
ထို့ပြင် အမေရိကန် ဒေါ်လာ ၈၂ဝဝဝ တန်ဖိုးရှိ စိန်၊ နီလာ၊ မြနှင့် အခြား အဖိုးတန် ကျောက်မျက် ရတနာများ ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင် များသည် သတင်း ပေးချက်အရေ ကျာက်မျက် ရတနာ တရားမဝင် ဖြန့်ဖြူးသည့် လမ်းကြောင်း များကို လိုက်လံရှာဖွေ ဖမ်းဆီးလျက် ရှိရာ မှောင်ခို ဈေးကွက်များ၊ အပေါင်ဆိုင် လုပ်ငန်းရှင် များနှင့် ကျောက် မျက် ရတနာ အရောင်း ဆိုင်များလည်း ပါဝင်ကြောင်း သိရသည်။
ထို့နောက် အသက် ၂၇ နှစ် နှင့် ၃၇ နှစ်အရွယ် ဒေသခံ နှစ်ဦးအားကျောက်မျက်ရတနာ မှောင်ခို ရောင်းဝယ်မှုဖြင့် စွဲဆိုထားပြီး ပြစ်မှု ထင်ရှားပါက ၄င်းတို့ နှစ်ဦးသည် ထောင်ဒဏ် ၁၂ နှစ် ကျခံရ နိုင်ဖွယ် ရှိကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment