ဧရာဝတီခင်ဗျား
ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ ကျနော်တို့ မြိုင်ကို သြဂုတ်လ ၁၂ ရက်နေ့မှာ လာတုန်းက ဟောပြောပွဲ လုပ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက မတရား လုပ်နေတာတွေကို ပြောပြချင်လို့ပါ။
အဲ့ဒီတုန်းက ဟောပြောပွဲလုပ်ခွင့်ပေးဖို့ ရွှေမြင်းတင် ဘုရားဂေါပကအဖွဲ့ကနေတဆင့် ပွဲစီစဉ်သူတွေက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခွင့်ပြုမိန့် ကြို တင်ခဲ့ပါတယ်။
ဒါပေမယ့် ဟောပြောပွဲလုပ်ဖို့ အချိန်နီးလာတဲ့အထိ ခွင့်ပြုမိန့် လုံးဝမကျလာတဲ့အပြင် အချိန်နီးကပ်ခါမှ ဟောပြောပွဲကို ခွင့်မပြုနိုင်ဘူးဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ဟောပြောပွဲလုပ်ဖို့ အချိန်က တအားကပ်နေပြီဖြစ်လို့ ပွဲစီစဉ်သူတွေက လုပ်လိုက်ဖို့ ဆုံးဖြတ်ပြီး ဟောပြောပွဲကို အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ်။
ကိုမင်းကိုနိုင်တို့ ပြန်သွားပြီး သိပ်မကြာပါဘူး။ မြို့နယ်အုပ်ချုပ်ရေးရုံးက ငွေစာရင်းကွာတဲ့အကြောင်းကို တိုင်သူရှိတယ် ဆိုပြီး ရွှေမြင်းတင် ဘုရားဂေါပက အဖွဲ့ကို ခုံရုံးဖွဲ့ စစ်ပါတော့တယ်။
တိုင်သူ ဘယ်သူလဲဆိုတာ မေးတော့ သူတို့ မပြောပြနိုင်ပါဘူး။ တကယ်တမ်း ဘုရားဂေါပကအဖွဲ့မှာ ငွေစာရင်း ကွာဟမှုလည်း လုံးဝမရှိပါဘူး။
ဖြစ်နိုင်ခြေကတော့ ဟောပြောပွဲလုပ်တုန်းက ခွင့်ပြုမိန့်မကျပဲ လုပ်လိုက်တာကို မကျေနပ်လို့ တမင်လုပ်တယ်လို့ပဲ မြိုင်မြို့ခံတွေ မှတ်ယူပါတယ်။ ခွင့်ပြုမိန့်မကျပဲ လုပ်တယ်ဆိုပြီး စစ်လားဆေးလားလုပ်ရင် ပြဿနာက ကြီးတာကိုးဗျ။ ငွေစာရင်းကွာလို့ စစ်တာလို့ ဆိုရင်တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်မလာနိုင်ဘူးလို့ သူတို့ ယူဆထားပုံရတယ်။
ဒါ့ကြောင့် ကျနော်တို့ မြို့ခံတွေက ဒါဟာ ဂေါပကအဖွဲ့ကို သိက္ခာကျအောင် လုပ်နေတာ ဖြစ်တဲ့အကြောင်း၊ ဂေါပကအဖွဲ့ကို အခုလို စစ်ဆေးနေတာတွေကို မကျေနပ်တဲ့အကြောင်းတွေကို ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်တင်တာလည်း ဒီကနေ့ ပယ်ချခံရပါတယ်။ ကျနော်တို့ကတော့ ဆန္ဒပြခွင့်ရအောင် ထပ်တင်ပါမယ်။
ကျနော်တို့ ဆန္ဒပြခွင့် မရခဲ့သည်ရှိသော် ကျနော်တို့ မြိုင်သားတွေသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လုပ်နေသော လုပ်ရပ်များကို လုံးဝ မကျေနပ်ကြောင်း ဖော်ပြရန်နဲ့ မြိုင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ မတရားတဲ့ လုပ်ရပ်တွေကို အများသိရှိစေရန် တင်ပြပါတယ်။
မြိုင်သား
Saturday, September 01, 2012
မြိုင်မြို့နယ်မှာ ဘာတွေဖြစ် ?
၈၈ မျိုးဆက်ကျောင်းသားတွေ လာတုန်းက
ဟောပြောပွဲ လုပ်တာမှာ ခွင့်ပြုမိန့် မပေးခဲ့တာနဲ့ ပတ်သက်ပြီး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့က ပေးလာတဲ့စာ ...
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment