Sunday, September 16, 2012

 ဂျပန်နှင့် အငြင်းပွားနေသော ကျွန်းစုသို့ တရုတ်က သင်္ဘောခြောက်စင်း စေလွှတ်

Sunday, 16 September 2012

ဂျပန်ကမ်းခြေစောင့်တပ်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရိုက်ကူးထားသည့် တရုတ်ရေကြောင်း ထောက်လှမ်းရေးသင်္ဘောတစ်စင်း အငြင်းပွားကျွန်းစုအနီးသို့ ရောက်ရှိလာမှု မြင်ကွင်း

တရုတ်သည် ဂျပန်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုအား စက်တင်ဘာလ ၁၄ ရက်နေ့က သင်္ဘောခြောက်စင်းစေလွှတ်ခဲ့ကြောင်းသိရှိရသည်။တရုတ်၏ ပြောကြားချက်အရ ယင်းကဲ့သို့ စေလွှတ်ခဲ့ခြင်း သည် တရုတ်တို့၏ ကျွန်းစုပေါ်တွင် အာဏာသက်ရောက်မှုကို ပြသရန်ဖြစ်ကြောင်း သိရှိရသည်။
မကြာသေးမီကပင် အဆိုပါကျွန်းစုအား ပိုင်ဆိုင်သည်ဟု ဂျပန်ဘက်က လက်ခံထားသည့် ဂျပန်မိသားစုထံမှ ဂျပန်အစိုးရက ၀ယ်ယူခဲ့ပြီးဖြစ်သည်။ယင်းကဲ့သို့ စီးပွားရေးအင်အား အကြီးဆုံးနှစ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ ပြင်းထန်သော အငြင်းပွားမှုများကြောင့် တရုတ်နိုင်ငံတွင် နေထိုင်နေသော၊ အလည်အပတ်ရောက် ရှိနေသော ဂျပန်နိုင်ငံသားများကို တိုက်ခိုက်ခံရမှုများလည်း ဖြစ်ပွားခဲ့သည်။

ဂျပန်စီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာနှင့် ဂျပန်ခရီးသွားများ လာရောက်ရာ ရှန်ဟိုင်းရှိ ဂျပန်ကောင် စစ်ဝန်ရုံးတွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး လာရောက်တိုင်ကြားမှုများ ရှိလာ ခဲ့ပြီးနောက် တရုတ်သို့ ခရီးသွားသော၊ တရုတ်တွင်နေထိုင်သော ဂျပန်လူမျိုးများအတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

ယင်းကဲ့သို့သင်္ဘောများစေလွှတ်ခြင်းကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကသင်္ဘောများသည် နိုင်ငံပိုင်၏အချုပ်အခြာ အာဏာပိုင်နယ်မြေအတွင်းသွားလာကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ဂျပန်တို့ဘက်မှလည်း  တရုတ်   နိုင်ငံ ရှိ ဂျပန်လူမျိုးများ၏ လုံခြုံရေးအား အစွမ်းကုန်ကူညီပေးရန် တိုက်တွန်းခဲ့သည်။ ရှန်ဟိုင်းတွင် ညပိုင်း ည စာစားသောက်နေကြသော ဂျပန်များသည် ပုလင်းများ၊ အစားအသောက်များနှင့် ပစ်ပေါက်ခံခဲ့ရမှု များ ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်နှစ်ခုတွင်ဆိုလျှင် ''မင်းဂျပန်လား''ဟု သေသေချာချာမေးပြီးမှ တိုက်ခိုက်ခဲ့ခြင်ြး ဖစ်သည်ဟု ရှန်ဟိုင်းရှိ ဂျပန်သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် အတွင်းရေးမှူးသည် သတင်းစာရှင်းလင်းပွဲတွင် တရုတ်သင်္ဘောခြောက်စင်းလွှတ်သည့် ကိစ္စသည် မကြုံဖူးသည့်ကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးအားလည်း တရုတ်သံအမတ်အားဆင့် ခေါ်စေပြီး ဆန္ဒပြပွဲများအား ထိန်းချုပ်ပေးရန် ပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List