Wednesday, September 19, 2012

"ငါးထောင်တန် ငွေဖြည့်ကတ်ရောင်းချခွင့် မည်သူမဆို လျှောက်ထားနိုင်"


ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များအားရောင်းချခွင့်ကို မည်သူမဆို ကိုယ်စားလှယ်လျှောက်ထား ပါက ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ဆောင်မှုပေးသည့် Elite Tech ကုမ္ပဏီမှ သိရသည်။အဆိုပါ ငွေဖြည့်ကတ်များအား ယခုလ တတိယအပတ်မှ စတင်ရောင်းချပေး သွားမည်ဖြစ်ကြောင်း   ရောင်းချပေးရာတွင်လည်း Elite Tech ဆိုင် သီးသန့် ရောင်းချပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
''ကတ်တွေ အမြန်ဆုံး ရောင်းချနိုင်ဖို့ ကြိုးစားနေပါတယ်။ ရောင်းပေး တဲ့အခါမှာလည်း လက်ရှိငွေဖြည့် ကတ်ရောင်းတဲ့ ပုံစံအတိုင်း ကိုယ်စား လှယ်တွေ ပေးသွားမှာပါ။ စာချုပ်ချုပ်တဲ့အပေါ် မူတည်ပြီး ကိုယ်စား လှယ်တွေ အကျိုးခံစားခွင့် ပိုရရှိမှာပါ''ဟု Elite Tech ကုမ္ပဏီမှ
ဒုတိယအထွေ   ထွေမန်နေဂျာ   ဦးမင်းသက်ပိုင်က ပြောသည်။

ထုတ်လုပ်ရောင်းချပေးမည့် ငွေဖြည့်ကတ် အမျိုးအစားများမှာ CDMA 800 MHz၊ GSM နှင့် CDMA 450 MHz တို့ဖြစ်ကြောင်း CDMA 800 MHz ငွေဖြည့်ကတ် အရောင်မှာ ခဲရောင်အနု၊ CDMA 450 MHz အရောင်မှာ ရွှေဝါ ရောင်အနုနှင့် GSM ကတ်အရောင်မှာ အစိမ်းနုရောင် ဖြစ်ကြောင်း သိရသည်။
ငွေဖြည့်ကတ်သက်တမ်းများမှာ ဖုန်းအတွင်းတွင် ငွေမဖြည့်သွင်းမီ ကာလတွင် ၆ လအထိ ထားရှိပေးထားပြီး ဖုန်းအတွင်းငွေဖြည့်သွင်းပြီး သက်တမ်းမှာ ၄ လဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန် ချက်များအရ သိရသည်။

''ငွေဖြည့်ကတ် ရောင်းချပေးရာမှာလည်း သတ်မှတ်နှုန်းထက် ပိုမရောင်းအောင် ကိုယ်စားလှယ်တွေကို အကျိုးအမြတ်ပေးသွားမှာပါ''ဟု အထက်ပါကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ကျပ်ငါးထောင် တန်ငွေဖြည့်ကတ်များအား ဖုန်းသုံးစွဲသူများ ဝယ်ယူရန်စောင့်ဆိုင်း လျက်ရှိနေပြီး ဖုန်းများရောင်းချသည့် ဆိုင်အများ စုမှာလည်း ယင်းကတ်များအား ရောင်းချပေးနိုင်ရန်   ဆောင်ရွက်နေကြောင်း ဖုန်းဈေး ကွက်မှ သိရသည်။

''လူတော်တော်များများက ငါးထောင်တန်ကတ်ကို လာမေးနေကြပါတယ်။ ငါးထောင်တန်ကတ် တကယ်ရောင်းချခွင့်ရရင်တော့ တစ်သောင်းတန်ကတ် အရောင်းအဝယ် ပါးနိုင်ပါတယ်''ဟု ပုဇွန် တောင်မြို့နယ်ရှိ K မိုဘိုင်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments:

Post a Comment

My Blog List