Sunday, September 16, 2012

ရခိုင်ပြည်နယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူများထဲမှ လူဦးရေ ခုနစ်သောင်းကျော်ကို စခန်းပေါင်း ၅၀ ကျော်၌ နေရာချထားပြီးဖြစ်ကြောင်း ထုတ်ပြန်



Sunday, 16 September 2012

ရခိုင်ပြည်နယ်အတွင်း ရွှေ့ပြောင်းနေထိုင်ရသူများထဲမှ လူဦးရေ ခုနစ်သောင်းကျော်ကို ဒုက္ခသည်စခန်းေ ပါင်း ၅၀ ကျော်၌ နေရာချထားပြီးဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးေ ပါင်းဆောင်ရွက်ပေးရေးရုံး UN OCHA မှ စက်တင်ဘာ ၄ ရက်နေ့အထိ ထုတ်ပြန်ထားသော အစီရင်ခံ စာအရ သိရှိရသည်။


သြဂုတ်လကုန်အထိ ရရှိသော စာရင်းများအရ အဆိုပါဒုက္ခသည်စခန်းများကို စစ်တွေ၊ ကျောက်ေ တာ်၊ မောင်တောမြို့များတွင် ယာယီနေရာချထားခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် အစိုးရက စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများကို အဓိက စခန်းကြီး ၁၅ ခုနှင့် ပူးပေါင်းနေခြင်းကြောင့် ဒုက္ခသည်စခန်း အရေအတွက် လျော့ကျလာနေသည်ဟု အစီရင်ခံစာ၌ ဆိုထားသည်။

ဒေသအတွင်း လုံခြုံရေးအခြေအနေ တည်ငြိမ်နေသော်လည်း ပဋိပက္ခဖြစ်ပွားခဲ့သော အသိုင်းအ၀န်းနှစ်ခု အကြား ဆက်ဆံရေးမှာ အလွန်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
ဒေသအတွင်းတွင် စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်တို့မှ စာသင်ကျောင်းအများစုမှာ ပြန် လည်ဖွင့်လှစ်ပြီးဖြစ်ပြီး မောင်တောနှင့် ကျောက်တော်တို့မှ ကျောင်းအနည်းစုသာ ပြန်ဖွင့်နိုင်သေးကြောင်း သိရသည်။

Malteser International က စစ်တွေမြို့ ပတ်ဝန်းကျင်ရှိ စခန်းရှစ်ခုမှ ကလေးသူငယ်ပေါင်း ၃၇၅ ဦးကို စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီး MSF  မှလည်း အေအာဗွီဆေးဝါး လိုအပ်သူ ၃၃၅ဦး အနက် ၃၀၅ ဦးကို ဆေးဝါးကုသမှု ပေးလျက်ရှိသည်ဟု ဆိုပါသည်။ရခိုင်ဒေသတွင်း အခြေအနေများမှာ တင်းမာနေဆဲဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့က ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သူဦးကျော်မောင်ချေကို လည်ပင်းဒဏ်ရာနှင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြ သည်။နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးထားသည့် ရခိုင်အရေးစုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့သည် စက်တင် ဘာ လ ၇ ရက်က ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်၌ မောင်တောသို့သွား၍ ဒုက္ခသည်များနှင့် ဘာသာရေး အဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Eleven

No comments:

Post a Comment

My Blog List