Friday, September 21, 2012

ထိန်းသိမ်း ခံနေရသော ရုရှားပန့်ခ်ဂီတ Pussy Riots အဖွဲ့ဝင်များ ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို


ရုရှားပန့်ခ်ဂီတ Pussy Riots အဖွဲ့ဝင်များ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရုရှားနိုင်ငံမှ ပန့်ခ်ဂီတအဖွဲ့ Pussy Riots ၏ အဖွဲ့ဝင်များအား ထိန်းသိမ်းထားရာမှ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ယခု တောင်းဆိုမှုကို လူငယ် ၃၀၀ ခန့်နှင့် တွေ့ဆုံပွဲတစ်ခု၌ မေးခွန်းတစ်ခုကို ပြန်လည်ဖြေဆိုရင်း ပြောခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲတွင် ပရိသတ်တစ်ဦးက Pussy Riots အဖွဲ့နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ``ကျွန်မအနေနဲ့ တစ်ဖွဲ့လုံးကို ဖြစ်နိုင်သမျှမြန်မြန် လွှတ်ပေးတာ မြင်ချင်ပါတယ်´´ဟုပြောကြားခဲ့သည်။
ထို့အပြင် သူမက အဖွဲ့၏ ဖျော်ဖြေပုံနှင့် ပတ်သက်၍ ``သီချင်းထဲမှာ တခြားသူတွေအဖို့ စက်ဆုပ်ရွံရှာစရာ တစ်ခုခုများ ရှိနေခဲ့လို့လား´´ဟုလည်း ပြန်လည် မေးမြန်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်များသည် ရုရှားအစိုးကို ဝေဖန်ခြင်း ဖြစ်နိုင်ပါသလားဆိုသော မေးမြန်းမှုကိုလည်း သူမက ``အစိုးရများသည် ဝေဖန်ရေးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရမည်´´ဟု ဖြေကြားခဲ့သည်။ 
သူမက Pussy Riot အဖွဲ့၏ သီချင်းများနှင့်ပတ်သက်၍ ``ကိုယ်က တခြားသူတွေကို တစ်ဦးချင်း တိုက်ခိုက်စော်ကားနေတယ်ဆိုရင်တော့ ဒါဟာ ကွဲပြားခြားနားတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်´´ဟုလည်း ရှင်းပြခဲ့သည်။

 Copy fromv - 7Day News Journal's 

ရုရှားပန့်ခ်အဖွဲ့ Pussy Riots သည် ပြီးခဲ့သည့် သြဂုတ်လက ဘာသာရေးအမုန်းပွားမှုဖြစ်အောင် လှုံ့ဆော်သည်ဟူသောစွဲချက်ဖြင့် ရဲဘက်စခန်းတွင် ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ယင်းအဖွဲ့သည် အောက်တိုဘာလ ၁ ရက်၌ ရုရှားအာဏာပိုင်များထံ အယူခံဝင်သွားမည်ဟုသိရသည်။

 AI အဖွဲ့က ပြုလုပ်ခဲ့သော ယခုဆွေးနွေးပွဲတွင် Pussy Riots အဖွဲ့ဝင်တစ်ဦး၏ ခင်ပွန်းဖြစ်သူ Pyotr Verzilov လည်း ပါဝင်ခဲ့သည်။
 

No comments:

Post a Comment

My Blog List