ဧရာဝတီတိုင်းသာပေါင်းမြို့နယ်ဥသျှစ်ရွာကျေးရွာသည် ရေကြီးခြင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရသည့် ရွာတစ် ရွာ ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၂-စက်တင်ဘာ (၉) ရက်တွင် ဥသျှစ်ရွာ ကျေးရွာ အုပ်စု (၇) ရွာ ရှိသည့် အနက် ရေးဘေးဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသော ရွာလေးဖြစ်သည်။ ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့သည်မှ ၉ ပေခန့်ရှိပြီး ထိုအခြေအနေမှ တောင့်ခံနေသည်မှာ(၆)ရက်ခန့် ရှိပြီ ဖြစ်ကြောင်း ဒေသခံများက ပြော သည်။ ကျေးရွာများ တွင် ယခုရက်ပိုင်းအတွင်း သေဆုံး ကွယ်လွန်သူများကိုလည်း
ရပ်ရွာဓလေ့အတိုင်း မြေမြှုပ် သဂြိုဟ်ခြင်း မပြုနိုင်သောကြောင့်သင်္ချိုင်းများတွင်သစ်ပင်ပေါ်တင်ခြင်း၊ စင်တည်ဆောက်၍ထားရခြင်း များကိုလည်း တွေ့ သိခဲ့ ရသည်။
No comments:
Post a Comment