Friday, September 21, 2012

ငြိမ်းချမ်းရေးတောင်းဆိုမှာကို အစိုးရကြောက်နေသလား


 အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးမျိုးအောင် က နေပြည်တော်ကို မတက်ကြဖို့ သတိပေးနေတာပါ၊ ဓာတ်ပုံ- ကျော်ခ/ ဧရာဝတီ

"ကျော်ခ" 
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်ရေးနေ့မှာ ရန်ကုန်မှာရှိတဲ့ လူမှုကွန်ရက် အဖွဲ့အစည်းတွေ က ပြည်တွင်းစစ်ရပ်စဲဖို့ အတွက် ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ နေပြည်နော်နဲ့ ရန်ကုန်မှာ လုပ်ဖို့ ခွင့်တောင်းတာကို နေပြည်တော်နဲ့ ရန်ကုန်က အာဏာပိုင်တွေက ခွင့်မပြုပါဘူး။ 
ငြိမ်းချမ်းရေးအတွက်တောင်းဆိုတာကို ခွင့်မပြုချင်တာဘာကြောင့်လည်းဆိုတာတော့ မပြောတတ်ပေမယ့်၊ မန္တလေးမှာ အရှင်ဝီရသူတို့ လုပ်တဲ့ “သမ္မတကိုထောက်ခံ ဆန္ဒပြပွဲ”ကိုတော့ ကြည်ကြည်ဖြူဖြူခွင့်ပြုထား တာကိုတော့တွေ့ရပါတယ်။
 ချီတက်လာသူတွေကို ပြည်သူ့ရင်ပြင်မရောက်ခင် ပြည်လမ်းမကြီးကို ခုလိုပိတ်လိုက်ပါတော့တယ်
ဆန္ဒဖော်ထုတ်ရေး ခွင့်ပြုချက်တွေ မရပေမယ့် ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့တွေထဲက ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဒီကနေ့ မနက် နေပြည်တော်ကိုတက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီနေ့မနက် ၃ နာရီလောက် ကတည်းက နေပြည်တော်ကို ထွက်ဖို့ မြေနီကုန်းမှာရှိတဲ့ ဒဂုံစင်တာရှေ့မှာ အိတ်စပတ်ကားကြီး ၃ စီးငှား ထားပါတယ်။ 

ပိတ်ထားတဲ့ကြားက အလျှိုလျှို ဖောက်ထွက်တဲ့လူတွေက ပြည်သူ့ရင်ပြင်ကို ရောက်အောင်သွားပြီး မြန်မာပြည် ငြိမ်းချမ်းစေ 
ရေး ဆုတောင်းကြတယ် 
ရဲတွေရောက်လာတဲ့ အချိန်မှာတော့ အဲဒီကားတွေကို နံပတ်တွေ လိုက်မှတ် ယာဉ်မောင်းနာမည် ကိုမေးပြီးတော့ အကုန်ပြန်ခိုင်း လိုက်တယ်။ ဆန္ဒဖော်ထုတ်မယ့်အဖွဲ့တွေမှာ ကားမရှိတော့ ထပ်ငှား တယ်၊ နောက်ကားတွေကလည်း မလိုက်ရဲတော့ ရန်ကုန်မှာပဲ လမ်းလျှောက်ကြဖို့ သူတို့ဆုံးဖြတ်တယ်။

 သူတို့ကလည်း ထပ်ကြပ်မကွာလိုက်လာတယ်
ပြီးတော့ အပြီးအပိုင်ဖိအားပေး မောင်းထုတ်လိုက်တယ် ဒီခရီးတွေကိုလည်း ရဲတွေက အဆင့်ဆင့် အထပ်ထပ်ပိတ်ပြီး လူစုခွဲပြီးအိမ်ပြန်ကြဖို့ အထပ်ထပ်အခါခါ သတိပေးပါတယ်။ 
ဒီကြားထဲကပဲ ဆန္ဒဖော်ထုတ်လိုသူတွေက ပြည်သူ့ရင်ပြင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရောက်အောင်သွားပြီး စုဝေးကြပြန်တယ်။ ငြိမ်းချမ်းရေးသီချင်းတွေနဲ့ ဆိုပြီးဆုတောင်းကြတယ်။ 
  ပြည်သူ့ရင်ပြင်ကို တက်လာတဲ့ လူအုပ်ကြီးကို ရဲတွေကလမ်းပိတ်လိုက်တဲ့မြင်ကွင်းပါ
ရဲတွေကလည်း ထပ်ကြပ်မကွာလိုက်လာပြီး လူစုခွဲဖို့မောင်းထုတ်ပြန်တယ်၊ လူတွေ အကုန်ပြန်ခိုင်းပြီး ပြည် သူ့ ရင်ပြင် အဝင်အထွက် တံခါးကို လုံးဝပိတ်လိုက်တော့တယ်။ 

 ပိတ်လိုက်တော့ ဘယ်မှသွားလို့မရတော့ ငုတ်တုတ်ပေါ့ 
အစိုးရက ငြိမ်းချမ်းရေးရရှိရေး လုပ်ဆောင်နေတယ် ဆိုပေမယ့် ဒီကနေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး
နေ့ လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် တကယ် ငြိမ်းချမ်းရေး လိုလားသလားဆိုတာကတော့ စဉ်းစားစရာပါပဲ။ 

  ရှေ့ဆက်ခွင့်မပေးတော့ဘဲခုလိုပိတ်လိုက်တယ်

No comments:

Post a Comment

My Blog List