Sunday, September 16, 2012

 လစ်ဗျားရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုနှင့် သက်ဆိုင်သော အချက်အလက်များ ထပ်မံထွက်ပေါ်

Sunday, 16 September 2012
လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း

တိုက်ခိုက်မှုမဖြစ်မီ သုံးရက်အလိုကပင် လစ်ဗျားလုံခြုံရေး တာဝန်ရှိသူတစ်ဦးဖြစ်သော February 17th Brigade အဖွဲ့ဝင် ဂျာမယ်မာဘရော့က အမေရိကန်သံတမန်များနှင့် တွေ့ဆုံခဲ့ပြီး လုံခြုံရေးအခြေအနေ စိုးရိမ်စရာကောင်းကြောင်း သတိပေး ခဲ့သည်ဟု စက်တင်ဘာလ ၁၅ ရက်တွင် ထပ်မံထွက်ပေါ်ခဲ့သော အချက်အလက်များအရ သိရသည်။ ဘင်ဂါဇီတွင် ဂျီဟတ်အဖွဲ့များ များပြားလာမှုအပေါ် မာဘရော့က သတိပေးခဲ့မှုမှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။

စက်တင်ဘာလ ၁၁ ရက်က ဆန္ဒပြနေချိန်တွင် လက်နက်များ ကိုင်ဆောင်လာသော လူတစ်စုက လူအုပ် ထဲဝင်လာချိန်မှစပြီးဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်းလစ်ဗျားပြည်ထဲရေးဒုတိယ၀န်ကြီးဝါနစ်အယ်ရှရိဖ်က ပြောကြား ခဲ့သည်။ ကနဦးထုတ်ပြန်ချက်များအရ ယင်း ဖြစ်စဉ်မှာ ည ၁၀ နာရီတွင်စတင် ခဲ့ပြီး သေနတ်သမားများက သံရုံး၏ အဓိက၀င်းကို ပစ်ခတ်ခဲ့ကာ ၁၅ မိနစ်အကြာတွင်သံရုံးထဲဝင်ခဲ့ကြောင်း သိရသည်။

ရော့ကတ်လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် သံရုံးမှာမီးလောင်ခဲ့သည်ဟု အမေရိကန်အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မီးလောင်မှု ကူးစက်ချိန်တွင် စတီဗင်၊ ပြည်ပရေးရာပြန်ကြားရေး စီမံခန့်ခွဲရေး အရာရှိရှောင်စမစ်နှင့်အမေရိကန်ဒေသဆိုင်ရာလုံခြုံရေးဝန်ထမ်းတစ်ဦး၊ စုစုပေါင်းသုံးဦး မှာ ဘေးကင်းသည့် အခန်းတွင် ရှိနေခဲ့သည်ဟု သိရသည်။ ဒေသဆိုင်ရာ လုံခြုံရေးဝန်ထမ်းဆိုသူမှာ အဆောက်အအုံတွင်းမှ လွတ်မြောက်ခဲ့ပြီးစတီဗင်နှင့်စမစ်ကိုကယ်ရန်လာချိန်တွင်စမစ်မှာ သေဆုံးနေခဲ့ကာ မီးခိုးမွှန်မှုေ ကြာင့်ဖြစ်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းအချိန်တွင်စတီဗင်မှာ ပျာက်နေခဲ့သည်။ စတီဗင်အလောင်းကိုတွေ့ခဲ့သော အခန်းမှတံခါး ကြီးနှင့် ပြတ င်းေ ပါက်များကို သံမဏိတိုင်များဖြင့် ကာထားသည်ဟု သိရသည်။ လုယက်တိုက်ခိုက်သူများက အခန်းထဲ ၀င် စီးခဲ့ပြီးနောက် စတီဗင်အလောင်း ကို တွေ့ခဲ့ခြင်းဖြစ်ပြီး သေဆုံးရသည့် အကြောင်းရင်းအား အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အသေးစိတ် မထုတ်ပြန်သေးပေ။ ဒေသခံများကစတီဗင်ကို ဘင်ဂါဇီရှိေ ဆးရုံတစ်ခုသို့ ပို့ပေးခဲ့ပြီး ဆရာဝန်များက မကယ်နိုင်တော့ဘဲသေပြီဟု ကြေညာ ခဲ့ရသည်။ သံရုံးဂိတ်တစ်ခု တွင်စောင့်ရသော လုံခြုံရေးတစ်ဦးက တိုက်ခိုက်မှုမှာ နေရာသုံးခုမှ တစ်ဆက် တည်း ဖြစ်ပွားခဲ့ေ ကြာင်း ပြောကြားခဲ့သည်။ စက်သေနတ်များ၊ ရော့ကတ် လောင်ချာများဖြင့် ပစ်ခတ်မှုရှိခဲ့ကြောင်း သူကပြော ကြားခဲ့ပြီး မျက် နှာဖုံးစွပ်ထားသော သေနတ်သမားများက သူ့ကိုသတ်ရန် ခြိမ်းခြောက်ခဲ့ေ ကြာင်း ပြောကြား ခဲ့သည်။

Ref:CNN;AFP


No comments:

Post a Comment

My Blog List