ကရင်ပြည်နယ်မှာ
အမှန်တကယ် ငြိမ်းချမ်းရေးရတော့မည်လား Sunday, January 06, 2013 သမ္မတ
ဦးသိန်းစိန် ဟာ နေပြည်တော်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်သစ်
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စား လှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။
ဒါဟာ KNU အဖွဲ့အတွင်း မကြာသေးမီကမှ
အသစ်ရွေးချယ် တင်မြှောက် လိုက်တဲ့ ခေါင်းဆောင် ပိုင်း အသစ်ရွေးချယ်မှုအပြီး
ငြိမ်းချမ်းရေး ခရီး ဖြောင့်ဖြူးစေဖို့ ဦးသိန်းစိန် က နေပြည်တော်ကို
ခေါ်ယူတွေ့ဆုံခဲ့ တာလည်းဖြစ်ပါတယ်။ တွေ့ဆုံမှုမှာတော့ KNU
ခေါင်းဆောင် ကပေးတဲ့ နှစ်သစ်ကူးလက်ဆောင် ကရင်အမျိုးသားဝတ်စုံကို သမ္မတ
ဦးသိန်းစိန်က လက်ခံ ၀တ်ဆင်ထားပြီး လာမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက်
ဆွေးနွေးကြသလို သယံဇာတ ကိစ္စလည်း ထည့်သွင်းဆွေးနွေးကြပါတယ်။
"သယံဇာတခွဲဝေမှုနှင့်ပတ်သက်၍ တိုင်းရင်းသားအကျိုးစီးပွားကို မထိခိုက်စေရန်၊
မိမိနိုင်ငံ၏ ဂုဏ် သိက္ခာ ကို မထိခိုက်စေရန်၊ မိမိနိုင်ငံ၏
အချုပ်အခြာအာဏာကို မထိခိုက်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင်မထိ ခိုက်စေရန်
သတိထားဆောင်ရွက်ရမည်ဖြစ် ပါကြောင်း" လို့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ
လည်း ဖော်ပြထားပါတယ်။ ဒီအပြင် သမ္မတရုံးစာမျက်နှာမှာ "ယခုကဲ့သို့
တွေ့ဆုံမှုများကို အချိန်မရွေး အကြိမ်ပေါင်းများစွာ တွေ့ဆုံနိုင် မည် ဟု
မျှော်လင့် ပါကြောင်း၊ တွေ့ခွင့်ရမည်ဟုလည်း မျှော်လင့်
ဆုတောင်းပါကြောင်းဖြင့် ပြောကြား သည်"လို့ လည်း ဖော်ပြ ထားပုံထောက်ရင်
ငြိမ်းချမ်းရေးတွေ့ဆုံမှုဟာ အတော် အကြိမ်ရေ များများ လို အပ်နေတယ် ဆိုတာ
ပေါ်လွင်ပါတယ်။ မြန်မာ့တပ်မတော်က အောက်ခြေ တပ်သားတွေနဲ့
အခြားအဆင့်ရှိကြတဲ့ တပ်မတော် မိသားစုဝင်တွေနဲ့ ကရင်ပြည်နယ်တွင်းက
ဒေသခံတွေကတော့ ငြိမ်းချမ်းရေးကို အမှန်လိုလား ကြမှာ သေချာပါတယ်။ ပြည်
တွင်းစစ်ဒဏ်ကြောင့် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကို မောင်နှမတွေရဲ့
အသက်တွေ၊ သွေး တွေ၊ ချွေးတွေ၊ ဘ၀တွေ ပေးဆပ်နေ ကြရရင်း
ဒေသဖွံ့ဖြိုးမှုတွေ လည်း နောက်ကျကျန်ရစ်နေတာ သက် ဆိုင်ရာ
ခေါင်းဆောင်ပိုင်းတွေ အားလုံး သိနေကြမှာပါဘဲ။ သမ္မတ ဦးသိန်းစိန်နဲ့ KNU
ခေါင်းဆောင်တွေ တွေ့ဆုံမှုအပြင် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဒီလို
တပ်မတော်ဘက်က အကြီး ဆုံး တာဝန်ရှိသူနဲ့ပါတွေ့ဆုံမှု ဖြစ်လို့
ငြိမ်းချမ်းရေးအတွက် လမ်းစများ ပေါ်လာပြီလားလို့ မျှော်လင့်နိုင် တဲ့
မြင်ကွင်းဖြစ်ပါတယ်။ အခုလို သမ္မတအပြင် စစ်ဘက် ခေါင်းဆောင်ပိုင်းတွေနဲ့ပါ
KNU ခေါင်းဆောင် ပိုင်းတွေ ရဲ့ တွေ့ဆုံမှု ငြိမ်း ချမ်းရေး
ခြေလှမ်းတွေကိုလည်း သူတို့တွေက အမှန်တကယ် အောင်မြင်ပါစေကြောင်း ဆု
တောင်းနေကြ မှာပါ။ မြန်မာနိုင်ငံသား အားလုံး နီးပါးဟာ နှစ်ပေါင်း ၆၀
လောက်ဖြစ်လာတဲ့ ပြည်တွင်းစစ်ရဲ့ ခါးသည်းမှုတွေကို အတိတ်မှာ
ချန်ထားရစ်ခဲ့နေချင်ကြတာ သိသာပါတယ်။ ဒါကြောင့်ဘဲ ငြိမ်းချမ်းရေးအတွက်
အိပ်မက်တွေ ကို အသက်သွင်းဖို့ ကြိုးစားရင်း ဒီလို သတင်းကောင်းတွေနဲ့
အသက်ဆက်လက် ရှင်သန်နေ ကြတာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ စီးပွားရေး
လုပ်ငန်းတွေလို ပွဲစားတွေ၊ ရောင်းကုန်တွေ၊ ၀ယ်လိုအားတွေနဲ့ မသက်ဆိုင်ဘဲ
တကယ့် ငြိမ်းချမ်းရေး စစ်စစ်တွေဟာ သက်ဆိုင်ရာ နိုင်ငံသားတို့ရဲ့ ဆန္ဒမှန်ကို
နား လည် လေးစားတဲ့ ခေါင်းဆောင်တွေရဲ့ ရဲရင့်တဲ့ လုပ်ဆောင်မှုများသာ
ဖြစ်ပါတယ်။
Monday, January 07, 2013
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment