Tuesday, September 18, 2012

၂၄ နှစ် ကြာမှ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ကို ဆိုက်ရောက် နိုင်ခဲ့ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကန် ခရီးစဉ်များကိုဖော်ပြထားခြင်း

by FNG on September 18, 2012
 
ဟိုအရင်အချိန်တုန်းက ဓါတ်ပုံလေးပါ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်အခြေစိုက် Atlantic Council မှ ပေး အပ် ချီးမြှင့် မည့် Global Citizen Award ဆု တက်ရောက် လက်ခံ ရယူ ခြင်း အခမ်း အနား နှင့် ညစာစား ပွဲ သို့  တက်ရောက် ရန် အမေရိကန် ပြည် ထောင် စု သို့ ယနေ့  နံနက် ၁၁ မိနစ် ၃၀ နာရီ အချိန် တွင် ၀ါရှင်တန်ဒီစီ ရှိ ဒဲလပ်(စ) လေဆိပ် သို့  ရောက် ရှိ လာ ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန် ကွန်ဂရက်လွှတ်တော် က ပေးအပ် ချီးမြှင့် မည့် အမြင့်
ဆုံး နိုင်ငံသား ဆု ကို လည်း စက်တင် ဘာလ ၁၉ ရက်နေ့ တွင် တက်ရောက် လက်ခံ ရယူ မည်
ဖြစ်သည်။
မြန်မာ – အမေရိကန် ဆက်ဆံရေး မှာ အရေး ပါတဲ့ ခြေလှမ်း တစ်ရပ် အနေနဲ့  ဒေါ်အောင်ဆန်းစုကြည်
ရဲ့  အမေရိကန် ခရီးစဉ် အတွင်း နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် နဲ့  တွေ့ ဆုံ မှာ ဖြစ်ပြီး
မြန်မာ နိုင်ငံ မှာ ဒီမိုကရေစီ ရေး အကောင် အထည် ဖော်တဲ့ နေရာမှာ အမေရိကန် ရဲ့  အခန်း ကဏ္ဍ
အကူ အညီ နဲ့  ပညာ ရေး ၊ ကျန်းမာရေး ကိစ္စ တွေ ကို ဆွေး နွေး ကြမှာ ဖြစ်ပါတယ်။အမေရိကန် နိုင်ငံ ကို ရောက် ရှိ နေ ခိုက် မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာ မိသားစု တွေ အများ ဆုံး အခြေစိုက် တဲ့ အမေရိကန် မြို့ တွေ ဖြစ်တဲ့ ၀ါရှင်တန် ဒီစီ ၊ နယူးယောက် ၊ အင်တီရားဏား ပြည် နယ် ဖို့ ဝိန်း မြို့  ၊ ဆန်ဖရန် စစ္စကို မြို့ တွေ နဲ့  အခြား အမေရိကန် ပြည်ထောင် စု က အဖွဲ့  အစည်း တွေ နဲ တက္ကသိုလ် တွေ က ဖိတ် ကြား မှု တွေ ကို သွား ရောက် လည်ပတ် ပြီး မိန့် ခွန်း ပြောကြား မည် ဟု သတင်း ရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၈၈ ခုနှစ်မှာ မြန်မာ နိုင်ငံ ကို ပြန်လည် ရောက်ရှိ လာ ပြီး နောက် ၂၄ နှစ်
ကြာ မှ အမေရိကန် နိုင်ငံ ကို ခရီး ထွက် နိုင်ခဲ့ တာ ဖြစ်ပါတယ်။ သူ မ ရဲ့  ခရီးစဉ် စတင် တဲ့ အချိန် မှ
ပဲ မြန်မာ အစိုးရ က နိုင်ငံ ရေး အကျဉ်းသာ ၉၀ ကျော် အပါအ၀င် အကျဉ်းသား ၅၀၀ ကျော် ကို လွတ်
ငြိမ်း ချမ်းသာ ခွင့် ပေး ခဲ့ ပါတယ်။စက်တင်ဘာ ၁၈ရက်နေ့  ည မြန်မာစံတော်ချိန် ညသန်းခေါင် ၁၂နာရီ တွင် စမည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး အင်စတီကျု တွင် ပြု လုပ် မည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဆွေးနွေးပွဲ အား အင်တာနက် မှ တစ်ဆင့် တိုက် ရိုက် ကြည့် ရှု ရန် ဤနေရာ တွင် ကလစ် နှိပ်ပါ။ 
ဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကန် ခရီးစဉ်

၁။ စက်တင်ဘာလ ၁၆ ရက်နေ့- မြန်မာနိုင်ငံက စတင်ထွက်ခွာမည်
၂။ စက်တင်ဘာ ၁၇ ရက်နေ့ -၀ါရှင်တန် ဒီစီသို့ရောက်မည်
၃။ စက်တင်ဘာလ ၁၈ ရက် – Asia Society Glovel Vision Award ဆု လက်ခံယူမည်။
၎။ စက်တင်ဘာ ၁၉ ရက်- အမေရိကန် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆု ပေးပွဲ တက်မည်။
၅။ စက်တင်ဘာ ၂၀ ရက်- ခွန်ထွန်းဦး၊ ဦးကျော်သူ၊ မင်းကိုနိုင်၊ ဒေါက်တာ စင်သီယာမောင်နှင့်
ဦးအောင်ဒင်တို့အား NED မှ ချီးမြှင့်သည့် ဆုပေးပွဲ တက်ရောက်မည်။

၆။ စက်တင်ဘာ ၂၁ ရက်- နယူးယောက်မြို့တွင်ကျင်းပမည့် Atlantic Council Global Citizens Award ဆုပေးပွဲ တက်ရောက်မည်။
၇။ စက်တင်ဘာ ၂၂ ရက်- အမေရိကန်ရောက် မြန်မာ မိသားစုများနှင့် နယူးယောက်တွင် တွေ့ဆုံမည်။
၈။ စက်တင်ဘာ ၂၃ ရက်- University of Louisville သို့ သွားရောက်မည်။
၉။ စက်တင်ဘာ ၂၄ ရက် – —–
၁၀။ စက်တင်ဘာ ၂၅ ရက်- ဖို့ဝိန်းမြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံမည်။
၁၁။ စက်တင်ဘာ ၂၆ ရက်- ယေးလ် တက္ကသိုလ်သို့သွားရောက်မည်။
၁၂။ စက်တင်ဘာ ၂၇ ရက်- ဟားဗတ်တက္ကသိုလ်သို့သွားရောက်မည်။
၁၃။ စက်တင်ဘာ ၂၈ ရက်- ဆန်ဖရန်စစ္စကိုမြို့ Freedom House သို့ တက်ရောက်မည်။
၁၄။ စက်တင်ဘာ ၂၉ ရက်- ဆန်ဖရန်စစ္စမြို့ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံမည်။
၁၅။ စက်တင်ဘာ ၃၀ ရက်- အောက်တိုဘာ ၁ ရက် – — —-
၁၆။ အောက်တိုဘာ ၂ရက်- လော့စ်အိန်ဂျလိစ်ရှိ မြန်မာ
မိသားစုများနှင့်တွေ့ဆုံမည်
၁၇။ အောက်တိုဘာ ၃ ရက်- အမေရိကန် ပြည်ထောင်စုမှ
ပြန်လည်ထွက်ခွာမည်။

မူရင်းသတင်း---Freedom News Group(Burma)

No comments:

Post a Comment

My Blog List