Saturday, January 12, 2013

သနပ်ခါးခိုးသူများ အတင့်ရဲနေ

Photo: သနပ်ခါးခိုးသူများ အတင့်ရဲနေ
Friday, 11 January 2013

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ  အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူ များအတင့်ရဲလျက်ရှိရာ (၆.၁.၁၃)  ရက်နေ့က ကန်ယာကောင်းကျေး ရွာနေဦးအေးမြင့်၏ အကျယ် (၄) ဧကခန့်ကျယ်ဝန်းသောသနပ်ခါး ခင်းမှ ခိုးယူခံရကြောင်း သိရသည်။ 

“သနပ်ခါးပင် (၃၈) ပင်ပါ။  ကြိတ်နှုန်းထွက်ရင် (၁) ပင်ငါးထောင်နှုန်း
တန်ပေါ့။ သောင်းကျော်  တန်အပင်တွေလည်းပါတယ်။ (၂) ည
ဆက်တိုက်အဖွဲ့လိုက်ခုတ် တာပါ”ဟု ဦးအေးမြင့်ကပြောပြသည်။

ပြီးခဲ့သော ၂၀၁၂ နိုဝင်ဘာ လကတည်း ရွာနှင့် (၃) ဖာလုံခန့်  သာဝေးသော ဦးဘယူသနပ်ခါး ခင်းမှ စုပေါင်း၊ ငါးသိန်းကျော်ခန့် တန်ဖိုးရှိအပင်ကြီး (၁၁) ပင် အခိုး ခံရပြီးမကြာခဏခိုးယူခံရမှုကြောင့်  ကန်ယာကောင်းကျေးရွာမှ သနပ် ခါးအခိုးခံရသူပိုင်ရှင်ဆယ်ဦးထက် မနည်းရှိနေကြောင်း သိရသည်။

တစ်နှစ်ထက်တစ်နှစ်သနပ် ခါးသူခိုးများအတင့်ရဲလာမှုကြောင့် ရွာနှင့်
အလှမ်းဝေးသောသနပ်ခါး  ခင်းများကို စိတ်တိုင်းကျရောင်း  တန်းဝင်
များဖြစ်အောင် မထားရဲ   ကြတော့ပဲ ရောင်းချနေကြရကြောင်း 
သနပ်ခါးများ ထပ်မံစိုက်ပျိုးဖို့မ၀ံ့ မရဲဖြစ်ရပြီး ဘယ်နေ့ကိုယ့်အခင်း ထဲက အပင်အခိုးခံရမလဲဆိုတာ နေ့စဉ်နဲ့ အမျှရင်တမမနဲ့ဖြစ်နေရ ကြောင်း ရွာသူရွာသားများကပြောပြ၍ သိရသည်။

 
မောင်နွေဦး(မြိုင်)
ွှThe Hot News

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူ များအတင့် ရဲလျက်ရှိရာ (၆.၁.၁၃) ရက်နေ့က ကန်ယာကောင်းကျေး ရွာနေဦးအေးမြင့်၏ အကျယ် (၄) ဧကခန့် ကျယ်ဝန်းသောသနပ်ခါး ခင်းမှ ခိုးယူခံရကြောင်း သိရသည်။

“သနပ်ခါးပင် (၃၈) ပင်ပါ။ ကြိတ်နှုန်းထွက်ရင် (၁) ပင်ငါးထောင်နှုန်းတန်ပေါ့။ သောင်းကျော် တန်အပင်တွေ လည်းပါတယ်။ (၂) ညဆက်တိုက်အဖွဲ့လိုက်ခုတ် တာပါ”ဟု ဦးအေးမြင့်ကပြောပြသည်။ပြီးခဲ့သော ၂၀၁၂ နိုဝင်ဘာလကတည်း ရွာနှင့် (၃) ဖာလုံခန့် သာဝေးသော ဦးဘယူသနပ်ခါး ခင်းမှ စုပေါင်း၊ ငါး သိန်းကျော်ခန့် တန်ဖိုးရှိအပင်ကြီး (၁၁) ပင် အခိုး ခံရပြီးမကြာခဏခိုးယူခံရမှုကြောင့် ကန်ယာကောင်းကျေး ရွာမှ သနပ် ခါးအခိုးခံရသူပိုင်ရှင်ဆယ်ဦးထက် မနည်းရှိနေကြောင်း သိရသည်။
တစ်နှစ်ထက်တစ်နှစ်သနပ် ခါးသူခိုးများအတင့်ရဲလာမှုကြောင့် ရွာနှင့်အလှမ်းဝေးသောသနပ်ခါး ခင်းများကို စိတ်တိုင်းကျရောင်း တန်းဝင်များဖြစ်အောင် မထားရဲ ကြတော့ပဲ ရောင်းချနေကြရကြောင်း သနပ်ခါးများ ထပ်မံစိုက်ပျိုးဖို့မ၀ံ့ မရဲဖြစ်ရပြီး ဘယ်နေ့ကိုယ့်အခင်း ထဲက အပင်အခိုးခံရမလဲဆိုတာ နေ့စဉ်နဲ့ အမျှရင် တမမနဲ့ဖြစ်နေရ ကြောင်း ရွာသူရွာသားများကပြောပြ၍ သိရသည်။



ွှThe Hot News

No comments:

Post a Comment

My Blog List