Saturday, September 22, 2012

ကချင်ပြည်နယ်တွင် မူးယစ်ဆေး သုံးစွဲသူ ပေါများသဖြင့် နေ့ ခင်းကြောင်တောင် သူခိုးကင်းစောင့်နေရ


ကချင်ပြည်နယ် ဗန်းမော်မြို့နယ် သဖန်းပင် ရွာတွင် မူးယစ်ဆေးဝါးသုံးစွဲသူ လွန်စွာများပြားလာရာရွာအတွင်း ခိုးဝှက်မှုများနေ စဉ်ဖြစ်ပွား နေသဖြင့်ဆယ်အိမ်အလှည့်
ကျစနစ်ဖြင့် နေ့ခင်းကြောင်တောင် သူခိုးကင်းစောင့်နေရကြောင်း သိရသည်။

ရွာမှဖမ်းဆီးမိသည့် ဘိန်းစားသူခိုးများအား နီးစပ်ရာ ရဲစခန်းလက်သို့ အပ်နှံသော်
လည်း ရဲကအရေးမယူဘဲ ငွေယူပြီးပြန်လွှတ်သဖြင့် ရွာ သားများ စိတ်ပျက်နေကြောင်း
သဖန်းပင်ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဘိန်းစားတွေက အရင်ကထက်ကို ၅ ဆ ၆ ဆမကဘူး များလာတယ်။ ရွာထဲမှာ ကျွဲခိုး၊
 နွားခိုး၊ ပစ္စည်းခိုး၊ နေ့ တိုင်းဖြစ်နေတယ်။ ဆယ်အိမ် တစ်စုကို အလှည့်ကျစနစ်နဲ့  ဆယ်
အိမ်ခေါင်းတွေကိုယ်တိုင် သူခိုးစောင့်ဖမ်းနေရတယ်” ဟု ၄င်းရွာသားက
ဆိုသည်။

၎င်းရွာသည် ဗန်းမော်မြို့အထက်ဘက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး
ဖမ်းဆီးမိသည့် ဘိန်းစားများအား မြစ်အနောက်ဘက် ကမ်းရှိ မြစေတီကျေးရွာ
ရဲစခန်းသို့ အပ်နှံသော်လည်း ရဲက ငွေယူပြီး ပြန်လွတ်ကြောင်း
သူက ဆက်ပြောသည်။

“သဖန်းပင်ရွာ တစ်ဘက်ကမ်း မြစေတီရွာမှာ ရဲစခန်းရှိတယ်၊ သူခိုး ဖမ်းမိလို့သွား
အပ်လည်း ရဲက ငွေနဲ့လာရွေးခိုင်းပြီး ပြန်လွှတ်ပေးတယ်၊ ရွာထဲမှာလည်း ဘိန်းရောင်း
တဲ့သူ ၅ ဦး ၆ ဦးရှိတယ်၊

အဲဒါလည်း အရေးမယူဘူး” ဟု ဆိုသည်။သဖန်းပင်ရွာရှိ လူငယ် အများစုမှာ
 ဘိန်းဖြူသုံးစွဲနေပြီး ရွာအတွင်းလွယ်ကူစွာ ဝယ်ယူရရှိနေကြောင်းလည်းသိရသည်။

အလားတူ သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်
ကားမှု သုံးစွဲမှုများ ယခင်ထက် များပြားလာရာ နမ့်ခမ်းမြို့ နယ်အတွင်း ကျေးရွာနှင့်
ရပ်ကွက်တချိုတွင် ခိုးယူမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment

My Blog List