အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ်ဆောင်ရွက်နေသောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ၏
တတိယအကြိမ်အစည်းအဝေးကို ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ I- 12 အဆောင်တွင်
ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း နေပြည်တော်တွင် သွားရောက်သတင်းရယူနေသူ
The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယင်းအစည်းအဝေးတွင်ပြည်သူများ၏တိုင်ကြားစာများနှင့်စပ်လျဉ်းကာ
ဆွေးနွေးခဲ့ကြပြီး ကော်မတီဝင်နှစ်ဦးမှ ဆောင်ရွက်ရန် ကိစ္စရှိသည့်အတွက်
ခွင့်တိုင်ခဲ့ပြီး ကျန်အဖွဲ့ဝင် ၁၃ ဦး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါကော်မတီသို့ တိုင်ကြားစာ သုံးရာကျော် ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
No comments:
Post a Comment