Tuesday, September 18, 2012

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်အဖွဲ့ သြစတြေးလျ နိုင်ငံလေ့လာ

Tuesday, 18 September 2012

 

မြန်မာနိုင်ငံက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ဟာ သြစ တြေးလျ နိုင်ငံမှာ တပါတ်ကြာ ခရီး နဲ့ရောက် ရှိ နေပါတယ်။

သြစတြေး လျနိုင်ငံ က လွှတ်တော်ဥက္ကဌ Peter Slipper နဲ့ အထက်လွှတ်တော်ဥက္ကဌ John Hogg တို့ရဲ့ ဖိတ်ကြား ချက် နဲ့ ရောက် ရှိ နေကြ တာဖြစ်ပြီး သြစတြေးလျ နိုင်ငံက လွှတ်တော် ရဲ့ တာဝန်ဝတ္တရားတွေ လုပ်ငန်းဆောင်တာ လည်ပတ်ပုံတွေ ကို လေ့လာ ဖို့ အပါအဝင်၊ သြစတြေးလျ နိုင်ငံနဲ့ပတ် သက်ပြီး နိုင်ငံရေး စီးပွါးရေး နဲ့ ကုန်သွယ်ရေး နိုင်ငံခြားရင်းနှီးဆက်ဆံရေး နဲ့ ယဉ်ကျေးမှု ဆိုင်ရာအကြောင်း အရာတွေ ကို ပါ အနီးကပ်လေ့လာသွါးကြမှာဖြစ်တယ်လို့သိရပါတယ်။

သူရဦးရွှေမန်းနဲ့ အဖွဲ့ဟာ မနေ့ က ဆစ်ဒနီ မြို့မှာ new south wales ပြည်နယ် အဆင့် လွှတ်တော်ကို သွား ရောက်လေ့လာ ခဲ့ကြပြီး ဒီကနေ့မှာ တော့ ကင်ဘရာမြို့မှာရှိတဲ့ သြစတြေးလျ လွှတ်တော် ကို သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့အတူ - ငွေကြေး နိုင်ငံတကာ ဆကဆံရေးဈ စီးပွါး နဲ့ ကုန်သွယ်ရေး လမ်းပမ်းနဲ့ဆက်သွယ်ရေး ဥပဒေရေးရာ အစ ရှိတဲ့ လွှတ်တော်ရေး ရာ ဥက္ကဌတွေ နိုင်ငံခြားရေးရာ ဝန်ကြီးဌါနက ဝန်ထမ်းတွေ၊ လွှတ်တော်က ဝန်ထမ်းတွေ စီးပွါးရေးလုပ်ငန်းက ပုဂ္ဂလိကတွေ နဲ့ မီဒီယာသမားတွေ အဖွဲ့ ဝင် စုစုပေါင်း အယောက် ၂၀ ပါဝင် တယ်လို့ သိ ရ ပါတယ်။
 
VOA (မြန်မာပိုင်း) 

 

No comments:

Post a Comment

My Blog List