Tuesday, August 28, 2012

Local Applications များကို Jailbreak နှင့် iTunes အကောင့်မရှိဘဲ အခမဲ့ သုံးစွဲနိုင်မည်


 

iOS Device များဖြစ်သော iPhone, iPad များအတွက် မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် အသုံးပြု နိုင်သော မိုဘိုင်းဖုန်းသုံး Application များကို မည်သူ့ အကူ အညီမှ မလိုဘဲ ကိုယ်တိုင် အလွယ် တကူ အခမဲ့ download ရယူပြီး iOS Device များအတွင်း ထည့်သွင်း အသုံးပြုနိုင်ရန် အတွက် www.bitmyanmar.com. mm/kanaung ဝက်ဘ်ဆိုဒ်ကို လွှင့် တင်ထားလျက် ရှိကြောင်း သိရှိ ရသည်။
အဆိုပါ ဝက်ဘ်ဆိုဒ်မှLocal User များအတွက် Local Application များ download ရယူ အသုံးပြုနိုင်ပြီး ကွန်ပျူတာမှdownload ရယူပါကavailable application များကို android OS သုံးdevice များအတွက်သာ download ရယူနိုင်မည်ဖြစ်ပြီး iDevice အတွက် iPhone မှ ဒေါင်းလုတ်ရယူရမည်ဖြစ်ကြောင်း သိရှိရသည်။
“iOS အတွက်ဆိုရင်တော့ iPhone ကနေdownload ရယူ ရမှာပါ။ အိုင်ဖုန်းကMobile Browser ဖြစ်တဲ့ Safari Browser ကနေတစ်ဆင့် ဝက်ဘ်ဆိုဒ်ကိုဝင်ပြီးdownload ရယူရင် iOS အတွက် download လုပ်လို့ ရမှာပါ။ ကွန်ပျူတာကနေကြည့်ရင် တော့ Android အတွက်ပဲ download လုပ်ရပါလိမ့်မယ်” ဟု iBagan Innovation Technology မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဝက်ဘ်ဆိုဒ်တွင် Local Application ဖြစ်သော The Hot News,The Voice Weekly, The Express Time Journal, KBZ Bank, Satiilon Lubricant, Ykko Restaurnent စသည့်မိုဘိုင်းအသုံးချ Application များ dwonload ရယူနိုင်သည်။
iOS နှင့်Android သုံး မိုဘိုင်းဖုန်းသုံးLocal Application များကို download ရယူနိုင်သည့် www. bitmyanmar.com. mm/kanaung ဝက်ဘ်ဆိုဒ်ကို iBagan Innovation Technology မှ လွှင့်တင်ထားခြင်းဖြစ်ပြီး download ရယူသုံးစွဲခြင်းနှင့် ပတ်သက်၍ သိရှိလိုသူများကို အမှတ် ၂၃၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။ ဖုန်း ဝ၁-၂၃၀၄၁၂၁၊ ဝ၉-၇၃၁၄၂၉၇၄၊ ဝ၉- ၄၄၈၀ဝ၃၅၄၆ တို့သို့ ဆက် သွယ်နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List