Tuesday, September 18, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င်ခိုးဝင်လာသည့်လူ ၁၁၈ ဦးကို စစ်တွေ အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့

Tuesday, September 18, 2012

ယမန်နေ့က ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာ သည့်လူ၁၁၈ဦးစက်တင်ဘာလ၁၇ရက်နေ့ ညပိုင်းက စစ်တွေ အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါ သည်။
သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရမှ ပြန်မခေါ် မချင်း ထောင်ထဲတွင် ယာယီထိန်းသိမ်းထားဦးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။အလားတူ ငွေကြေးအလွဲသုံးစားသုံးစွဲမှုဖြင့်ထောင်ဒဏ်ကျခံ နေရသည့်
အကျဉ်းသား ၃ ဦးကိုလည်းပြန် လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ ထိုသူတို့အနေဖြင့် နိုင်ငံတော် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အရ လွှတ်ေ ပးလိုက်ခြင်းဖြစ်ကြောင်းလည်းသိရှိရပါသည်။

ထို့အပြင် ညမထွက်ရ အမိန့်ဖြင့် စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းခံ ခဲ့ရသူများကို စက်တင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီကျော် ခန့်တွင် ပြန် လွှတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ထောင်ကျ သူများသည် ထောင်ဒဏ် ၆ လ အဖြစ်မြို့နယ်တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်တရားရုံးသို့ အယူခံဝင်ခဲ့ရာ ယနေ့ရုံးချိန်းတွင် အယူခံ အောင်မြင်ခဲ့သဖြင့် ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ် ကြောင်းလည်း သိရှိရပါသည်။

ယင်းသို့ ပြန်လွှတ်ရာတွင် အကျဉ်သား ၄၈ ဦးပါဝင်ကြောင်းနှင့် ရခိုင်၊ မရာမာကြီးနှင့် ဟိန္ဒူလူမျိုး များဖြစ် ကြောင်းလည်း သိရှိရပါသည်။ အကျဉ်းသားများသည် ယခင် ပြစ်မှု ထင်ရှားသူများ မဟုတ်ကြောင်းနှင့် ညမထွက်ရ အမိန့်အား ဖောက်ဖျက်ခြင်းဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူများ ဖြစ်ရာ အယူခံ အောင်မြင်ခြင်းကြောင့် လွတ်ပေး လိုက်သူများ ဖြစ်ကြောင်းလည်းသိရှိရပါသည်။

မူရင်းသတင်း---eleven media group

No comments:

Post a Comment

My Blog List