Thursday, August 30, 2012

အာအက်ဖ်အေရေဒီယို မြန်မာပိုင်းသတင်းဌာန အယ်ဒီတာကျင့်ဝတ်မညီသူတဦးအား အရေးယူခြင်းမရှိ(ပေးစာ)

မိမိလက်အောက်မှာအမှုထမ်းနေ
သူအိမ်ထောင်ရှင်ဝန်ထမ်းအမျိုး
သမီးနှစ်ဦးနှင့်လူမှုရေးဖောက်ပြန်
သည်ဟုသတင်းထွက်ပေါ်နေသည့်
အမေရိကန်နိုင်ငံဝါရှင်တန်အခြေစိုက်
အာအက်ဖ်အေမြန်မာပိုင်း

ဌာန အယ်ဒီတာဦးခင်မောင်စိုးအားသက်ဆိုင်ရာ ကယနေ့အထိအရေးယူမူမရှိသေးကြောင်း
စုံစမ်းသိရှိရသည်။

လွန်ခဲ့သောသတင်းပတ်ကအာအက်အေ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိနှင့်အယ်ဒီတာဦးခင်မောင်စိုးတို့၏
တယ်လီဖုံးမှတဆင့် ၎င်းတို့အတွင်းရေးများအချီအချပြောဆိုသည်ဟုယုံကြည်ရလောက်သည့်လှို့ဝှက်
အသံဖိုင်နှစ်ခု ပြင်ပအင်တာနက်မီဒီယာလောကသို့ပေါက် ထွက်လာရာမှအစပြုပြီးအဆိုပါဋ္ဌာနအယ်ဒီတာ
ဦးခင်မောင်စိုးနှင့်ဒေါ်ခင်ခင်အိအပြင်ဒေါ်သင်းသီရိတို့၏လူမှုရေးဖောက်ပြန်မှုများပေါ်ထွက်
လာခြင်းဖြစ်သည်။

အာအက်ဖ်အေနှင့်နီးစပ်သည့်သတင်းရပ်ကွက်၏အဆိုအရ လတ်တလောအချိန်အထိကာယကံရှင်
အယ်ဒီတာနှင့်ဝန်ထမ်း များအပေါ် အရေးယူခြင်းမရှိသေးသော်လည်းဋ္ဌာနတွင်းစုံစမ်းစစ်ဆေးမှုများကိုမူ
ဆောင်ရွက်နေသည်ဟုယူဆရကြောင်းသိရသည်။

အဆိုပါလေ့လာစုံစမ်းမှု၌အာအက်အေ မြန်မာပိုင်းဋ္ဌာနမှမဟုတ်သည့်အထက်လူကြီးများပါဝင်နိုင်သလို၊
ရုံးတွင်းလှို့ဝှက်ချက်များပြင်ပသို့ ပေါက်ကြားခဲ့သည့်ဖြစ်စဉ်ကိုအဓိက ဦးစားပေးစစ်ဆေးနေသည်ဟုယူ
ဆရကြောင်းလည်းအဆိုပါအာအက်အေနှင့် နီးစပ်သည့်သတင်းရပ်ကွက်အဆိုအရသိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍၀ါရှင်တန်ဒီစီအခြေစိုက်အာအက်ဖ်အေမြန်မာပိုင်းဌာနသို့ ဆက်သွယ်
မေးမြန်းကြည့်သောအခါထိုဋ္ဌာနမှအမည် မဖော်လိုသည့်အယ်ဒီတာတဦးကယင်းကိစ္စရပ်များနှင့်
ပတ်သက်၍မိမိတို့သတင်းဋ္ဌာနမှမည် သူတဦးတယောက်မှပြောဆိုဖြေကြားခွင့်မရှိကြောင်း၊

သို့သော်အရေးယူစုံစမ်းမှုများလုပ်ကောင်းလုပ်နိုင်ကြောင်း၊မိမိတို့အနေနှင့်ဤကိစ္စတစုံတရာမှမသိရှိသလို၊
ထင်မြင်ချက်လည်းမပေးနိုင်ကြောင်းတုန့်ပြန်ဖြေကြားခဲ့သည်။

လွန်ခဲ့သောသတင်းပတ်ကပြင်ပသို့ပျံ့နှံ့ခဲ့သည့်အသံဖိုင်နှစ်ခုစလုံးတွင်ဒေါ်ခင်ခင်အိ၏အသံတခု
သာကြားရပြီးတဖက်မှအယ်ဒီတာဦးခင်မောင်စိုး၏အသံကိုသဲကွဲစွာမကြားရပါ။
သို့သော်အဆိုပါအသံဖိုင်ကိုသေချာလေ့လာနားထောင်ပါကတဖက်အသံရှင်မှာဦးခင်မောင်စိုးဖြစ်နိုင်
သလို၊သူတို့နှစ်ဦး၏ချစ်မှုရေးရာနှင့်ပတ်သက်သည့်မကြေနပ်ချက်များ၊ဖြေရှင်းချက်များ၊
ပါဝင်နေပါသည်။

အဆိုပါအသံဖိုင်အရအယ်ဒီတာဦးခင်မောင်စိုးသည်သူ၏လက်အောက်ငယ်သားနှစ်ဦးဖြစ်သည့်အာအက်
အေ၀ိုင်းတော်သားဒေါ်ခင်ခင်အိနှင့်ဒေါ်သင်းသီိရိတို့နှင့်ချစ်မှုရေးရာငြိစွန်းမှုများရှိသလို၊သုံးပွင့်ဆိုင်မကြေ
လည်မှုများ လည်းရှိနေကြောင်းသိနိုင်သည်။

စိတ်ဝင်စားဘွယ်ကောင်းသည့်အချက်များတွင်ရုံးတွင်းလျှို့ ၀ှက်ချက်အသံဖိုင်ပြင်ပပေါက်
ကြားမှုလည်းပါဝင်သည်။

အာအက်အေမြန်မာပိုင်းသတင်းဋ္ဌာနမှတစုံတယောက်မှမပို့ဘဲဤအသံဖိုင်များပြင်ပရောက်နိုင်မည်
မဟုတ်ပါ။

အကဲခတ်သုံးသပ်သူတို့အဆိုအရ၊ဤအသံဖိုင်ပေါက်ကြားမှုတွင်ဦးခင်မောင်စိုးတို့သုံးပွင့်ဆိုင်ချစ်မှုရေးရာ
သို့မဟုတ်အခြားအလုပ်ကိစ္စနှင့်ဖြစ်စေအလိုမကျသူ ၀ိုင်းတော်သားတဦးဦးကအသံဖိုင်မှတ်တမ်းကိုကူး
ယူဖြန့်ချိခြင်း၊သို့မဟုတ်ဒေါ်ခင်ခင်အိအလုပ်စားပွဲမှတိတ်တဆိတ်အသံဖမ်းဖြန့်ချိခြင်း၊

သို့မဟုတ်ကာရကံရှင်ဒေါ်ခင်ခင်အိကိုယ်တိုင်လည်းအသံဖိုင်သို့မဟုတ်အသံဖမ်း၍ဖြန့်ခြင်း
၊သို့မဟုတ်ပြင်ပမှတယ်လီဖုံးလိုင်းကှိုတဆင့်ခိုးယူအသံကူးခြင်းစသည်တို့ဖြစ်စေ၊အခြားနည်း
လမ်းတမျိုးမျိုးနှင့်ဖြစ်စေဆောင် ရွက်ဟန်တူကြောင်းခန့်မှန်းပြောဆိုမှုများ
လည်းရှိနေသည်။

သို့သော်ယခုကိစ္စသည်အသံဖိုင်မည်သို့သောနည်းနှင့်အပြင်ရောက်သည်မှာအရေးကြီးသလို၊ မီဒီယာသတင်းဋ္ဌာနကြီးတခု၏အကြီးအကဲအယ်ဒီတာတယောက်မှသတင်းသမားကျင့်ဝတ်နှင့်
မလျော်ညီသည့်၊

လူမှုဖောက်ပြန်မှု၊အဂတိလိုက်စားမှု၊အကျင့်ပျက်စာရိတ္တခြစားမှုတို့ကလည်းအထူးအရေးပါလှသည်။

ရန်ကုန်မြို့အခြေစိုက်သတင်းဂျာနယ်တခုမှဝါရင့်အယ်ဒီတာတဦးက“
ကျနော်ကအယ်ဒီတာကိုခင်မောင်စိုးနဲ့လည်းရင်းနှီးပါတယ်၊ပုဂ္ဂိုလ်ရေးအရဘာမှမပြောလိုပါဘူး၊
ဒါပေမဲ့အထက်လူကြီးတယောက်စောင့်စည်းရမဲ့
ကျင့်ဝတ်တွေတော့ရှိရပါ့မယ်၊။

အာအက်အေဆိုတာ မြန်မာပြည်သူတွေတလေးတစားနားဆင်နေတဲ့မီဒီယာတခုပါ။
ပိုဆိုးတာကဦးဝင်းတင်လို၊ရဟန်းရှင်လူတွေကလေးစားတဲ့နိုင်ငံရေးသမားကြီးတွေ၊ နိုဘယ်လ်ငြိမ်းရေးဆုရှင်လည်းဖြစ်၊ပြည်သူတွေလေးစားတဲ့ခေါင်းဆောင်လည်းဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်တွေနဲ့လည်းကိုခင်မောင်စိုးကအင်တာဗျူးအစီအစဉ်တွေ
လုပ်ပြီးလွှင့်နေတာဗျ။

ဒီတော့ အဲဒီခေါင်းဆောင်တွေကို အားနာထောက်ထားဘို့ကောင်းပါတယ်၊ သူတို့ဂုဏ်သိက္ခာလည်း
ရှိသေးတာကိုး၊ကျနော်တို့စာနယ်ဇင်းလောကထဲမှာတောင်ဒီကိစ္စတွေဆွေးနွေးဖြစ်ပါတယ်၊
ဦးခင်မောင်စိုးအစီအစဉ်တွေကိုလူပြောင်းပြီးလုပ်သင့်ပြီဗျ”

ဦးခင်မောင်စိုးစီစဉ်သည့်၊ဦးဝင်းတင်၏ခေတ်ဝန်ကိုထမ်း၍ခေတ်လမ်းကိုလျှောက်ခြင်း၊
ဦးဝင်တင်နှင့်စကားပြောခြင်းအပြင်၊ဒေါ်အောင်ဆန်းစုကြည်နှင့်အစီအစဉ်တခုဖြစ်သည့်“ဒီမိုကရေစီ
ခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်”အစီအစဉ်တို့သည်ပရိသတ်နှစ်ခြိုက်သည့်
အစီအစဉ်များလည်းဖြစ်သည်၊

သို့သော်ဒေါ်အောင်ဆန်းစုကြည်နှင့်အင်တာဗျူးအမေးအဖြေ၌ဦးခင်မောင်စိုး၏“အမ..အမ..
ဟုသုံးနှုံးခေါ်ဝေါ်ခြင်းအပေါ် အများကဝေဖန်ထောက်ပြသည်များရှိခဲ့သည်။

လတ်တလော၌အာအက်ဖ်အေရုံးချုပ်တွင်ဝန်ထမ်းအားလုံးယခင်ကအတိုင်းပုံမှန် အလုပ်များလုပ်နေသကဲ့သို့ကာယကံရှင်များမှာလည်းပိုနေမြဲကျားနေမြဲအတိုင်း အဆက်အဆံမပျက်ရှိနေသည်ဟုစုံစမ်းသိရှိရသည်။

အယ်ဒီတာဦးခင်မောင်စိုးသည်မြန်မာပိုင်းဋ္ဌာနအကြီးအကဲညွှန်ကြားရေးမှုးဒေါ်ငြိမ်းရွှေနှင့် ရင်းနှီးသူဖြစ်သလို၊အထူးအလေးပေးအားကိုးယုံကြည်မှုခံရသူဟုလည်းသတင်းထွက် နေသူဖြစ်သည်။

“အာအက်ဖ်အေမှာကိုခင်မောင်စိုးကအတော်သြဇာကြီးတယ်လို့ကျနော်တို့သိရတယ်၊
သူနဲ့ပိုင်ရင်၊တည့်အောင်ပေါင်းနိုင်ရင်၊

သူဘာပြောပြောသီးညီးခံနိုင်ရင်ရာထူးတောင်တက်နိုင်တယ်လို့ကြားဖူးတယ်။
သူကလည်းဋ္ဌာနမှုးဒေါ်ငြိမ်းရွှေကိုအတော်သြဇာလွှမ်းတယ် ကြားတယ်၊

သူနဲ့တည့်တဲ့ဒေါ်ခင်ခင်အိတို့၊ဦးဝင်းနိုင်တို့ကိုအရေးကြီးတဲ့NLDတို့၊ပြည်သူ့
လွှတ်တော်သတင်းတို့ကိုလိုက်ခိုင်းပြီးသူကိုအာခံသူတွေဆိုရင် လုပ်ပိုင်ခွင့်မပေးတာတို့၊ နှိမ့်ချဆက်ဆံတာတို့လုပ်တယ်လို့တောင်ကြားတာပဲ
”ဟုအမည်မဖော်လိုသည့် ဂျာနယ်အယ်ဒီတာတဦးကဆိုသည်။

ပြင်ပသို့ပေါက်ကြားသည့်အသံဖိုင်အမှတ်နှစ်၌ဒေါ်ခင်ခင်အိက ဦးခင်မောင်စိုးအားဋ္ဌာနမှုး ဒေါ်ငြိမ်းရွှေနှင့်ပတ်သက်၍မည်သို့မည်ပုံချည်းကပ်သင့်ကြောင်းအကြံပေးခဲ့သည့်နည်းတူ၊

သူမ၏အသံလွှင့်အစီအစဉ်နှင့်ပတ်သက်၍အလေးပေးဆောင်ရွက်
ရန်တိုက်တွန်းသည့် အချက်များကဒေါ်ခင်ခင်အိသည်ဦးခင်မောင်စိုးအပေါ်သြဇာ
သက်ရောက်မှုရှိသည်ကိုပြသနေပါသည်။

အမည်မဖော်လိုသည့်အာအက်ဖ်အေ၀န်ထမ်းဟောင်းတဦးက“အရင်ဋ္ဌာနမှုးဦးစိုးသင်း လက်ထက်ကလည်းအာအက်ဖ်အေ၀န်ထမ်းတွေကြားမသင့်မြတ်မှုတွေနဲ့၊အထက်လူကြီးတွေ
အထိတိုင်တာ၊တောတာတွေရှိခဲ့တာပါဘဲ၊ဒါပေမဲ့ဒီတခါတော့အတော့

ကိုအခြေအနေဆိုးပုံရတယ်၊ဋ္ဌာနတွင်းလျှို့ဝှက်လုံခြုံရေးနည်းစနစ်ပေါက်ကြားမှုရော၊ တရားမျှတမှုမရှိတဲ့အထက်အောက်ဆက်ဆံရေးတွေနဲ့အဂတိလိုက်စားမှု၊မျက်နှာလိုက်မှု တွေရောထွေးနေတဲ့၊အုပ်ချုပ်ရေးဖရိုဖရဲဖြစ်တာတွေရှိနေတယ်၊

ဟုတ်မဟုတ်တော့မသိဘူးဦးခင်မောင်စိုးရဲ့ကိစ္စတင်မက၊ဋ္ဌာနတွင်းအကြီးအကဲတွေရဲ့ဆက်
ဆံရေးတွေကိုပါဝန်ထမ်းတွေလက်မှတ် ထိုးပြီးအထက်လူကြီးတွေကိုတိုင်တဲ့အထိတောင်
ဖြစ်တယ်လို့ကြားတယ်”ဟုဆိုသည်။

“ဒီကိစ္စအမြန်ဆုံးစုံစမ်းအရေးယူမှုမရှိရင်အခြေအနေက ပိုဆိုးသွားလိမ့်မယ်အာအက်ဖ်အေနဲ့ဋ္ဌာန
အကြီးအကဲတွေရဲ့ဂုဏ်သိက္ခာပါကျဆင်းနိုင်တယ်။

နောက်ဆက်တွဲပြဿနာအများကြီးဖြစ်လာနိုင်တယ်”ဟုအဆိုပါအာအက်ဖ်အေ၀န်ထမ်းဟောင်း
ကမှတ်ချက်ချပြောဆိုပါသည်။

ပြင်ဆင်တည်ဖြတ်ခြင်းမရှိပါ။  ပို့ ပေးသူ  မိုးဇော်ကို
အတိုင်းဖော်ပြလိုက်ခြင်ဖြစ်သည်။

No comments:

Post a Comment

My Blog List