Sunday, September 16, 2012

 ယီမင်ရှိ အာရေဗျ အယ်လ်ကေးဒါးအဖွဲ့က အမေရိကန်ကို တိုက်ခိုက်မှု ထပ်မံပြုလုပ်ရန် တိုက်တွန်း

Sunday, 16 September 2012
 

လစ်ဗျားအရှေ့ပိုင်းရှိ အစ္စ လာမ္မစ်စစ်သွေးကြွများကို ထောက် လှမ်းသောသတင်းရင်းမြစ်များ၏အဆို အရ ဘင်ဂါဇီတွင် ယခုတိုက်ခိုက်မှု မတိုင်မီဖြစ်ပွားခဲ့သည့် သံရုံးကို လက်နက်များဖြင့် တိုက်ခိုက်မှုတွင် တာဝန်ရှိ သည့် အယ်လ်ကေးဒါးလို လားသောအဖွဲ့မှာ အဓိကသံသယ ဖြစ်စရာကောင်းနေကြောင်းသိရသည်။
ယခုတိုက်ခိုက်မှုမှာ ယင်းဇာတ်ကား ကြောင့်မဟုတ်ဘဲ ကြိုတင်စီစဉ်ထား မှုဟုယုံကြည်ရကြောင်း အမေရိ ကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။လန်ဒန်ရှိ ပညာရှင်များအဖွဲ့ Quilliam ကလည်း ယင်းတိုက်ခိုက် မှုမှာ ပြီးခဲ့သောလများအတွင်း အယ်လ်ကေးဒါး နံပါတ်နှစ်ခေါင်းဆောင် အဘူယာယာအယ်လီဘီ အသတ်ခံရမှုအတွက် လက်စားချေခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့ပြီး စတီဗင်မှာ ဓားစာခံဖြစ်ခဲ့ေ ကြာင်း ပြောကြားခဲ့သည်။ယခုတိုက်ခိုက်မှုမှာ စစ်သွေးကြွ အကြမ်းဖျင်း ၂၀ ဦးခန့်၏ တိုက်ခိုက် မှုဖြစ်ပြီး ရော့ ကတ်လောင်ချာများမှာ ငြိမ်းချမ်းသော ဆန္ဒပြမှုများတွင် ပုံမှန်အားဖြင့် ပါဝင်ရမည့်အရာ မဟုတ်ကြောင်း ယင်းအဖွဲ့က ပြော ကြားခဲ့သည်။ ထို့ပြင် လစ်ဗျားရှိ အခြားနေရာများတွင် ယင်းဇာတ်ကားကို ဆန္ဒပြမှုများ၌ ယင်းလက်နက်များအား မတွေ့ခဲ့ရကြောင်း နှိုင်းယှဉ်ပြခဲ့သည်။ ထို့ပြင် ယခုတိုက်ခိုက်မှုမှာ စက်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၁ နှစ်ပြည့်နှင့် တိုက်ဆိုင်နေခြင်းမှာလည်း ရှင်းရှင်းလင်းလင်း မသိရေ သးပေ။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ အမေရိကန်သံရုံးများကို အကြမ်းဖက်ကြရန်၊ အနောက်နိုင်ငံများရှိ မွတ်စလင်များအနေဖြင့် အမေရိကန်တို့ကို တိုက်ခိုက်ကြရန် ယီမင်ရှိ အာရေဗျကျွန်းဆွယ် အယ်လ်ကေးဒါး အဖွဲ့(AQAP) က တိုက်တွန်းခဲ့သည်။ မိမိတို့အဖွဲ့မှ နံပါတ်နှစ်ခေါင်းဆောင် အဘူယာယာအယ်လီဘီ အသတ်ခံရသည့်အတွက် လက်စားချေရန် စိတ်အားတက်စေခဲ့ပြီး တမန်တော်မိုဟာမက်အပေါ် စော်ကား မှုအတွက် လစ်ဗျားလွတ်မြောက်ရေးသူရဲကောင်း အိုမာအယ်မူတာ၏ သားများက လက်တုံ့ပြန်ခဲ့ကြခြင်းဖြ စ်ကြောင်း AQAP က ထုတ်ပြန်ခဲ့သည်။

Eleven

No comments:

Post a Comment

My Blog List