Wednesday, September 19, 2012

မင်းကွန်းရေယာဉ်ပေါ်၌ မြောက်ပိုင်းကိစ္စရှင်းခဲ့သူ မိုးသီးဇွန်အား မန်းသားတစ်ဦးဆန္ဒထုတ်ဖော်

မန္တလေးသို့ ရောက်ရှိနေသည့် မိုးသီးဇွန်၏ မင်းကွန်းခရီးစဉ်တွင် ရေယာဉ်ပေါ်၌ မီဒီယာသမား များနှင့်တွေ့ဆုံကာ ABSDF မြောက်ပိုင်းကိစ္စ၌သူ့ထံတွင် တာဝန်ရှိပါက ၄င်းအနေဖြင့် ရှင်းလင်းနိုင်ကြောင်း ပြောကြားခဲ့သည်။
“သူ့မှာတာဝန်ရှိတယ်ဆိုရင် သူရှင်းနိုင်တယ်၊ သူလုပ်ခဲ့တဲ့ ကိစ္စရှိခဲ့ရင်လည်း သူရှင်းနိုင်တယ်၊အခြားရှိခဲ့တဲ့ ကိစ္စရှိခဲ့ရင်လည်း သူ လုပ်နိုင်တယ်လို့ ကိုမိုးသီးက ရေယာဉ်ပေါ်မှာပြောခဲ့ပါတယ်”ဟု မန္တလေးမှ သတင်းထောက် တစ်ဦးက ၄င်း၏ ပြောကြားမှုကို အခြေခံ၍ ပြန်ပြောပြသည်။
အဆိုပါရေယာဉ်ပေါ်ရှိ မိုးသီးဇွန်၏ မင်းကွန်းခရီးစဉ်တွင် မန္တလေး ABSDF ကျောင်းသားရဲဘော်ဟောင်းများ၊(၈၈)မျိုးဆက်ကျောင်း သားများ၊ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနှင့်မှ သတင်းသမား(၂၀)၀န်းကျင် ပါဝင်ကြောင်း သိရသည်။
ABSDF ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည့် မိုးသီးဇွန်မှာ စက်တင်ဘာလ(၁၇)ရက်နေ့က မင်းကွန်းခရီးစဉ်အပြန် မရမ်းခြံဆိပ်အရောက် တွင် မန္တလေးမြို့ခံတစ်ဦးက “မိုးသီးဇွန် အလိုမရှိ မြန်မာပြည်က ပြန်ထွက်သွားပါ”ဟူသော ဆိုင်းဘုတ်ကိုင်ဆောင်ဆန္ဒထုတ် ဖော် ခဲ့ကြောင်း ကိုလည်း သိရသည်။
ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ တရားဝင်စာတင်ထားခြင်းမရှိကြောင်းကိုလည်း သိရသည်။

from :  မြစ်မခ

No comments:

Post a Comment

My Blog List