Wednesday, August 29, 2012
သမ္မတကြီး ဦးသိန်းစိန် မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ဝေဖန်သံများ ညံ
မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ရခိုင်ပဋိပက္ခတွင် အပြစ်ရှိ၍ ဖမ်းဆီး ထောင်ချခံရ ဘင်္ဂလီ မွတ်ဆလင် များကို သမ္မတ အာဏာကို အသုံး ပြုပြီး တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လွှတ်ပေး နေသော်လည်း ထောင်ချခံ ရခိုင် တိုင်းရင်းသားများကိုမူ တစ်ဦးတစ် ယောက်ကို မှ ပြန်လည်လွှတ်မပေးသဖြင့် ယခုအခါ သမ္မတကြီး ဦးသိန်းစိန်ကို မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ပြည်သူများ ကဝေဖန် ပြောဆို လျှက် ရှိကြောင်း သတင်း ရရှိသည်။
မောင်တော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် အဓိက ကြိုးကိုင်ခဲ့သူများဟု တရားရုံးက ဆုံးဖြတ်ပြီး ထောင် (၂) နှစ်မှ (၆) နှစ်ထိ ချမှတ်ခံ ခဲ့ရသူ မြန်မာ မွတ်ဆလင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂလီ မွတ်ဆလင် ( ၂) ဦးအား သမ္မတ အမိန့်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီက ဘူး သီးတောင် ထောင်ထဲမှ ပြန်လည် လွှတ်ပေး ခဲ့သည်။
သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများမှာ ထောင် (၆) နှစ် ချမှတ်ခံထားရသူ UNHCR ၀န်ထမ်း ဒေါ်ချိုလေးမာခါတုန်၊ ဘူး သီး တောင် မြို့မှ ထောင် ၃ နှစ်နှင့် ၂ နှစ်စီ ချမှတ်ခံထားရသူ ခင်မောင်ရွှေနှင့် မောင်ခင်ဇော်တို့ဖြစ်ကြသည်။
သူတို့အား ဇွန်လအတွင်းက မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သည်ဟုဆိုကာ ပုဒ်မ ၁၅၃-က၊ ၄၃၆၊ ၁၄၈၊ ၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၅) ည တို့ဖြင့် ဖမ်းဆီးခဲ့ပြီး သြဂုတ်စ်လ ၂၄ ရက်နေ့က မောင်တောခရိုင်တ ရားရုံးတရား သူကြီး ဦးခင်ဇော်မှ ပုဒ်မ ၄၃၆ ၊ ပုဒ်မ (၁၀၉)၊ ၅၀၅ (ဂ) တို့ဖြင့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။
ယခုကဲ့သို့ ရခိုင်အမျိုးသား အိမ်များကို မီးရှို့၊ လူသတ်မူများ ဖြစ်အောင် ဖန်တီး လုံဆော်သူများကို သမ္မတ ဦးသိန်းစိန်က မွတ်ဆလင် နိုင်ငံ များ၏ ဖိအားကို ကြောက်သဖြင့် တစ်ယောက် မကျန်အောင် ပြန်လည် လွှတ်ပေးနေခြင်းကြောင့် မောင်တောမြို့တွင် မကျေနပ်မူ များတိုးပွား နေကာ ခံပြင်း ဒေါသထွက်နေသော ရခိုင်မိသားစု အများအပြားမှာ ယမန်နေ့က တစ်ညဉ့်လုံး မအိပ်ကြဘဲ အိမ်ရှေ့တွင် စုရုံးနေခဲ့ကြ သည် ဟု သိရသည်။
ယမန်နေ့ညနေ (သြဂတ်စ်လ ၂၈ ) ရက်နေ့ညတွင် မောင်တောမြို့ရှိ ရခိုင်များမှာ ညမအိမ်ဘဲ မိမိ အိမ် ရှေ့တွင် စုရုံးနေကြကြောင်း မြို့ခံ များကလည်း အတည်ပြု ပြောကြားသည်။“ ကျမတို့က တော်တော်ကိုဒေါသထွက်ပါတယ်။ အခု သမ္မတရဲ့ လုပ်ရပ်ကိုလည်း ကျမတို့ နား မလည်တော့ဘူး။ အခုလုပ်ရပ်ဟာအစိုးရဆို သူတွေဟာ ပြည်သူတွေရဲ့ လစာကို စားပြီး ဘင်္ဂလီတွေအပေါ်မှာ ကျွန်ခံနေတဲ့ သဘော သက် ရောက်နေတယ်။ ကျမတို့ ဒီလို လုပ်ရပ် အပေါ် သည်းမခံနိုင်တော့ဘူး” ဟု သမ္မတ လုပ်ရပ်အပေါ် အထူး ဒေါသထွက် နေသော မောင်တောမြို့မှ အမည်မဖေါ်လို အစိုးရ၀န်ထမ်း အမျိုးသ မီး တဦးက ပြောသည်။
ယခုကဲ့သို့ အစိုးရမှ လွတ်ပေးလိုက်သည့်အပေါ် မောင်တောမြို့မှ တခြားအိမ်ရှင်မတဦးကလည်း နိရဉ္စရာသို့ ယခုလို့ပြောသည်။
“ဒီလိုဆိုတော့ ဦးသိန်းစိန်ကို ကျမတို့ပြန် မေးရမယ်။ သူပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာ ကို ပြောတာလည်းပေါ့။ တရား ဥပဒေ စိုး မိုးရေးဆိုတာ ကျမတို့ ရခိုင်တွေ အတွက် သက်သက် ပြောတာလား။ အခုလို ရာဇ၀တ်မူကျူး လွန်တဲ့သူတွေကိုတစ်ယောက်ပြီးတစ်ယောက် လွှတ်နေတော့ အခုမောင်တောမှာလူတွေ အရမ်း စိုးရိမ်မူတိုးလာနေကြပါပြီ။ ကျမကို လည်း အိမ်ကလူတွေက ဒီမှာစိတ် မချရတဲ့အတွက် ကျ မကို ရန်ကုန်ကို ပို့မယ်လို့ပြောတယ်။ ကျမ လုံးဝစိတ်မကောင်းဘူး။ မောင်တော က ကိုယ့်အိမ် မှာ လွတ်လွတ်လပ်လပ်နေချင်တယ်။ ရန် ကုန်မှာ သားသမီးတွေရှိပေမဲ့ ကိုယ့်အိမ်မှာဘဲ နေချင် တယ်။ မသွားချင်ဘူး” ဟု ဆိုသည်။
ယခုကဲ့သို့ဖမ်းဆီးထောင်ချပြီး အစိုးရမှပြန်လည် လွတ်ပေးနေသည့်အတွက် မောင်တောမြို့ရှိ ဒေသခံ ရခိုင်များအနေဖြင့် ဘ၀လုံခြုံမှု မရှိ တော့ကြောင့် မောင်တောမြို့မှ ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
“သောကြာနေ့ကမှ ထောင် ၆ နှစ်ချတယ်။ ၅ ရက်တောင်မကြာဘူး ပြန်လွတ်သွားတော့ မနက်ဖန် မောင်တောတမြို့လုံးမှာ “အိမ်ရောင်းမည်” လို့ကပ်မယ်။ ဒီက အိမ်တွေရောင်းပြီး ကျွန်တော်တို့ ရန် ကုန်ကို ပြောင်းဖို့ စီစဉ်နေကြတယ်။ ကျွန်တော်တို့ ဘ၀လုံခြုံမှုမရှိတဲ့အတွက် ကျွန် တော်တို့မွေးတဲ့ မြေကို ကျွန်တော်တို့ စွန့်ပြီး သွားရတော့မယ် ” ဟု မောင် တောမြို့ခံတဦးက ပြောသည်။
မောင်တောမြို့ အမှတ် ၄ ရပ်ကွက်မှ လူကြီးတဦးကလည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု သူ့အနေနှင့် မျော်လင့် မထားကြောင်း ယခုကဲ့သို့ပြောသည်။
“ကျွန်တော်တို့ မနက် ၁၁ နာခန့်ကတည်းက ဒီသတင်းကိုကြားပါတယ်။ ဒါပေမဲ့ ထောင်ဒဏ်ချ ထား တဲ့ သူကို ဒီလို ချက်ချင်းကြီး လွတ်ပေး မယ်လို့ မထင်ထားဘူး။ သောကြာနေ့က အပြစ်ချတယ်။ ဒီ နေ့ပြန် လွတ်ပေး တယ်ဆိုတော့ ဒီလုပ်ရပ်က သိပ်ရက်စက်တယ်။ ဒီလုပ်ရပ်ကို တယောက်မှ မကြေ နပ်ဘူး။ ရခိုင်တွေ ဒီက ထွက်သွားအောင် အစိုးရကိုယ်တိုင်က လုပ်နေတာလားလို့ စဉ်းစားမိတယ်” ဟု ဆိုသည်။
မနက်ဖန်တွင်လည်း တခြား INGO ၀န်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်ကို လွတ်ပေး မည်ဟု မောင်တောမြို့ တွင် သတင်းများ ထွက် ပေါ်နေသည်။
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခကို နိုင်ငံခြား အန်ဂျီအိုများကို အကာအကွယ်ယူပြီး အဓိက ကြိုးကိုင် လုံ့ဆော် လူပ်ရှားခဲ့ကြသူများဟု ရ ခိုင်ပြည်သူများနှင့် ဒေသဆိုင်ရာ အစိုးရ အာဏာပိုင်များက ယုံကြည် ထားသူများကို နိုင်ငံ တော် သမ္မတ ဦးသိန်းစိန်မှ သူ၏ အမိန့်အာဏာ ဖြင့် ယခုအခါ အားလုံးကို ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ရခိုင်တိုင်းရင်းသားများကိုမူ လက်နက်ကိုင် တပ်ဖွဲ့များက ဖိနှိပ် ညှဉ်းပမ်း ရက်စက်မူ၊ ရိုက်ပုတ် အနိုင်ကျင့်မူများ ပြုလုပ်နေသည့် အပြင် ဖမ်း ဆီးခံရသူများကိုလည်း တစ်ယောက်မှ ပြန်မလွှတ်ဘဲ တစ်ယောက်ပြီး တစ်ယောက် ထောင်ချနေပြီး ယခုအခါထောင်ချခံရသူ အရေအတွက် မှာ (၆၃)ဦးထိ ရှိသွားပြီ ဖြစ်သဖြင့် သမ္မတ ဦးသိန်းစိန်၏ လုပ်ရပ် အပေါ် “ မျက်နာကြီးရာ ဟင်းဖတ်ပါသော လုပ်ရပ်″ အဖြစ် ပြည်သူ များက ပြောဆို ဝေဖန်နေကြကြောင်း သတင်းများ ရရှိပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment