ဒေါက်တာနိုင်အောင် အပါအ၀င်သုံးဦးသည် သမ္မတ၏ ဖိတ်ကြားချက်အပေါ်
ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စီစဉ်ပေးချက်အရ နိုင်ငံတော်သမ္မတ အပါအ၀င်
အခြားတွေ့သင့်တွေ့ထိုက်သော ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့်
တွေ့ဆုံဆွေးနွေးလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ခရီးစဉ်နှင့်ပတ်သက်သော သဘောထားကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ချက်တွင် "မြန်မာနိုင်ငံ ဒီမိုကရေစီအရေး
တက်ကြွလှုပ်ရှားသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ထောက်ခံအားပေးသူ ပုဂ္ဂိုလ်အရေအတွက်
အများအပြားရဲ့ နိုင်ငံတော်အစိုးရရဲ့ အမည်မဲစာရင်း (Black List)
ပယ်ဖျက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ဒီအချက်ဟာ အမျိုးသား
ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းပဲ ဖြစ်ပါတယ်။
သို့သော်လည်း ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို
လျှောက်လှမ်းနေတဲ့အချိန် ဖြစ်တဲ့အလျှောက် အစိုရနဲ့ မတူညီတဲ့ မိမိရဲ့
သဘောထားကို ထုတ်ဖေါ်ပြောဆိုတာတွေကြောင့် ပြည်ပမှာရှိနေတဲ့
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲ မရှိသင့်သလို
အကျဉ်းထောင်ထဲတွေ ရောက်ရှိနေသူတွေ မရှိသင့်တော့ပါ။
"ကျွန်တော်အနေနဲက
မြန်မာပြည်မှာ အမည်းစာရင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့တဲ့နေကို
မျှော်လင့်နေပြီး အဲ့ဒီနေ့ မကြာခင်ရောက်ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။
ကျွန်တော်အခုလာတာဟာ တစ်ဦးချင်းဖိတ်လို့ တစ်သီးပုဂလအနေနဲက လာတာ ဖြစ်ပေမယ့်
ကျွန်တော်ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား
ပြန်လည်သင့်မြတ်ရေးအမြင် မူသဘောထားဘောင်အတွင်းကသာ ဆွေးနွေးသွားမှာ
ဖြစ်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြောင်းလဲမှု ဖြစ်ဖို့အတွက်
ပြည်တွင်းပြည်ပ အင်အားစုအားလုံးပါဝင်တဲ့ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး
သဘောတူညီချက်တွေ ဖေါ်ထုတ်မယ့် တွေ့ဆုံဆွေးနွေးရေး အဖြေရှာရေး
ဖြစ်စဉ်တစ်ခုကို ၂၀၁၅ မတိုင်ခင်မှာ ပေါ်ပေါက်လာဖို့ လိုပါတယ်။ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲမှုတွေအတွက် မျှော်လင့်ချက်အလင်းရောင်တွေ မြင်စပြုလာတဲ့
ဒီအချိန်မှာ ပြည်သူပြည်သား အားလုံး တောင့်တတဲ့ ရေရည်တည်တံ့နိုင်တဲ့
ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီး ဦးတည် ဆွေးနွေးသွားမှာ
ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရတို့ အမျိုးသား
ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ နိင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို
အကောင်အထည် ဖေါ်ဆောင်ရွက်သွားမယ်လို့ ရိုးသားစွာ ယုံကြည်မိပါတယ်။
အဲ့ဒီလိုဆွေးနွေးမှုကို အဓိပ္ပါယ်ရှိရှိ ယုံယုံကြည်ကြည်ဆောင်ရွက်ရအောင်
ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တိုင်းရင်းသား နယ်မြေမှာ
ထိုးစစ်တွေ ရပ်ပေးဖို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရပ်ပေးဖို့၊
စစ်မှန်တဲ့ မီဒီယာလွတ်လပ်ခွင့် ပြုဖို့၊ နယ်စပ်အခြေစိုက် ဒီမိုကရေစီ
အင်အားစုများအနေဖြင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ဖို့၊
ပြည်ပရောက်အင်အားစု နိုင်ငံရေးလွတ်လပ်ခွင့် ရှိစွာဖြင့်
တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စိတ်ချလုံခြုံစွာ
ဆောင်ရွက်နိုင်ဖို့ သမ္မတနှင့်တကွ အစိုးရအပါအ၀င် နိုင်ငံတော်
အဖွဲ့အစည်းအားလုံးကို အလေးအနက် ဆန္ဒပြုပါတယ်။ " ဟု ပါရှိကြောင်း
သိရသည်။ ABSDF မြောက်ပိုင်ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းမှုများအပေါ်
"တရားဥပဒေစိုးမိုးမှု ပွင့်လင်ထင်သာမြင်သာမှု ဖြစ်တဲ့အခြေအနေရောက်ရင်
အဲ့ဒီကိစ္စနှင့်ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့
ရှာဖွေလုပ်ဆောင်ချင်ပါတယ်။ အဲ့ဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့
ကျွန်တော်ပြောလိုပါတယ်။ နောက်ပြီးတော့ အဲ့ဒီအချိန်မှာ ဖြစ်ခဲ့တဲ့
လူ့အခွင့်အရေးချိုးဖေါက်ခံနေတယ်ဆိုတဲ့ ကိစ္စတွေအပေါ် ကျွန်တော်ဝမ်းနည်းပါတယ်။
စိတ်မကောင်းပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဒေါက်တာနိုင်အောင်သည် နိုင်ငံတော်သမ္မတရုံမှ သြဂုတ်လ ၃၀ ရက်နေ့တွင်
ထုတ်ပြန်ခဲ့သည့် Blacklist စာရင်းမှ ပျယ်ဖျက်ခံရသူများ စာရင်းတွင်
ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment