Wednesday, September 19, 2012

 ဖားကန့်မြို့သို့ ၀င်ထွက်သွားလာရာ အဓိက လမ်းပိုင်းတစ်ခုတွင် စက်တင်ဘာလ ၁၈ ရက် ညပိုင်းက ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့

pharkant-blast 

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လမ်းပိုင်းတစ်နေရာအား ည ၇နာရီဝန်းကျင်က တွေ့ရစဉ်

ဖားကန့်မြို့သို့ ၀င်ထွက်သွားလာရာ အဓိကလမ်းပိုင်းတစ်ခုတွင် စက်တင်ဘာလ ၁၈ ရက်နေ့ညပိုင်း က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖားကန့်မြို့အထွက် နမ္မဖြစ်ရပ် ကွက်နှင့် မော်ဝမ်း ရပ် ကွက်အကြား ကျောက်ဆောင်ဘေးလမ်းရှိ ဓာတ်ဆီဆိုင်အနီးတွင် စက်တင်ဘာ ၁၈ ရက်နေ့ညနေ ၆ နာရီခွဲဝန်းကျင်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်းထိခိုက်ဒဏ်ရာရရှိမှုတစ်စုံတစ်ရာမရှိခဲ့ေ ကြာင်း ဒေ သခံများထံမှ သိရှိရသည်။
အဆိုပါပေါက်ကွဲမှုမှာ ဖားကန့်မြို့ပတ်ဝန်းကျင်တွင် ပစ်ခတ်မှုနှင့် ပေါက်ကွဲမှု များ ၅ ရက်ကြာ ငြိမ်သက်နေပြီးနောက် ထပ်မံဖြစ်ပေါ်ခဲ့ေ သာ ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုပါ သည်။ယင်းကဲ့သို့ပေါက်ကွဲမှုမဖြစ်ပေါ်မီ တစ်ရက်အလိုက ဒေသခံများမှာ ညပိုင်းအချိန်များ တွင် အေး ချမ်းစွာ သွားလာလျက်ရှိသော်လည်း ယခုပေါက်ကွဲမှုထပ်မံပေါ်ပေါက်ခဲ့သည့်အတွက် စိုးရိမ်ထိတ်လန့်မှု များ ဆက်လက်ဖြစ်ပေါ်ခဲ့ကာ သွားလာမှုများ အလွန်နည်းပါးသွားခဲ့သည်။ ယခုပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ သည့်နေရာမှာ ဖားကန့်မြို့သို့ ၀င်ထွက်သွားလာရာ အဓိကအသုံးပြုနေရသော လမ်းပိုင်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နမ္မဖြစ်ရပ်ကွက်နှင့် မော်ဝမ်းရပ်ကွက် အနီးတွင် နေထိုင်သူအမျိုးသမီးတစ်ဦး က “ကျွန်မက နောက်ဖေးမှာ ထမင်းချက်နေတုန်း အုံးဆိုပြီး အသံကြားတော့ ထွက်ကြည့်တဲ့အခါမှာ အဲဒီတောင်အောက်ခြေအနီးမှာ ကျောက်စလစ်ခဲတွေနဲ့ သစ်ပင် အကျိုးအပဲ့တွေကို တွေ့ရတယ်။ အဲဒီနေရာလေးမှာတော့ ချိုင့်ခွက်တစ်ခု ဖြစ်သွားပါတယ်။ ကျွန်မထွက်ကြည့်လို့သိပ်မကြာ ခင်မှာပဲ ပေါက်ကွဲတဲ့နေရာကို ရဲကားတစ် စီး ဖြတ်သွား တာ တွေ့လိုက်ရတယ်။ 
အဲဒီလမ်းပိုင်းကလည်း ကားတွေ၊ဆိုင်ကယ်တွေ အဓိကသွားလာ နေတဲ့ လမ်းပိုင်းတစ်ခုဖြစ်ေ ပမယ့် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရတဲ့သူမရှိလို့တော်သေးတာပေါ့။ စက်တင်ဘာလ ၁၃ ရက်နေ့ က မော်ဝမ်းရပ်ကွက် မှာ ပေါက်ကွဲမှုဖြစ်သွားလို့ မြို့ထဲကလူတွေတောင် ည ၇ နာရီကျော်ရင် အပြင်ကို သိပ်ပြီးမထွက်ကြတော့ဘူး။ ဒါပေမယ့် သုံးလေးရက်ကြာ လာတော့ သွားလာမှုတွေ ပြန်ပြီးများလာတယ်။ အဲဒီအခြေအနေမှာပဲ အခုပေါက်ကွဲမှုဖြစ်တော့ ပိုပြီးစိုးရိမ်မှုတွေ ဖြစ်နေကြပါတယ်။ကျွန်မတို့ ဒေသခံတွေ အနေနဲ့တော့ အေးအေးချမ်းချမ်းနဲ့ ကိုယ့်အလုပ်တွေကိုယ်လုပ်ပြီး ပျော်ပျော်ရွှင်ရွှင် သွားလာနေထိုင် ချင်ပါတယ်”ဟု ပြောကြားခဲ့ သည်။

Eleven Media Group

No comments:

Post a Comment

My Blog List