Friday, September 21, 2012

ရခိုင်လယ်သမား လင်မယားအား ဘင်္ဂလီများ သေနတ်ဖြင့် တိုက်ခိုက်


ရခိုင်ပြည်နယ် မောင်တောမြို့ တောင်ပိုင်း အမှတ်(၆)ရပ်ကွက် လေးမိုင်အပိုင် ရွာသာယာကျေးရွာသား တဦး မှာသေနတ် ဒဏ်ရာဖြင့် မောင်တောဆေးရုံသို့ ရောက်ရှိနေ ကြောင်းသတင်း ရရှိသည်။
သေနတ်ဒဏ်ရာနှင့် ဆေးရုံသို့ရောက်နေသူမှာ အသက် ၅၀ကျော်ရှိ ဦးအောင်လှဖြူဖြစ်ပြီး အခင်းဖြစ်ပွားသည့် လယ်တဲက ဇနီးဖြစ်သူ အသက် ၅၀ ၀န်းကျင်ရှိ ဒေါ်မအောင်စိန်မှာ ထွက်ပြေးလွတ်မြောက် သွားသည်ဟုဆို သည်။
“ခုဆေးရုံကို ရောက်နေတဲ့ ဦးအောင်လှဖြူမှာ ခေါင်းမှာဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ခဲကျည်တွေခေါင်းမှာ တွေ့တယ်။ ခွဲစိတ်ကုသဖို့အတွက် ခုဘူးသီးတောင် ဆေးရုံကို ယူဖို့ပြင်နေတယ်“ ဟုကိုယ် တိုင်သွားရောက် ကြည့်ရှုသူ ဦးမောင်ခိုင် က ရွှေမြန်မာမီဒီယာဂရု သို့   ပြောသည်။
ဖြစ်ပုံနှင့် ပတ်သက်ပြီး၎င်းက “စက်တင်ဘာ ၁၄ရက်နေ့ ညနေ ၇နာရီခွဲမှာဖြစ်တာပါ။
ဘင်္ဂလီလက်နက် ကိုင်အယောက် ၂၀ကျော်က အရင်ဆုံး ဦးအောင်လှဖြူ ဇနီးဆံပင်ကိုဆွဲလား ယမ်းလား လုပ်တယ်။
အဲဒါကြောင့် ခင်ပွန်းဖြစ်သူက ခုခံဖို့ကြိုးစားတဲ့ အချိန်မှာ သေနတ်နဲ့ပစ်ပြီးလဲကျန်ရစ်ပြီးမှ ထွက်ပြေးသွားတယ်လို့ လူနာ အပြောကို ကိုးကာပြီးဦးမောင်ခိုင် ပြောသည်။
အဆိုပါ သေနတ်ပစ်ဖေါက်သံ ကြားရ၍ရွာသားများ သွားရောက်ကာ ဒဏ်ရာရသူဦးအောင်လှဖြူကို အဆိုပါနေ့  ကချက်ချင်းမောင်တော
 ဆေးရုံသို့ သယ်ယူပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
သူတို့ ဇနီးမောင်နှံနှစ်ဦးသည် ရွာသာယာရွာမှဖြစ်ပြီး ကင်ပြင်သာစိန်နှင့်ကံသာယာအကြား လယ်တဲတခုတွင် လယ် လုပ်ကိုင် စားသောက်နေရင်းယခုလို အသက်အန္တရာယ်ကို ရန်ပြုခြင်း ခံလိုက်ရသည်ဟု သိရသည်။
ယခုအခါ အခင်းဖြစ်ပွားသည့် နေရာသို့ သက်ဆိုင်ရာ အာဏာပိုင်တပ်ဖွဲ့များက လိုက်လံရှာဖွေမှုများ ပြုလုပ် နေသည်ဟု ဆိုသည်။
တိုက်ဆိုင်မှုတစ်ခုမှာ ပြည်ခိုင်ဖြိုးပါတီ၏ ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင်ဦး ရောက်နေစဉ် ဤကဲ့သို့ ဖြစ်ပျက်ခြင်းဖြစ်သည်။
နောက်ဆုံးသတင်းပေးပို့ ချက်အရခေါင်းက ခဲကျည် ၄လုံးကို မောင်တောမှာထုတ်ယူပြီး နောက်ကျန်ရှိနေသောခဲကျည်များကိ
ုထုတ်ယူရန်အတွက်ဘူးသီးတောင်ဆေးရုံသို့ သယ်ဆောင်သွားကြောင်းသိရသည်။
တည်ငြိမ်မှု စပြုလာသည့် မောင်တောမြို့တွင် ယခုလိုပစ်ခတ် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာနေသည့် အတွက် မောင်တောမြို့ခံသားနှင့် နယ်တွင်ရှိလူနည်းစုများဖြစ်သည့် ရခိုင်သားများအနေဖြင့် အလွန်တရာစိုးရိမ် ကြောင့် ကြမှုများ တိုးပွားလာသည်ဟု သိရသည်။
ရွှေမြန်မာမီဒီယာ သတင်းထောက်မှ ပို့ ပေးသည်။

No comments:

Post a Comment

My Blog List