Sunday, September 16, 2012

ဘ၀ ဇာတ်ကြောင်းကို ဦးကျော်ဆန်း စာအုပ်ထုတ် ဝေမည်


Sunday, September 16, 2012


ပြီးခဲ့သည့်လက ပြန်ကြား ရေးဝန်ကြီးတာဝန်မှ ပြောင်းရွှေ့  နေရာချထား ခြင်းခံရသည့် ဦးကျော်ဆန်းသည် သူ၏ ပြန်ကြား ရေးဝန်အတွေ့ အကြုံကို စာအုပ်ထုတ်ဝေရန် စီစဉ် နေသည်ဟု သိရသည်။
သူ၏ ပြန်လည် ပြောကြားချက်များကို စာအုပ်ထုတ်ဝေသူ က စီစဉ်သည့် စာရေး ဆရာတစ်ယောက် က ပြန်လည် ရေးသားမှုများ ဖြင့် ထုတ်ဝေမည့် စာအုပ်တွင် ဦးကျော်ဆန်း က စာရေးဆရာကို ပြော ပြသည် မှာ သူသည် ပုဂံ ခောတ် အမတ် ကြီးတစ်ပါး ဖြစ်သည့် အနန္တသူရိယ အမတ်လို ဖြစ်ကြောင်း ၊အမတ်ကြီး ၏ မျက်ဖြေ လင်္ကာ ဖြစ်သည့်သူတည်းတစ်ယောက်၊ကောင်း ဖို့ရောက်မူသူတစ်ယောက်မှာ၊ပျက်လင့်ကာသာ ဓမ္မတာတည်း။အစချီ သော ကဗျာမှာသူ့ အတွက် ရည်ရွယ် ပြီး ရေးဖွဲ့ စပ်ဆိုသွား သလားပင် ထင်ရသည် ဟု ပြောသည်။ဦးကျော်ဆန်း ၏စာအုပ်တွင် မြန်မာအစိုးရ ပြန်ကြား ရေးဝန်ကြီးဌာ၏ လုပ်ငန်းများအကြောင်း ၊ အစိုးရအ တွင်း ရေး များ နှင့် ဗိုလ်ချုပ် ၊ဗိုလ်ချုပ် ကြီး များ သာမ က ၎င်း တို့  ၏ ကတော်များ က ပါ MRTV မြန်မာ့ ရုပ်သံထုတ်လွှင့်မှုတွင်ပါရှိရန် ကြိုးစား ကြပုံများ ၊ရုပ်သံ နှင့် သတင်းစာတွင် စာမျက် နှာ နှင့် တည်းဖြတ် သတင်းထုတ်လွှင့်မှု အခက်အခဲများကြောင့် မပါရှိခဲ့လျှင် အကောက်ကြံ အညှိုးထားပုံများကို ဖတ်ရှု ရမည်ဖြစ်သည်။

အစိုးရ နှစ်ဆက်တွင် အရေးပါသည့် ၀န်ကြီးတာဝန်ကို ဆယ်စုနှစ်တစ်စု ကျော်ကြာ ထမ်းဆောင်လာသည့် ဦးကျော်ဆန်း သည် ၂၀၀၄ ခုနှစ်က ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ် ကြီး ခင်ညွန့်  ကို ရာထူးမှ ဖယ်ရှားစဉ် က အကြောင်းများလည်း ပါဝင်မည်ဟု သိရသည်။ စာအုပ်ထုတ်ဝေသူက ဦးကျော်ဆန်း ၏ ဘ၀အတွေအကြုံ စာအုပ်ကို ရောင်း ဈေး အနည်းဆုံး ကျပ် တစ်သောင်းခန့်  ဖြင့် ရောင်းချမည်ဟု ဆိုသည်။စိတ်ဝင်စားဖွယ် ဖြစ်သည့် လက်ရှိ ၀န်ကြီးတစ်ပါး၏စာအုပ် ထုတ်ဝေမှုတွင် ပြည်ပ မီဒီယာများ အကြောင်း ၊ ပြည်ပမီဒီယာများမှ သူ နှင့် တွေ့ ဆုံခဲ့သည့် ပုဂ္ဂိုလ်များ ၊ သူ့ ကို ချဉ်းကပ်ခဲ့သည့် ပုဂ္ဂိုလ်များ အကြောင်း လည်း ပါဝင်မည် ဖြစ်သည်။ဦးကျော်ဆန်းသည် သတင်းစာ ဆရာ ကြီး ကြေးမုံ ဦးသောင်း ရေး သားခဲ့သမျှ ကို အကုန်ဖတ်ရှု ပြီး သူ၏ စာအုပ်များကို နိုင်ငံခြားမှ မှာယူဝယ်ယူသိမ်းဆည်း ထားမှုလည်း ပြု သည်ဟု ဆိုသည်။

No comments:

Post a Comment

My Blog List