Wednesday, September 19, 2012

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုများ ဖြေလျှော့ပေးရေးကို ထောက်ခံကြောင်း အမေရိကန်ရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား



မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့တားဆီးများ ဖြေလျှော့ပေးရေးကို ထောက်ခံကြောင်း ပြောကြားရင်း မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၄င်း၏ အထင်ကရ အမေရိကန်နိုင်ငံ ခရီးစဉ်ကို စတင်လိုက်သည်။
ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်ခဲ့သော မြန်မာ သမ္မတ ဦးသိန်းစိန် ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ချီးကျူးပြောဆိုခဲ့သည်။ သို့သော် ဆယ်စုနှစ်ငါးခုခန့် စစ်အုပ်ချုပ်ရေးအောက် နေခဲ့ရသော မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်၍အများကြီး လျှောက်လှမ်းရဦးမည်ဟုလည်း သတိပေးပြော
ကြားသည်။
နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် ၄င်း၏ ခရီးစဉ်အစမှာပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက်ဟီလာရီကလင်တန်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယခင် ရက်သတ္တပတ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉၀ ကို လွှတ်ပေးခဲ့ခြင်း အပါအ၀င် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် တုံ့ပြန်၍ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကို ဖြေလျှော့
ပေးရေး အိုဘားမားအစိုးရက စဉ်းစားနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ဖြစ်ပေါ်လာခြင်း
ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၄င်း၏ ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက်၏ အမြင့်ဆုံးဆုကို လက်ခံရ ယူ မည်ဖြစ်သည်။
"ပိတ်ဆို့တားဆီးမှုတွေ ဖြေလျှော့ပေးဖို့ရာ ကျွန်မ တကယ်ပဲ ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံသားတွေဟာ သူတို့ရဲ့ အန္တိမပန်းတိုင်အတွက် စတင် တာဝန်ယူရမှာမို့ ဖြစ်ပါတယ်"ဟု အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ "ဒီမိုကရေစီ အရှိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ရာ အမေရိကန်ရဲ့ ပိတ်ဆို့တားဆီးမှုတွေအပေါ် ကျွန်မတို့ မှေးမနေ သင့်ပါဘူး။ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ကြရပါမယ်"ဟု ၄င်းကဆက်ပြောသည်။
မစ္စက်ကလင်တန်၏ မှတ်ချက်စကားများတွင် ကုန်သွယ်ရေး ပိတ်ဆို့တားဆီးမှုများအကြောင်း တိုက်ရိုက် မပြောကြားသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကြောင့် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့တားဆီးမှုများ ဖြေလျှော့ပေးရေး အလားအလာကို မြင့်တက်လာစေသည်ဟု ပြောကြားသည်။ အကယ်၍ ယင်းသို့ ဖြေလျှော့မှု ဖြစ်ပေါ်လာမည်ဆိုပါက လာမည့် ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂ၏ အထွေထွေညီလာခံသို့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် လာရောက်တက်ရောက်စဉ်အတွင်း ဖြစ်နိုင်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းက ဖော်ပြသည်။

ကိုးကား - Washinton Post
7Day News Journal

No comments:

Post a Comment

My Blog List