Thursday, January 10, 2013

"ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင် သောကြောင့် စစ်ပွဲများ ဖြစ်နေရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သုံးသပ်"

Photo: "ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင် သောကြောင့် စစ်ပွဲများ ဖြစ်နေရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သုံးသပ်"
Wednesday, January 09, 2013

ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ နှင့် ပတ်သတ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု များမအောင်မြင်
သောကြောင့် စစ်ပွဲများဆက်လက် ဖြစ်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသွားသည်။
"ဒီလိုမျိုးဖြစ်တယ်ဆိုတာ သဘောတူညီမှု မယူနိုင်လို့ တစ်ဦးနဲ့ တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်လို့ စစ်တိုက်ရတာပေါ့နော်၊ အဲ့တော့ မအောင်မြင်ခြင်းရဲ့
အခြေခံအကြောင်းရာတွေကို စုံစမ်းရမယ် အကြောင်းတရားတွေကို သိမှ ဒီဟာကို ဖြေရှင်းလို့ရမယ် ။ဘာဖြစ်လို့မရသလဲ ဘာဖြစ်လို့ စစ်တိုက်တဲ့အထိဖြစ်ရ
သလဲ၊ အဲ့ဒီအကြောင်းတွေကို သေသေချာချာ စီစစ်ပြီး ဒါပြန်ပြုပြင်နိုင်မှာပေါ့ နောက် ရိုးရိုးလေး တွေးမယ်ဆိုရင်တော့ စကားပြောလို့မရလို့ စစ်တိုက်တယ်ဆို
တဲ့သဘောရှိတာပေါ့၊"
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ၄င်းအနေဖြင့် လွှတ်တော် တွင် လုပ်သင့်လုပ်ထိုက်သော အခြေအနေများကို လေ့လာ ဆုံးဖြတ်သွားရမည် ဖြစ်ကြောင်းဆက်လက်ပြောကြားသည်။
" ဒါမှမဟုတ် စကားပြောပြီးမဖြေရှင်းချင်လို့ တိုက်တယ်ဆိုတဲ့ သဘောရှိတာပေါ့ အဲဒီတော့ ဒါဘယ်ဟာလဲ ဆိုတာကို သေချာ လေ့လာဖို့
လိုတာပေါ့၊အန်တီကတော့ ဖိအားပေးတယ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်ဘူး ဖိအားပေးတာ မပေးတာ ဆိုတာ အဓိက မဟုတ်ဘူးလုပ်သင့်လုပ်ထိုက်တာကို
လုပ်တာ အဓိကပဲ လွှတ်တော်အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကိုဆုံးဖြတ်ပြီးမှ လမ်းစဉ်ချရမှာပေါ့"ဟုဆိုသည်။
ယနေ့လွှတ်တော် အစည်းအဝေးတက်ရောက်လာသော တိုင်းရင်းသားကိုယ်စားလှယ်များမှလည်း ကချင် ပြည်နယ် အရေး နှင့် ပတ်သတ်၍.အရေးကြီးအဆိုတင်
သွင်းလာပါက ထောက်ခံ ဆွေးနွေးသွားရမည် ဖြစ်ကြောင်းပြောကြားသွားသည်။ah/sn

Popular Myanmarကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ နှင့် ပတ်သတ် ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု များမအောင်မြင်သောကြောင့် စစ်ပွဲများ ဆက်လက် ဖြစ်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြော ကြားသွားသည်။"ဒီလိုမျိုးဖြစ်တယ်ဆိုတာ သဘောတူညီမှု မယူနိုင်လို့ တစ်ဦးနဲ့ တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်လို့ စစ်တိုက်ရ တာပေါ့နော်၊ အဲ့တော့ မအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းရာတွေကို စုံစမ်းရမယ် အကြောင်းတရားတွေကို သိမှ ဒီဟာကို ဖြေရှင်းလို့ရမယ် ။ဘာဖြစ်လို့မရသလဲ ဘာဖြစ်လို့ စစ်တိုက်တဲ့အထိဖြစ်ရသလဲ၊ အဲ့ဒီအကြောင်းတွေကို သေသေချာချာ စီစစ်ပြီး ဒါပြန်ပြုပြင်နိုင်မှာပေါ့ နောက် ရိုးရိုးလေး တွေးမယ်ဆို ရင်တော့ စကားပြောလို့မရလို့ စစ်တိုက်တယ်ဆိုတဲ့သဘောရှိတာပေါ့၊"ယင်းကိစ္စနှင့် စပ်လျဉ်း၍ ၄င်း အနေဖြင့် လွှတ်တော်တွင် လုပ်သင့်လုပ်ထိုက်သော အခြေအနေများကို လေ့လာဆုံးဖြတ်သွား ရမည် ဖြစ်ကြောင်းဆက်လက်ပြောကြားသည်။" ဒါမှမဟုတ် စကားပြောပြီးမဖြေရှင်းချင်လို့ တိုက်တယ်ဆို တဲ့ သဘောရှိတာပေါ့ အဲဒီတော့ ဒါဘယ်ဟာလဲ ဆိုတာကို သေချာ လေ့လာဖို့လိုတာပေါ့၊အန်တီကတော့ ဖိအားပေးတယ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်ဘူး ဖိအားပေးတာ မပေးတာ ဆိုတာ အဓိက မဟုတ်ဘူး လုပ်သင့်လုပ်ထိုက်တာကိုလုပ်တာ အဓိကပဲ လွှတ်တော်အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကိုဆုံးဖြတ်ပြီးမှ လမ်းစဉ်ချရမှာပေါ့"ဟုဆိုသည်။ယနေ့လွှတ်တော် အစည်းအဝေးတက်ရောက်လာသော တိုင်းရင်းသား ကိုယ်စားလှယ်များမှလည်း ကချင် ပြည်နယ် အရေး နှင့် ပတ်သတ်၍.အရေးကြီးအဆိုတင်သွင်းလာပါ က ထောက်ခံ ဆွေးနွေးသွားရမည် ဖြစ်ကြောင်းပြောကြားသွားသည်။
Popular Myanmar

No comments:

Post a Comment

My Blog List