖြစ် သော်လည်း ၁၉၇၈ ခုနှစ်တွင်ကမ္ဘာ့ ပထမဆုံးဖန်ပြွန်သန္ဓေသားဖြစ်လာသည့် လူဝီဘရောင်း ကို အောင်အောင်မြင်မြင် မွေးဖွား ပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံ လာခဲ့သည့် နည်းပညာတစ်ခုဖြစ်လာခဲ့သည်။

ယနေ့ပုံတူမျိုးပွားခဲ့သမျှတိရစ္ဆာန် သန္ဓေသားများမှာ ပုံစံ ပျက်ယွင်းနေဆဲဖြစ်သောကြောင့်ပုံတူမျိုးပွား နည်းပညာ များကို တိရစ္ဆာန်များတွင် စင်းလုံး ချောအပြစ်ကင်းအောင်လုပ်ဆောင်နိုင် မှသာလူသားတို့ အတွက်လက်တွေ့ စမ်းသပ်နိုင်မည် ဖြစ်သည်။ BBC ရေဒီယိုအစီအစဉ်တွင် ဆာဂျွန်ဂါဒင်က ဖားများကိုအောင် မြင်စွာ ပုံတူမျိုးပွား အပြီးမှာပင် နှစ်ငါး ဆယ်အတွင်း နို့တိုက်သတ္တဝါများ ပုံတူမျိုးပွားနိုင်တော့မည်ကို ကြိုတင် သိမြင်ခဲ့ကြောင်း၊ လူသားများပုံတူမျိုး ပွားနိုင်ရန်လည်း မကွာဝေးတော့ ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

လူသားတစ်ဦးအား ပုံတူမျိုးပွား ခြင်းသည် ထပ်တူကျသည့် အမြွှာလူ သားတစ်ဦးဖန်တီးခြင်း ဖြစ်ရာသဘာဝ တရားကဖန်တီးထားသည်ကို ရိုးရှင်းစွာမိတ္တူပွားသည့် ဖြစ်စဉ်သာဖြစ်ကြောင်း ၄င်းကထပ်လောင်းပြော ကြားခဲ့ သည်။ ကန်းဘရစ်ခ်ျတက္ကသိုလ် ကထိကတစ်ဦးလည်းဖြစ်သူ ဆာဂျွန် ဂါဒင်သည် သူ၏စာသင်ခန်းများ၌ ရင်သွေးဆုံးရှုံးထားသူ၊ ရင်သွေးမထွန်း ကားနိုင်တော့သူ မိဘများအနေနှင့် မိခင်ထံမှ သားဥအိမ်၊ ပထမရင်သွေး ထံမှ အရေပြားဆဲလ်တို့ကိုစုဆောင်း၍ နောက်ထပ်ရင်သွေးတစ်ဦး ပုံတူပွား သင့်မသင့် မေးမြန်းလေ့ရှိသည်။

ထို အယူအဆကိုလက်ခံသူ ကျောင်းသား ၆၀ ရာနှုန်းခန့်ရှိပြီး ကျန်လက်မခံ သူများမှာပုံတူမျိုး ပွားခံရသည့် ကလေး ငယ်သည် အဖြစ်မှန်ကိုသိရပါက မိမိကိုယ်ကိုအစားထိုးခံသတ္တဝါတစ်ဦး အဖြစ်သိမ်ငယ်စိတ်ဝင် မည့်အရေးကို ကန့်ကွက်ကြခြင်းဖြစ်သည်။

သီဟ
Source: ANI
Health Updates Journal

No comments:

Post a Comment

My Blog List