Wednesday, January 09, 2013

"အဟံ"အဖွဲ့ မှ ရှင်သာမဏေငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ နယ်လှည့်ဆောင်ရွက်

Photo: "အဟံ"အဖွဲ့ မှ ရှင်သာမဏေငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
များ နယ်လှည့်ဆောင်ရွက်
Tuesday, January 08, 2013

ယမန်နေ့ က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့ နယ်အတွင်းရှိ စလေသိင်္ဂီကျောင်းတိုက်(ငါးဝိုင်း) ရှိ ရှင်သာမဏေများအား “အဟံ” ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ “အဟံ” အဖွဲ့သည် ရှင်သာမဏေများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်
များကို ဆောင်ရွက်လုပ်ကိုင်ပေး ခဲ့သည်မှာ ယခုအခါ အကြိမ်(၉၀)ရှိပြီ
ဖြစ်ကြောင်းသိရပြီး “အဟံ” အဖွဲ့ တွင်အဖွဲ့ ဝင် ဦးရေ(၄၅၀) ခန့် ရှိကြောင်းနှင့်
၂၀၀၈ ခုနှစ်မှစတင်ကာ ဝါသနာတူ လူငယ်များက မိမိတို့ ၏ချွေးနဲစာများ
ထဲမှ တတ်နိုင်သမျှထည့်ဝင်ကာ စတင်လှူဒါန်းခဲ့သည်ဟု အဖွဲ့ ၏ဥက္ကဌ ဦးမင်းလွင်က မြန်မာ့ခေတ်သို့ ပြောကြားခဲ့သည်။

ဆက်လက်၍ “ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ရှင်သာမဏေလေးတွေဟာ
အရေး ကြီးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနေ့ အောင်မြင်ကျော်ကြားနေ
တဲ့ ဆရာတော်ကြီးတွေကိုယ်တိုင် ရှင်သာမဏေဘ၀ကို ဖြတ်သန်းလာ
ခဲ့ကြရပါတယ်။ ဒါကြောင့်ရှင်သာမဏေတွေဟာ ဗုဒ္ဓဘာသာထွန်းကား
ပြန့်ပွားရေးအတွက် အရမ်းကိုအရေးကြီးပါတယ်။အရေးကြီးတဲ့အတွက်လဲ ပရိယတ္တိစာပေသင်ယူရာမှာ အနာရောဂါအမျိုးမျိုးကြောင့် အနှောက်အယှက်
မဖြစ်စေဘို့ ၊ရှင်သာမဏေငယ်များ ကျန်းမာချမ်းသာစွာနဲ့  ပရိယတ္တိစာပေ
တွေကို သင်ယူလေ့လာနိုင်ရန်အတွက် ရည်ရွယ်ပြီးတော့ ဒီအဖွဲ့ လေးကို
ဖွဲ့စည်းဖြစ်ခဲ့တာပါ ဟု” ထပ်မံ ရှင်းလင်းသည်။

“ကျွန်မတို့ မြန်မာနိုင်ငံဟာ ထေ၇၀ါဒဗုဒ္ဓသာသနာ ထွန်းကားတဲ့နိုင်ငံ
ဖြစ်ပါတယ်။ အဲဒီလိုဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမှာ အလှူအတန်းမျိုးစုံ
ကိုပြုလုပ်လျှက်ရှိပါတယ်။ဒါပေမဲ့ များသောအားဖြင့်တော့ သာသနာ ထွန်းကားရေးအခြေခံဖြစ်တဲ့ ရှင်သာမဏေလေးတွေရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးဖို့ ကိုတော့ မေ့လျှော့နေ လေ့ရှိတာကို သတိထားမိပါတယ်။
ဒါကြောင့်လဲ ကျွန်မအနေနဲ့ အခုလိုရှင်သာမဏေလေးတွေရဲ့ ကျန်းမာရေး
ဆိုင်ရာ ဝေယျာဝစ္စတွေကို ကိုယ်တတ်နိုင်သလောက် လုပ်ပေးခြင်းဖြင့် ကုသိုလ်ယူနေတာပါ” ဟု အဆိုပါ Association for health assistance to novices (AHAN) အဖွဲ့ တွင် လိုက်ပါကူညီနေသူ တစ်ဦးက ပြောကြားသည်။

ယခုအခါ "အဟံ"အဖွဲ့သည် ရှင်သာမဏေငယ်များ၏ ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများအပြင် အခမဲ့ပညာဒါန သင်တန်းများဖွင့်လှစ်သင်
ကြားပို့ချပေး ခြင်း၊ဆင်းရဲနွမ်းပါးသူများအား အပါတ်စဉ် ထမင်းကျွေးခြင်း
များကို ပါပြုလုပ်လျက် ကုသိုလ်ယူနေကြသည် ဟု သိရသည်။

မြင့်ကျော်
The Myanma Ageယမန်နေက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့ နယ်အတွင်းရှိ စလေသိင်္ဂီကျောင်းတိုက်(ငါးဝိုင်း) ရှိ ရှင်သာမဏေများအား “အဟံ” ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ “အဟံ” အဖွဲ့သည် ရှင်သာမဏေများ၏ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လုပ်ကိုင်ပေး ခဲ့သည်မှာ ယခုအခါ အကြိမ် (၉၀)ရှိပြီဖြစ်ကြောင်းသိရပြီး “အဟံ” အဖွဲ့ တွင်အဖွဲ့ ဝင် ဦးရေ(၄၅၀) ခန့် ရှိကြောင်းနှင့်၂၀၀၈ ခုနှစ်မှစတင်ကာ ဝါသနာတူ လူငယ်များက မိမိတို့ ၏ချွေးနဲစာများထဲမှ တတ်နိုင်သမျှထည့်ဝင်ကာ စတင်လှူဒါန်းခဲ့သည်ဟု အဖွဲ့ ၏ဥက္ကဌ ဦးမင်းလွင်က မြန်မာ့ခေတ်သို့ ပြောကြားခဲ့သည်။ ဆက်လက်၍ “ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ရှင်သာ မဏေလေးတွေဟာအရေး ကြီးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနေ့ အောင်မြင်ကျော်ကြားနေတဲ့ ဆရာတော်ကြီးတွေကိုယ်တိုင် ရှင်သာမဏေဘ၀ကို ဖြတ်သန်းလာခဲ့ကြရပါတယ်။ ဒါကြောင့် ရှင်သာ မဏေတွေဟာ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် အရမ်းကိုအရေးကြီးပါတယ်။ အရေးကြီးတဲ့ အတွက်လဲ ပရိယတ္တိစာပေသင်ယူရာမှာ အနာရောဂါအမျိုးမျိုးကြောင့် အနှောက်အယှက် မဖြစ်စေ ဘို့ ၊ရှင်သာမဏေငယ်များ ကျန်းမာချမ်းသာစွာနဲ့  ပရိယတ္တိစာပေတွေကို သင်ယူလေ့လာနိုင်ရန်အတွက် ရည်ရွယ်ပြီးတော့ ဒီအဖွဲ့ လေးကိုဖွဲ့စည်းဖြစ်ခဲ့တာပါ ဟု” ထပ်မံ ရှင်းလင်းသည်။

“ကျွန်မတို့ မြန်မာနိုင်ငံဟာ ထေ၇၀ါဒဗုဒ္ဓသာသနာ ထွန်းကားတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီလိုဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံမှာ အလှူအတန်းမျိုးစုံကိုပြုလုပ်လျှက်ရှိပါတယ်။ဒါပေမဲ့ များသောအားဖြင့်တော့ သာသနာ ထွန်းကားရေးအခြေခံဖြစ်တဲ့ ရှင်သာမဏေလေးတွေရဲ့ ဝေယျာဝစ္စတွေလုပ်ပေးဖို့ ကိုတော့ မေ့လျှော့နေ လေ့ရှိတာကို သတိထားမိပါတယ်။
ဒါကြောင့်လဲ ကျွန်မအနေနဲ့ အခုလိုရှင်သာမဏေလေးတွေရဲ့ ကျန်းမာရေးဆိုင်ရာ ဝေယျာဝစ္စတွေကို ကိုယ်တတ်နိုင်သလောက် လုပ်ပေးခြင်းဖြင့် ကုသိုလ်ယူနေတာပါ” ဟု အဆိုပါ Association for health assistance to novices (AHAN) အဖွဲ့ တွင် လိုက်ပါကူညီနေသူ တစ်ဦးက ပြောကြားသည်။
ယခုအခါ "အဟံ"အဖွဲ့သည် ရှင်သာမဏေငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် အခမဲ့ပညာဒါန သင်တန်းများဖွင့်လှစ်သင်ကြားပို့ချပေး ခြင်း၊ဆင်းရဲနွမ်းပါးသူများအား အပါတ်စဉ် ထမင်းကျွေးခြင်းများကို ပါပြုလုပ်လျက် ကုသိုလ်ယူနေကြသည် ဟု သိရသည်။

မြင့်ကျော်
The Myanma Age

No comments:

Post a Comment

My Blog List