22 September 2012

ဘင်္ဂါလီလူမျိုးတစ်ဦး ကမံဖြစ်နိုင်သော ယခင်သတ်မှတ်ချက် အရ ကမံလူမျိုးများအဖြစ် ဖောင်းပွနေသော ဘင်္ဂါလီလူမျိုးများကို စုံစမ်းတွေ့ရှိခဲ့ရကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဦးအေးမောင်က ပြောသည်။
ကမံဦးရေက ရခိုင်တစ်ပြည်လုံးမှာ နှစ်သောင်းလောက်ပဲ ရှိတယ်လို့သိရတယ်။
ကျေးရွာအုပ်စုတွေမှာ ပျံ့နှံ့နေတာ။ ရမ်းဗြဲမှာဆို ၄၀၄ဦးလောက်ပဲရှိတယ်။
အဲဒီ ကမံထဲမှာ ဗုဒ္ဓဘာသာဝင်သွားတဲ့ ကမံတွေ လည်းရှိတယ်။ ဒါက
ကမံအစစ်တွေ။ ဒါပေမဲ့ ဟိုခေတ်က ကမံနှစ်ဦးထောက်ခံရင် ဘင်္ဂါလီ
တစ်ဦးက ကမံဖြစ် တယ်။
အဲဒါမျိုးတွေနဲ့ လ၀ကရဲ့စာရင်းဇယားတွေမှာကမံလူမျိုးတွေထဲဘင်္ဂါလီလူမျိုးတွေ ဖောင်း
ပွသွားတာပဲ။ နောက်ကမံဖြစ်သွားတဲ့ ဘင်္ဂါလီလူမျိုးတွေက အချင်းချင်း ထောက်ခံကြတာ။ အခု ကျောက်နီမော် တစ်ရွာလုံးဆို ကမံဖြစ်သွားတာ”” ဟုပြောသည်။
စုံစမ်းရေးကော်မရှင်အနေဖြင့် အခုခရီးစဉ်တွင် ပဋိပက္ခဖြစ် ပွားခဲ့သောနေရာများအားလုံးကို
အဖွဲ့များခွဲ၍ သွားရောက်စုံစမ်း စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ပဋိပက္ခဖြစ်စဉ်မှတ်တမ်းများနှင့် အခြားအချက်အလက်များကို ရယူခဲ့သည်။
ကော်မရှင်အဖွဲ့၏ တွေ့ရှိချက်များအရ ပဋိပက္ခဖြစ်စဉ်တွင် ပြည်ပသတင်းဌာနများနှင့်
နိုင်ငံတကာမှ ပြောကြားချက်များနှင့်ကွဲလွဲမှုများရှိနေပြီးယခုစုံစမ်းစစ်ဆေးမှု ပြုလုပ်အပြီး
သုံးပတ်အကြာ အောက်တိုဘာလ ပထမပတ်အတွင်းတွင် ကော်မရှင်မှ သုတေသနအဖွဲ့
တစ်ဖွဲ့မှ ထပ်မံ၍စုံစမ်းမှုများ ကွင်းဆင်းပြုလုပ်မည်ဖြစ်သည်။
Myanmartandawsint Newspaper
No comments:
Post a Comment