မြန်မာအစိုးရနှင့်
တွေ့ဆုံဆွေးနွေးမှုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO မှ
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့၊ မောက်မယ်မြို့၊
ဆီဆိုင်မြို့နှင့် မွန်ပြည်နယ် သထုံမြို့ ၄နေရာ တောင်းဆိုခဲ့ရာ
သထုံဆက်ဆံရေး ရုံး ဖွင့်လှစ်မည့်ကိစ္စကို အစိုးရဘက်မှ သဘောမတူခဲ့ကြောင်း
PNLO အတွင်းရေးမှူး ခွန်မြင့်ထွန်းက ကေအိုင်စီသို့ ပြောသည်။“ဆက်ဆံရေးရုံးဆိုတာ သူတို့(အစိုးရ)ဘက်က မြင်တာက စစ်ရေးပဋိပက္ခတွေ အဓိက ဖြေရှင်းဖို့ ဖြစ်တယ်။ ကျနော့် PNLA တပ်တွေက သျှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့အခါကျတော့ သျှမ်းပြည်တောင်ပိုင်းမှာပဲ ဖွင့်လှစ်ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။
No comments:
Post a Comment