Thursday, January 10, 2013

ဆင်ခြေဖုံးမြို့နယ်များတွင် အသုံးစရိတ် လိုအပ်ချက်အတွက် ဆံပင်ဖြတ် ရောင်းချမှုများပြား ဆံပင်များကို တရုတ်နိုင်ငံဘက်သို့ အများဆုံး ပြန်လည်ရောင်းချခြင်းဖြစ်

Photo: ဆင်ခြေဖုံးမြို့နယ်များတွင် အသုံးစရိတ် လိုအပ်ချက်အတွက် ဆံပင်ဖြတ်
ရောင်းချမှုများပြား ဆံပင်များကို တရုတ်နိုင်ငံဘက်သို့ အများဆုံး
ပြန်လည်ရောင်းချခြင်းဖြစ်
Wednesday, January 09, 2013

ရန်ကုန်မြို့အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များတွင် စားဝတ်နေရေး အခက်အခဲနှင့် အသုံးစရိတ် လိုအပ်ချက်ကြောင့် မိမိ၏ဆံပင်ကိုဖြတ်၍ 
ရောင်းချသူများ ပိုမိုများပြားလျက်ရှိနေကြောင်း ဆင်ခြေဖုံးမြို့နယ်များ
အတွင်းမှ စုံစမ်းသိရှိရသည်။

ဆံပင်အားဖြတ်၍ ရောင်းဝယ်သည့် ဈေးကွက်မှာ ယခင်နှစ်များကတည်းက
ရှိခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ရောင်းချသူများ ရှိနေဆဲဖြစ်ပြီး သိသာစွာ
လျော့ကျသွားမှု မရှိကြောင်း၊   လာရောက်ရောင်းချကြသည့် ဆံပင်များကို ဆံပင်အ၀ယ်ဒိုင်များမှ တစ်ဆင့် ကုန်သည်များက လာရောက်ဝယ်ယူကာ တရုတ်နိုင်ငံဘက်သို့ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆံပင်ဖြတ်ရောင်းမှုနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ်
အတွင်း နေထိုင်သူတစ်ဦးက ''ဆံပင် ဖြတ်ရောင်းတဲ့သူတွေက ဒီဘက်မှာ အများကြီးပဲရှိတယ်။ များသောအားဖြင့် ဈေးသည်၊ အထည်ချုပ်လုပ်သား
တွေနဲ့ ရပ်ကွက်ထဲက မပြေလည်ကြတဲ့သူတွေ ရောင်းတာများတယ်။ တစ်ချို့ကလည်း ဖြတ်ထားမှန်း မသိသာအောင် အလယ်အထဲက
နေပြီး ဖြတ်ရောင်းတဲ့သူတွေ တောင်ရှိတယ်'' ဟု ပြောပြခဲ့သည်။

အခြေအနေအမျိုးမျိုးကြောင့် ဆံပင်ဖြတ်ရောင်းသူများရှိသည့် နည်းတူ ဆံပင်အ၀ယ်ဒိုင်များလည်း များပြားစွာရှိနေကြောင်း ဆင်ခြေဖုံးမြို့နယ် အသီးသီးတွင် နေထိုင်သူများက ပြောပြကြသည်။

''ဆံပင်ဖြတ်ရောင်းပြီး ငွေသုံးလေးထောင် လောက်ရရင် ချေးထားတဲ့
နေ့သွင်းလေးပေးလိုက်၊ နောက်နေ့ဈေးရောင်းထွက်ဖို့ အရင်းငွေ
လေးရလိုက်နဲ့ လုပ်နေရတာပေါ့။ တစ်ခါတစ်လေ ဈေးရင်းဖို့မရှိလို့ သူများခေါ်ခိုင်းတဲ့ အောက်ခြေသိမ်း အလုပ်ကို လုပ်ရတယ်။ ဒီလိုလုပ်နေရင်းကနေ အလုပ်မရှိတဲ့ အချိန်ဆိုရင် စားဝတ်နေရေး
အတွက် လိုလာပြန်တော့ ဆံပင်ကိုပဲ ပြန်ဖြတ်ရောင်းပါတယ်''ဟု လှိုင်သာယာမြို့နယ်ရှိ ဆံပင်ဖြတ်ရောင်းလေ့ရှိသူတစ်ဦးက  ပြောပြခဲ့သည်။

ဆင်ခြေဖုံးမြို့နယ်များအတွင်း၌ ဆံပင်အ၀ယ်ဒိုင်များ များပြားစွာရှိနေပြီး တစ်ဆိုင်ချင်းတွင် လာရောက်ရောင်းချသည့် အရေအတွက်မှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျသွားပြီး လာရောက်ရောင်းချသူများမှာ အဓိက အားဖြင့် ကျန်းမာရေးပြဿနာနှင့် မိသားစုစားဝတ်နေရေး အခက်အခဲများကြောင့် ရောင်းချခြင်းဖြစ်ကြောင်း အင်းစိန်မြို့နယ်အတွင်းရှိ ဆံပင်အ၀ယ်ဒိုင်တစ်ဆိုင်မှ သိရသည်။

''တစ်နေ့ကို ဆံပင်နှစ်ခေါင်း သုံးခေါင်းလောက်တော့ အလုပ်ဖြစ်တယ်။ လာရောင်းထားတဲ့ ဆံပင်တွေကို အလှပြင်ဆိုင်ကတွေကလဲ လာဝယ်ကြတယ်။ ကုန်သည်တွေဆိုရင်တော့ ဆံပင်အ၀ယ်ဒိုင်တွေမှာ လာဝယ်ပြီး တရုတ်ဘက်ကို အသွင်းများတယ်လို့တော့ သိရတယ်'' ဟု အင်းစိန်မြို့နယ်၊ ဂုံးတံတားအောက် ရှိ ဆံပင်အ၀ယ်ဒိုင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ဆံပင်အ၀ယ်ဒိုင်များမှ ဆံပင်ဝယ်ယူရာတွင် အနည်းဆုံး ၁၃ လက်မ
ရှည်သည့် ဆံပင်ကိုသာ ၀ယ်ယူကြပြီး ၁၀ ကျပ်သားလျင် ကျပ် ၁၅၀၀၀ ရရှိပြီး လာရောက် ရောင်းချသည့် ဆံပင်အကောင်းအဆိုးပေါ် မူတည်၍
လည်း ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိသည်ဟု သိရသည်။

အဆိုပါ အ၀ယ်ဒိုင်များမှ တစ်ဆင့်ကုန်သည်ကြီးများဆီသို့ ပြန်လည်
ရောင်းချသည့်ဈေးနှုန်းကိုမူ ပြောပြခြင်းမရှိပဲ အ၀ယ်ဒိုင်များ အနေဖြင့် တစ်နေ့လျင် အနည်းဆုံး ငွေ ၅၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်အထိ အမြတ်အစွန်း ရရှိကြကြောင်း သိရသည်။

Eleven Media Groupရန်ကုန်မြို့အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များတွင် စားဝတ်နေရေး အခက်အခဲနှင့် အသုံးစရိတ် လိုအပ်ချက်ကြောင့် မိမိ၏ဆံပင်ကိုဖြတ်၍
ရောင်းချသူများ ပိုမိုများပြားလျက်ရှိနေကြောင်း ဆင်ခြေဖုံးမြို့နယ်များ
အတွင်းမှ စုံစမ်းသိရှိရသည်။
ဆံပင်အားဖြတ်၍ ရောင်းဝယ်သည့် ဈေးကွက်မှာ ယခင်နှစ်များက တည်းကရှိခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ရောင်းချသူများ ရှိနေ ဆဲဖြစ် ပြီး သိသာစွာလျော့ကျသွားမှု မရှိကြောင်း၊ လာရောက်ရောင်းချကြသည့် ဆံပင်များကို ဆံပင်အ၀ယ်ဒိုင်များမှ တစ်ဆင့် ကုန်သည်များက လာရောက်ဝယ်ယူကာ တရုတ်နိုင်ငံဘက်သို့ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ ဆံပင်ဖြတ်ရောင်းမှုနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ''ဆံပင် ဖြတ်ရောင်းတဲ့သူတွေက ဒီဘက်မှာ အများကြီးပဲရှိတယ်။ များသောအားဖြင့် ဈေးသည်၊ အထည် ချုပ်လုပ်သားတွေနဲ့ ရပ်ကွက်ထဲက မပြေလည်ကြတဲ့သူတွေ ရောင်းတာများတယ်။ တစ်ချို့ ကလည်း ဖြတ် ထားမှန်း မသိသာအောင် အလယ်အထဲကနေပြီး ဖြတ်ရောင်းတဲ့သူတွေ တောင်ရှိတယ်'' ဟု ပြောပြခဲ့သည်။
အခြေအနေအမျိုးမျိုးကြောင့် ဆံပင်ဖြတ်ရောင်းသူများရှိသည့် နည်းတူ ဆံပင်အ၀ယ်ဒိုင်များလည်း များပြားစွာရှိနေကြောင်း ဆင်ခြေဖုံးမြို့နယ် အသီးသီးတွင် နေထိုင်သူများက ပြောပြကြသည်။

''ဆံပင်ဖြတ်ရောင်းပြီး ငွေသုံးလေးထောင် လောက်ရရင် ချေးထားတဲ့နေ့သွင်းလေးပေးလိုက်၊ နောက်နေ့ဈေးရောင်းထွက်ဖို့ အရင်းငွေလေးရလိုက်နဲ့ လုပ်နေရတာပေါ့။ တစ်ခါတစ်လေ ဈေးရင်းဖို့မရှိလို့ သူများခေါ်ခိုင်း တဲ့ အောက်ခြေသိမ်း အလုပ်ကို လုပ်ရတယ်။ ဒီလိုလုပ်နေရင်းကနေ အလုပ်မရှိတဲ့ အချိန်ဆိုရင် စားဝတ်နေရေးအတွက် လိုလာပြန်တော့ ဆံပင်ကိုပဲ ပြန်ဖြတ်ရောင်းပါတယ်''ဟု လှိုင်သာယာမြို့နယ်ရှိ ဆံပင်ဖြတ်ရောင်းလေ့ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ဆင်ခြေဖုံးမြို့နယ်များအတွင်း၌ ဆံပင်အ၀ယ်ဒိုင်များ များပြားစွာရှိနေပြီး တစ်ဆိုင်ချင်းတွင် လာရောက်ရောင်းချသည့် အရေအတွက်မှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျသွားပြီး လာရောက်ရောင်းချသူများမှာ အဓိက အားဖြင့် ကျန်းမာရေးပြဿနာနှင့် မိသားစုစားဝတ်နေရေး အခက်အခဲများကြောင့် ရောင်းချခြင်းဖြစ်ကြောင်း အင်းစိန်မြို့နယ်အတွင်းရှိ ဆံပင်အ၀ယ်ဒိုင်တစ်ဆိုင်မှ သိရသည်။

''တစ်နေ့ကို ဆံပင်နှစ်ခေါင်း သုံးခေါင်းလောက်တော့ အလုပ်ဖြစ်တယ်။ လာရောင်းထားတဲ့ ဆံပင်တွေကို အလှပြင်ဆိုင်ကတွေကလဲ လာဝယ်ကြတယ်။ ကုန်သည်တွေဆိုရင်တော့ ဆံပင်အ၀ယ်ဒိုင်တွေမှာ လာဝယ်ပြီး တရုတ်ဘက်ကို အသွင်းများတယ်လို့တော့ သိရတယ်'' ဟု အင်းစိန်မြို့နယ်၊ ဂုံးတံတားအောက် ရှိ ဆံပင်အ၀ယ်ဒိုင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ဆံပင်အ၀ယ်ဒိုင်များမှ ဆံပင်ဝယ်ယူရာတွင် အနည်းဆုံး ၁၃ လက်မရှည်သည့် ဆံပင်ကိုသာ ၀ယ်ယူကြပြီး ၁၀ ကျပ်သားလျင် ကျပ် ၁၅၀၀၀ ရရှိပြီး လာရောက် ရောင်းချသည့် ဆံပင်အကောင်းအဆိုးပေါ် မူတည်၍
လည်း ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိသည်ဟု သိရသည်။ အဆိုပါ အ၀ယ်ဒိုင်များမှ တစ်ဆင့် ကုန် သည် ကြီးများဆီသို့ ပြန်လည်ရောင်းချသည့်ဈေးနှုန်းကိုမူ ပြောပြခြင်းမရှိပဲ အ၀ယ်ဒိုင်များ အနေဖြင့် တစ်နေ့လျင် အနည်းဆုံး ငွေ ၅၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်အထိ အမြတ်အစွန်း ရရှိကြကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List