Friday, August 31, 2012

ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန အရေအတွက် ပြင်ဆင် ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါကစက်တင်ဘာ ၃ ရက် (၃-၉-၂၀၁၂ ရက်- တနင်္လာနေ့) ၁၀း၀၀ နာရီနောက်ဆုံးထား၍ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ပါကြောင်း

ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန အရေအတွက် ပြင်ဆင် ခြင်း၊ ပြည်ထောင်စုဝန်ကြီးဦးရေ တိုး/လျှော့ခြင်း များနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါကစက်တင်ဘာ ၃ ရက် (၃-၉-၂၀၁၂ ရက်- တနင်္လာနေ့) ၁၀း၀၀ နာရီနောက်ဆုံးထား၍ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့ နိုင်ပါကြောင်းနှင့် စက်တင်ဘာ ၄ ရက် (၄-၉-၂၀၁၂ ရက်-အင်္ဂါနေ့)တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်း အဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက(ကိုယ်စား) ပြည်ထောင်စုလွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ဦးကျော်စိုးက   ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုသြဂုတ်၃၁ရက်ရက်စွဲဖြင့်အသိပေးအကြောင်းကြားစာ ပေးပို့သည်။

နိုင်ငံတော်သမ္မတကပြည်ထောင်စုအစိုးရ၀န်ကြီးဌာနအရေအတွက် ပြင်ဆင်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီးဦးရေ တိုး/လျှော့ခင်းများပုလုပ်လိုကြောင်းပည်ထောင်စုလွှတ်တော်နာယကထံသို့ သ၀ဏ်လွှာများအား ပေးပို့သည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ နှင့် နည်းဥပဒေ ၂၄ တို့အရ ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန အရေအတွက်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေကို အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက်ခြင်း၊ တိုး/ လျှော့ခြင်း ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတ၏ တင်ပြချက်နှင့်စပ်လျဉ်း၍ လွှတ်တော်က အဆုံးအဖြတ်ပေးရမည်ဖြစ်ပါသည်။အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးလိုသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ စာရင်းပေးပို့ရန် အသိပေးအကြောင်းကြားခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List