Sunday, September 16, 2012

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂၀၁၂ ကို ဒုတိယအကြိမ်မြောက်အဖြစ် လွှတ်တော်ဝန်း သဘင်ဆောင်တွင် ကျင်းပ၊ ဒီမိုကရေစီ အနှစ်သာရအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်များ ပွင့်လင်းမြင်သာဖို့လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် ပြောကြား

Sunday, 16 September 2012 

7505 

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂၀၁၂ကို ဒုတိယအကြိမ်မြောက်အဖြစ် လွှတ်တော်ဝန်းအတွင်းရှိ သဘင်ဆောင်၌စက်တင်ဘာလ၁၅ရက်နေ့ကကျင်းပခဲ့သည်။ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီမိုကရေစီရဲ့ အနှစ်သာရအရ အားလုံးပါဝင်ဆွေးနွေးနိုင်ရန် အတွက် ပြည်သူ့ကိုယ်စား တာဝန်ထမ်းဆောင်နေကြသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရား စီရင်ရေး ဆိုင်ရာ မဏ္ဍိုင်အသီးသီးမှ ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာဖို့ လိုအပ်ကြောင်း၊ ပွင့်လင်းမြင့်သာမှု မရှိပါက မှန်ကန်စွာပါဝင် ဆွေးနွေးနိုင်ခြင်း မရှိသည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးပျက်တတ်သည့် အတွက် ပွင့် လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“စနစ်ဟောင်းတစ်ခုကနေ စနစ်သစ်တစ်ခုကို ပြောင်းလဲကျင့်သုံးရာမှာ စနစ်ကို နားမလည်ခြင်း၊ နားလည်ေ သ်ာလည်း မသိစိတ်က လက်မခံနိုင်ခြင်းတို့ကြောင့် ပွင့်လင်း မြင်သာမှု မရှိဖြစ်တတ်ပါတယ်။ မိမိ တို့၏လုပ် ငန်းဆောင်ရွက်မှုအပေါ် ပြည်သူနဲ့ ပြည်သူ့ကိုယ်စားလှယ် များသိရှိမည်ကိုစိုးရိမ်ပြီး ဘောင်ခတ် ကန့်သတ် တတ်ကြပါတယ်။ ပွင့်လင်း မြင်သာမှုမရှိခြင်းဟာ အားလုံးပါဝင် ဆွေးနွေးမှုကို ဆန့်ကျင်တဲ့သဘော လက္ခဏာဖြစ်တဲ့အတွက် ဒီမိုကရေစီ လူ့ဘောင်တည်ဆောက်မှုကို တုံ့နှေး အောင်ဆောင်ရွက်ခြင်းဖြစ်ေ ကြာင်း၊ ဒီမိုကရေစီနေ့၏ဆောင်ပုဒ် ‘အားလုံး ပါဝင်ဆွေးနွေးလျက် - ဒီမိုကရေစီ ဗဟိုချက်’ အရ နိုင်ငံသားအားလုံးပါ ၀င်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ကိုယ်စား တာဝန်ယူဆောင်ရွက် ရသူအသီး သီးက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း” မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက “ဒီမိုကရေစီဆိုတာကတော့ အများဆန္ဒအတိုင်းရွေးချယ် ထားသည့် ကိုယ်စားလှယ်များက အများအကျိုးအတွက် အများကိုပြန်လည်အုပ်ချုပ်တဲ့ စနစ်ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာ ၀န်ယူမှုတွေရှိပါမှ ဒီမိုကရေစီက အသက်ဝင်ရှင်သန်မှာ ဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦးလေးစားခြင်း၊ ရိုးသားပွင့်လင်းစွာ ဆက်ဆံခြင်းများ မရှိမဖြစ်ရှိရန်မှာ ဒီမိုကရေစီေ ဖာ် ဆောင်ရေးအတွက် အရေးကြီးပါတယ်။ နိုင်ငံသားတစ်ဦးရဲ့မူလအခွင့် အရေးမှာ ဥပဒေနဲ့အညီလွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ စုဝေးခွင့်တို့မှာ အကျယ်ပြန့်ဆုံး ဆောင်ရွက်နိုင်တာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒ သဘောထားမပါဘဲ အမိန့် ညွှန်ကြားချက်နဲ့ဥပဒေများဟာ ဒီမိုကရေစီမဟုတ်၊ အာဏာရှင်ဆန်တဲ့ စနစ်ဖြစ်သွားပါလိမ့်မယ်။ လွှတ်တော်ဟာ ဥပဒေပြုရေးတွင်အားလုံး ပါဝင်နိုင်သည့်၊ လွှတ်တော်ကတစ်ဆင့် အုပ်ချုပ်ရေးအဖွဲ့များ၊ အသီးသီးသောဌာနများဟာ စီမံခန့်ခွဲရမည့် ဥပဒေများကို ပြည်သူ့ကိုယ်စားလှယ်များနဲ့ သက်ဆိုင်ရာဌာနများ အပါအ၀င် အများဆန္ဒသဘောထား နဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟု အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List