Monday, January 07, 2013

မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်ဟောင်းများမှ ABSDF ဥက္ကဋ္ဌ ကိုသံခဲတို့ အဖွဲ့နှင့် ရန်ကုန်မြို့၌တွေ့ဆုံခဲ့ပြီးနောက် ၃ ရက်ကြာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

Photo: မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်ဟောင်းများမှ ABSDF ဥက္ကဋ္ဌ 
ကိုသံခဲတို့ အဖွဲ့နှင့် ရန်ကုန်မြို့၌တွေ့ဆုံခဲ့ပြီးနောက် ၃ ရက်ကြာတွင်
သတင်းစာရှင်းလင်းပွဲပြုလုပ်
Saturday, 05 January 2013 

မြန်မာနိုင်ငံသို့ခေတ္တရောက်ရှိနေသော မြောက်ပိုင်းပြန် ရဲဘော် နန်းအောင်ထွေးကြည် အပါအ၀င် ၁၉၉၁- ၁၉၉၂ မြောက်ပိုင်း ပါဂျောင် စခန်းမှ လွတ်မြောက်လာသူ ကျောင်းသားဟောင်းအချို့မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲ ၂ နာရီက
ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းသည် မြန်မာနိုင်ငံသို့ တရားဝင်ရောက်ရှိနေသည့် ABSDF လက်ရှိ ဥက္ကဋ္ဌ ကိုသံခဲအပါအ၀င် ၉ ဦးအဖွဲ့နှင့် ဇန်န၀ါရီလ ၂ ရက်က ၄နာရီကျော် ကြာတရားဝင် အလုပ်သဘောတွေ့ဆုံခဲ့ပြီး နောက်ပိုင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲဖြစ်ကြောင်းသိရသည်။

အဆိုပါ ပွဲ၌ မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများမှ
အချက် ၅ ချက်ပါ ကြေညာချက် ၁ / ၂၀၁၃ ကိုထုတ်ပြန်ခဲ့ပြီး ABSDF (မြောက်ပိုင်း) ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တရားမျှတမှုနှင့် အချက်အလက်မှန်များပေါ်ပေါက်ရေးအတွက် ABSDF နှင့် ညှိုနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြောက်ပိုင်းဖြစ်စဉ်နှင့်ပတ်သက်၍ မှားယွင်းစွာဆောင်ရွက်မိကြောင်း တရားဝင်ထုတ်ပြန်ပေးရန်နှင့် ကျဆုံးသွားသော ကျောင်းသားရဲဘော်များ
အား ABSDF ကျဆုံးရဲဘော်စာရင်း၌ မြောက်ပိုင်းဖြစ်စဉ်၌ ကျဆုံးခဲ့သော ရဲဘော်များ ခေါင်းစဉ်ဖြင့် ထည့်သွင်းမှတ်သားပေးရန် တောင်းဆိုချက်နှစ်ခုကို ဥက္ကဋ္ဌ ကိုသံခဲပါ ၉ ဦးအဖွဲ့အားတောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။

NLA
Popular Myanmar News Journal
မြန်မာနိုင်ငံသို့ခေတ္တရောက်ရှိနေသော မြောက်ပိုင်းပြန် ရဲဘော် နန်းအောင်ထွေးကြည် အပါအ၀င် ၁၉၉၁- ၁၉၉၂ မြောက်ပိုင်း ပါဂျောင် စခန်းမှ လွတ်မြောက်လာသူ ကျောင်းသားဟောင်းအချို့မှ သတင်းစာရှင်း လင်းပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲ ၂ နာရီကရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။ယင်းသည် မြန်မာနိုင်ငံသို့ တရားဝင်ရောက်ရှိနေသည့် ABSDF လက်ရှိ ဥက္ကဋ္ဌ ကိုသံခဲအပါအ၀င် ၉ ဦးအဖွဲ့နှင့် ဇန်န၀ါရီလ ၂ ရက်က ၄နာရီကျော် ကြာတရားဝင် အလုပ်သဘောတွေ့ ဆုံခဲ့ပြီး နောက်ပိုင်း ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်း ပွဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲ၌ မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများမှအချက် ၅ ချက်ပါ ကြေညာချက် ၁ / ၂၀၁၃ ကိုထုတ်ပြန်ခဲ့ပြီး ABSDF (မြောက်ပိုင်း) ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တရားမျှတမှုနှင့် အချက်အလက် မှန်များပေါ်ပေါက်ရေးအတွက် ABSDF နှင့် ညှိုနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြောက်ပိုင်းဖြစ်စဉ်နှင့်ပတ်သက်၍ မှားယွင်းစွာဆောင်ရွက်မိကြောင်း တရားဝင်ထုတ်ပြန်ပေးရန်နှင့် ကျဆုံးသွားသော ကျောင်းသားရဲဘော်များအား ABSDF ကျဆုံးရဲဘော်စာရင်း၌ မြောက်ပိုင်းဖြစ်စဉ်၌ ကျဆုံးခဲ့သော ရဲဘော်များ ခေါင်းစဉ်ဖြင့် ထည့်သွင်းမှတ်သားပေးရန် တောင်းဆိုချက်နှစ်ခုကို ဥက္ကဋ္ဌ ကိုသံခဲပါ ၉ ဦးအဖွဲ့ အားတောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။

NLA
Popular Myanmar News Journal

No comments:

Post a Comment

My Blog List