ကိုမင်းကိုနိုင် တို့ ပထမအကြိမ် ထောင်က လွတ်တော့ လူငယ်တွေရဲ့ စိတ်ကို
အလှုပ်ရှားစေဆုံး ဓာတ်ပုံ နဲ့ သတင်း ကတော့ ကိုမင်းကိုနိုင် နဲ့ ကိုမင်းဇေယျာ
လက်ဆွဲနှုတ်ဆက် ဖက်ပွေ့ပြီး ညီညွတ်ရေး စကား ဆိုကြတဲ့ အကြောင်းဖြစ်မယ်
ထင်တယ်..။ တခြား လူငယ်တွေတော မသိဘူး ကျနော်အတွက်တော့ အဲဒီအဖြစ်အပျက်က
စိတ်နှလုံးကို ဖမ်းစားခဲ့ပြီး ကြည်နူးပီတိ ဖြစ်စေခဲ့တယ်..။
ခု ကိုထွန်းအောင်ကျော် ဦးဆောင်တဲ့ အဖွဲ့ ဗမာပြည်ကို လေ့လာရေးခရီး ပြန်တဲ့
ခရီးစဉ်မှာ ဦးအောင်မင်း နဲ့ ဆွေးနွေးပွဲ အောင်မြင်ဖို့ထက် ကိုမိုးသီးဇွန်
နဲ့ ဒေါက်တာနိုင်အောင် တွေ့ဆုံဆွေးနွေး ညီညွတ်မှု ရနိုင်ကြရင်၊ လုပ်သင့်တဲ့
တာဝန်ခံမှု၊ တာဝန်ယူမှုတွေ လုပ်ပြနိုင်ကြရင် ပို ကောင်းမယ်ထင်တယ်။
တော်လှန်ရေး တခု ဖော်ဆောင်တယ်..၊ နိုင်ငံရေး ခရီးကြမ်းလမ်းကို
လျှောက်ခဲ့ကြတယ် ဆိုတာ လူတိုင်း အမှားတော့ ကင်းခဲ့ကြမယ် မထင်ဘူး..။
မှားခဲ့တဲ့ အမှားတွေကို ပြင်ဖို့..၊ အပြစ်တွေကို ကျေအောင်လုပ်ဖို့တော့
လိုပါတယ်..။
စစ်အုပ်စု ခုအချိန်ထိ လုပ်သမျှ တင့်တယ်နေတာ အတိုက်အခံ အင်အားစု ညီညွတ်မှု မရှိတာက အဓိကကျတယ်လို့ ထင်တယ်..။
ခု အချိန်မှာ ရန်၊ ငါ၊ စည်း ကွဲတဲ့..၊ စစ်ဖွဲ့စည်းပုံ နဲ့ စစ်လွှတ်တော်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ အတိုက်အခံ အင်အားစု ညီညွတ်မှု
တည်ဆောက်နိုင်ဖို့ နဲ့ သူတို့ နဲ့ စစ်လွှတ်တော် ထဲက ဒီမိုကရေစီ အင်အားစု
ပူးပေါင်းညီညာ လုပ်ဆောင် ပြီး တော်လှန်ရေး အဆုံးထိ
အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့ လိုအပ်လှပါတယ်..။
လော်ဘီ လုပ်ခဲ့ကြတဲ့ လူချင်း အတူတူ စစ်အုပ်စု အတွက် လော်ဘီ လုပ်ပေးသူတွေကို
လူအများစု အမြင်ကြည်လင်နေကြပြီး ဒီမိုကရေစီလမ်းအတွက် အထက်လမ်း/အောက်လမ်း
မျိုးစုံ လော်ဘီလုပ်ပေးခဲ့ကြတဲ့ သူတွေကြ အဆဲခံနေရတဲ့ အဖြစ်မျိုးတွေကြောင့်
ဗမာပြည် စစ်အာဏာရှင်စနစ် တော်လှန်ရေး မအောင်မြင်ခဲ့တာလို့ပဲ ယူဆတယ်..။
အထူးသဖြင့် သမိုင်းကို သေချာ သိခွင့်/လေ့လာခွင့် မရတဲ့ ပါပီမ နဲ့
ကြီးလာခဲ့ရတဲ့ မျိုးဆက်သစ်အတွက် ပါပီမ က ပေးခဲ့တဲ့ လမ်းကြောင်းကို
လက်ခံနိုင်ပြီး မိုးသီးဇွန်ကိုတော့ ခါးခါးသီးသီးဖြစ်နေကြတာ ဝမ်းနည်းစရာ
ကောင်းပါတယ်..။
ခုသူတို့ ခရီးစဉ်မှာ ငယ်သူငယ်ချင်း အရင်းတွေလည်း ဖြစ်၊ နိုင်ငံရေး ရဲဘော်၊
ရဲဘက် အရင်းလည်း ဖြစ် ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဓိက ဇာတ်ဆောင်
နှစ်ဦးလည်း ဖြစ်ခဲ့တဲ့ ကိုမင်းကိုနိုင် နဲ့ ကိုမိုးသီးဇွန် တွေ့ဆုံ၊
စကားပြောကြတဲ့ ဓာတ်ပုံ နဲ့ သတင်းတွေလည်း ကြည့်ချင်ပါသေးတယ်..။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment