Friday, September 21, 2012

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများ ပြုလုပ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ ၂၁ ရက် အထိမ်းအမှတ် အနေဖြင့် ကမ္ဘာလှည့် ကျောပိုးအိတ် ခရီးသွား အစ္စရေး နိုင်ငံသား သုံးဦး နှင့် ပလေးဘွိုင်း တီးဝိုင်းအဖွဲ့မှ ဂစ်တာသမား ရစ်ချတ်တို့ က ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဆူးလေ ဘုရား လမ်း အနီး လမ်းဘေး ဂစ်တာဝိုင်း ပြုလုပ်၍ အလှူခံမည်ဖြစ်ပြီး အလှူခံရရှိငွေများကို ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း The Voice ဖေ့စ်ဘုတ်တွင် ရေးထားသည်။ နံနက်ပိုင်း ၁၀ နာရီ ၀န်းကျင်မှ စတင်၍ ရာနှင့်ချီသော လူများက ရန်ကုန်မြို့တွင်း၌ ငြိမ်းချမ်းစွာ စုဝေးလမ်းလျှောက် လှုပ်ရှားမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။ ကချင် စစ်ပွဲများရပ်တန့်ရန် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဦးစီး၍ ငြိမ်းချမ်းစွာ ဆန္ဒပြမည့်အဖွဲ့အား ပြည်သူ့ရင်ပြင် ကားမှတ်တိုင်အနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက ပိတ်ပင်တားဆီးမှုများ ပြုလုပ်သည်ဟုလည်း ဆိုသည်။
from - Irrawaddy

No comments:

Post a Comment

My Blog List