၁၉၉၂
ခုနှစ်ကာလက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
(မြောက်ပိုင်း-ပါဂျောင်) ဒေသတွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများနှင့်
ပတ်သက်၍ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းကျောင်းသား
ရဲဘော်ဟောင်းများမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ယနေ့
နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ
တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်
ထုတ်ပြန်ခဲ့သည့် ကြေညာချက် ၂/ ၂၀၁၂တွင်ရှစ်လေးလုံး အရေးတော်ပုံမှသန္ဓေတည်ပေါက်ဖွားလာသောမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများအနြေ ဖင့်စစ်မှန်သောဒီမိုကရေစီစနစ်ပီ ပြင်စွာ ပေါ်ထွက်လာရေးအတွက်တရားစီရင်ရေးမ ဏ္ဍိုင် တောင့်တင်းခိုင်မာရေးကိုရည်ရွယ် ၍သဘောထားကြေညာချက်ကိုထုတ်ပြန်ခြ င်းဖြစ်ပြီးလွတ်လပ်စွာတရားစီရင် ခွင့်ရှိခြင်းမရှိခြင်းသည်စနစ်တ စ်ခုမှစနစ်တစ်ခုသို့ပြောင်းလည်း ကျင့်သုံးသည့်နိုင်ငံတိုင်းတွင် မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမည့်စိန်ခေါ်မှုတစ်ရပ်ဟု ယူဆကြောင်း မိမိတို့ နိုင်ငံသည့် အသွင်ကူးပြောင်းဆဲကာလဖြစ်သည့် အားလျော်စွာတရားရေးမဏ္ဍိုင်
တောင့်တင်းခိုင်ခန့်ရေးအတွက်
သင်းပင်းအဖွဲ့အစည်းများသာမက နိုင်ငံသားတစ်ဦးခြင်းဆီကပါ တာဝန်သိစိတ်ဖြင့်
ဝိုင်းဝန်းဆောင်ရွက်သင့်သည်ဟုယုံကြည်ကြောင်း
ထိုပြင်မတရားသောအမိန့်အာဏာများ၏ သက်ရောက်မှုကြောင့် ပေါ်ထွက်လာသော ဖြစ်ရပ်ဆိုးများကိုတရားမျှတသော တရားစီရင်ရေး ရှေ့မှောက်သို့ ပို့ဆောင်ပေးခြင်းဖြင့်နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားလာစေရုံသာမက နိုင်ငံသားတိုင်းတရားမျှတသောဥပေ ဒကို ထိန်းသိမ်းစောင့်ရှောက်မှုတရပ်လ ည်းဖြစ်စေနိုင်သည်ဟု ယူဆသည်ဟု ဖော်ပြထားသည်။
၎င်းအပြင် ၁၉၉၂ ခုနှစ်အောက်တိုဘာလအတွင်း ကချင်ပြည်နယ်၊၀ိုင်းမော်မြို့နယ်ပါချောင်ဒေသရှိ ABSDF(NB) စခန်းအကျဉ်းထောင်၌ ထောက်လှမ်းရေးဟုမတရားစွပ်စွဲခံရ ကာ ညည်းပန်းနိပ်စက်ရင်းကျဆုံးသွားသ ည့် ဦးစိန်၏သမီးဖြစ်သူ မစမ်းစမ်းအေးက ၎င်းဖခင်၏သေဆုံးမှုကို မြောက်ဥက္ကလာရဲစခန်း၌ သြဂုတ် ၁၉ ရက်နေ့တွင် သ/၈၆၉ /၁၂/ ၃၀၂
ဖြင့် အမှုဖွင့်တိုင်ကြားခြင်းကို မြန်မာပြည်မြောက်ပိုင်း
ရဲဘောဟောင်းများအနေဖြင့် တာဝန်သိစိတ်ဖြင့်ထောက်ခံကြောင်း
မြန်မာပြည်မြောက်ပိုင်းအမှုနှင့် စပ်လျဥ်း၍ အတိတ်ကာလ၌ကြုံတွေ့ခဲ့ရသည့် ခါးသီးသော အတွေ့အကြုံများဆုံးရုံးနစ်နာမှု များကို အခြေပြု၍ အမုန်းတရားအညိုးအာဂါတတရားများမွေးဖွားနေခြင်းထက် ယနေ့အချိန်အခါတွင်နောင်မျိုးဆက် ကိုသမိုင်းသင်ခန်းစာမျှဝေရန်တရားရေးမဏ္ဍိုင်တောင့်တင်းစေရန် မြန်မာပြည်မြောင်းပိုင်းအမှုနှင့်
ဆက်နွယ်လျက်ရှိသော သက်ဆိုင်သူများအနေဖြင့် မိမိတို့
မြောက်ပိုင်းကျောင်းသား ရဲဘောဟောင်းများနှင့် အတူလက်တွဲဆောင်ရွက်ရန်
လေးစားစွာတိုက်တွန်းကြောင်း စသည် အချက်များဖော်ပြပါရှိသည်။
မြောက်ပိုင်း ပါဂျောင် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဆိုသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားဟောင်းဒေါက်တာနိုင်အောင်နှင့် မိုးသီးဇွန် တို့သည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းသို့ တရားဝင်လာရောက်ခွင့်ရရှိခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် ၂/

ထိုပြင်မတရားသောအမိန့်အာဏာများ၏
၎င်းအပြင် ၁၉၉၂ ခုနှစ်အောက်တိုဘာလအတွင်း ကချင်ပြည်နယ်၊၀ိုင်းမော်မြို့နယ
မြောက်ပိုင်း ပါဂျောင် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဆိုသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်
No comments:
Post a Comment