Sunday, September 16, 2012

နာမည်ကျော် သတင်းစာဆရာ ဘာတေးလစ်တနာ မြန်မာနိုင်ငံ ပြည်ဝင်ခွင့်အတွက် ခက်ခဲနေဟုဆို

Sunday, 16 September 2012

ထိုင်းနိုင်ငံ အခြေစိုက် ဆွီဒင်နိုင်ငံသား နာမည်ကျော်သတင်းစာဆရာဘာတေးလစ်တနာ သည်  မြန်မာ နိုင်  ငံပြည်ဝင်ခွင့်အတွက် ခက်ခဲမှုများ ရှိနေကြောင်း Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ ဘာတေး လစ်တနာမှာ ၁၉၈၅ခုနှစ် အချိန်ကပင် မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး မကြာေ သးမီအချိန်က အစိုးရမှ ပယ်ဖျက်ပေးလိုက်သော အမည်ပျက်စာရင်းဝင် သတင်းစာဆရာ တစ်ဦး လည်း ဖြစ်ပါသည်။

“မြန်မာနိုင်ငံကို လာရောက်နိုင်ဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ အကြိမ်ကြိမ် ပယ်ချခံရတာ ချည်းပါပဲ။ ဒါပေမဲ့ အစိုးရအဖွဲ့ က ကျွန်တော့်နာမည်ကို သူတို့သတ်မှတ်ထားတဲ့ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးပြီးတဲ့နောက်ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့်ပြည်ဝင်ခွင့်အတွက် ထပ်ပြီး လျှောက် လွှာတင်ခဲ့ပါတယ်။ မြန်မာသံရုံးမှာ ကျွန်တော့်လျှောက်လွှာကို လက်မှတ်ထိုးပေးမယ့်သူ အခုချိန် အထိ ပေါ်မ လာသေးပါဘူး။ မြန်မာနိုင်ငံကို       ပြည်ဝင်ခွင့်ရဖို့ဆက်ပြီးကြိုးစားနေရတုန်းပါပဲ”ဟု   ဘာတေးလစ်တနာ က  ပြော  ပါ သည်။မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဘာတေးလစ်တနာ ရေးသားခဲ့သော စာအုပ်အချို့မွှာThe Rise and Fall of the Communist Party of Burma (CPB) စာအုပ်၊ Outrage: Burma's Struggle for Democracy စာအုပ်၊ The Kachin: Lords of Burma's Northern Frontier စာအုပ်၊ Land of Jade: A Journey from India through Northern Burma to China   စာအုပ်၊ Merchants of Madness: The Methamphetamine Explosion in the Golden Triangle စာအုပ်တို့ ဖြစ်ကြပါသည်။

လက်ရှိအချိန်တွင် Wall Street Journal နှင့် Asia Times အစရှိသည်တို့တွင် ဆောင်းပါးများ ရေးသား လျက်ရှိနေပါသည်။ နောက်ဆုံး ထွက်ရှိထားသော စာအုပ်မှာ Great Game East - India, China and the struggle for Asia's most volatile frontier စာအုပ်ဖြစ်ပါသည်။

No comments:

Post a Comment

My Blog List