Friday, September 21, 2012

ပညာရေး ကင်းထောက်အဖွဲ့များ ပြန်ဖွဲ့မည်


အခြေခံကျောင်းတွေမှာ ၁၉၆၂ ခုနှစ် မတိုင်ခင်က ရှိခဲ့တဲ့ ကင်းထောက်အဖွဲ့တွေ ပြန်လည် ဖွဲ့စည်းတော့မှာဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက် နေပြည်တော် ပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာန အစည်းအဝေးမှာ ၀န်ကြီး ဒေါက်တာမြအေးက ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေအနေနဲ့ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းတဲ့သူတွေ ဖြစ်လာစေဖို့၊ မိမိရပ်ရွာတွေရဲ့ လူမှုရေးအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်နိုင်စေဖို့ အခုလို ဖွဲ့စည်းရတာလို့ ပညာရေးဝန်ကြီးက ပြောပါတယ်။
၁၉၆၂ မတိုင်ခင် စာသင်ကျောင်းတွေမှာ ရှိခဲ့တဲ့ ကင်းထောက်အဖွဲ့ (boy scout) ဆိုတာကတော့ ကိုယ့်ဘာသာကိုယ် ရပ်တည် ရှင်သန်နိုင်ရေးအတွက် လေ့ကျင့်ပေးတာ၊ တောတောင်တွေထဲ
ကင်းထောက်ထွက်ရတာ၊ ကျေးရွာပြည်သူတွေနဲ့ ရင်းနှီးခင်မင်အောင် ဆက်ဆံရတာ စတာတွေကို ငယ်ရွယ်စဉ်ကတည်းက စနစ်တကျလေ့ကျင့်ပေးတဲ့ အဖွဲ့ဖြစ်ကြောင်း အင်းစိန် အထက ၁ မှာ ၅ တန်းကျောင်းသားဘ၀က (boy scout) အဖြစ် ကိုယ်တိုင် ပါဝင်ခဲ့ဖူးသူ အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။
from - DVB

No comments:

Post a Comment

My Blog List