Thursday, August 30, 2012
ပါစ်ပို့အတုကိုင်ဆောင်ထားသူများအား ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ချာဟာဇာလာလ် အပြည်အပြည်ဆိုင်ရာ လေဆိပ်တွင်ဖမ်းဆီးရမိ
တရားမဝင် ပါစ်ပို့အတုကိုင်ဆောင်ထားသည့် ဘင်္ဂလီလူမျိုး မာဟ်မူးဒါအာက့်တာရ်ပါအဝင် မိသားစုဝင် (၁၆)ဦးအား ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ချာဟာဇာ လာလ် အပြည်အပြည်ဆိုင်ရာ လေဆိပ်တွင် သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ မိသားစုသည် လွန်ခဲ့သော (၂)ရက်လောက်က တက္ကနာနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး ၊ မာဟ်မူး ဒါအာက့်တာရ် အမျိုးသားဖြစ်သူမှာလည်း လွန်ခဲ့သော (၆)ရက်လောက်ကတည်းက မလေးရှားနိုင်ငံကို ထွက်ခွါသွားကြောင်းသိရသည်။
ဖမ်းဆီးခံ မိသားစုများသည် မြန်မာနိုင်ငံမှဟု ဆိုသော်လည်း ပါ့စ်ပို့တွင် ဘင်္ဂလားဒေ့ခ်ျ မွိုင်မမ်းရှိမ်းအရပ်ကဟုရေသား ထားကြောင်းကို သူမကိုယ်တိုင် ဝန်ခံခဲ့ကြောင်းကို သိရပြီး နောက်ထပ်ဖမ်းဆီးရမိသော သူများမှာလည်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ အနယ်နယ်အရပ်အရပ်မှ လိပ်စာများပါရှိပြီး ပါစ်ပို့(လိုင်ပင်းဖြတ်) အတုများ ကိုင်ဆောင်ထားကြကြောင်း သိရသည်။
ကျနော်တို့ဆီက ငွေတွေအများကြီး ယူပြီးတော့ မလေးရှားကို ပို့ပေးဖို့ အလုပ်ရဖို့ပြောတော့ ပွဲစားကပြောသွားပါတယ်။ ပါစ့်ပို့ အတုအစစ် ဆိုတာကို ကျနော်တို့က မသိပါဘူး။ ပွဲစား(အလုပ်သမားအကျိုးဆောင်)ပဲ လုပ်ပေးတာပါ။ " ဟု စစ်ဆေးခံ ပါ့စ်ပို့အတုကိုင်ဆောင်ထားသူ တစ်ယောက်ကပြောသည်။
ပွဲစား(အလုပ်သမားအကျိုးဆောင်)တွေမှာ အလုပ်သမားများထံမှ တာကာငွေ သိန်းဂဏန်းနှင့် ယူပြီးတော့ ပါစ့်ပို့ကို ကပ်ခွာပိုင်းဖြတ် လုပ်ပေးကြပြီး လေယာဉ်လက်မှတ်ကို အေ့ဂျင့်တွေကတဆင့် ဝယ်ယူပေးကာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ပွဲစား (၆) ယောက်ကိုပါ လက်ပူးလက်ကြပ် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
" ကျနော်တို့က လေယာဉ်ထွက်တဲ့အထိ ပို့ပေးရဖို့တာဝန်ရှိတဲ့အတွက် ပွဲစားတွေကတဆင့် လာပို့ပေးတာပါ။ ကျနော်တို့က ဘာမှမသိပါဘူး။ " ဟု အေ့ဂျင့်တစ်ယောက်ဖြစ်သူက ငြင်းဆိုလိုက်ကြောင်း သိရသည်။
ပါ့စ်ပို့အတုကိုင်ဆောင်လို့ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားတွေဟာ ဘင်္ဂလားဒေ့ချနိုင်ငံ၏ ရုံးသုံးစကားကို မပြောတတ်သောကြောင့် စစ်တကောင်းသား စကားနှင့်ဆင်တူ မောင်တောဘူးသီးတောင်နယ်ဖက်က ဘင်္ဂလီစကားကို မီဒီယာတွေရှေ့မှာ ပြောဆိုသွားသော်လည်း ဘင်္ဂလာအစိုးရနှင့် မီဒီယာတီဗွီအသံလွှင့် ဌာနတွေက (ရိုဟင်ဂျာ)လို့ သုံးနှုန်းဖေါ်ပြသွားကြောင်းကို သတင်းရရှိသည်။
အခုလိုမျိုး တရားမဝင်ဘဲ ခိုးဝင်လာတဲ့(ဘင်္ဂလီ)လူတွေဟာ ပွဲစားများမှတဆင့် တစ်ယောက်ကို တာကာငွေ တစ်သိန်းခွဲကနေ နှစ်သိန်းထိ ပေးပြီးတော့ ပါစ့်ပို့ အတုလုပ်ပြီး မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့ကို ထောင်ပေါင်းများစွာ ထွက်ခွာသွားကြပါတယ်။ ဒီလူတွေဟာ မြန်မာအစိုးရကို ဆန့်ကျင်လို့ ဒုစရိုက်မှုတစ်ခုခုကို လုပ်လာကြာတာဖြစ်ပါတယ်။ ကျနော်တို့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက ပါစ့်ပို့ကို ကိုင်ဆောင်ပြီးတော့ ရောက်တဲ့အရပ်မှာ ပြဿနာတတ်တယ်။ နာမည်ပျက်တာက ကျနော်တို့နိုင်ငံဖြစ်သွားတယ်။ နိုင်ငံတကာ အလုပ်သမားတွေကြားမှာ အဆိုးဝါးဆုံးနာမည်ပျက်စရင်းတွေမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက အလုပ်သမားတွေချဲ့ပါပဲ။ " ဟု ချာဟာဇာလာလ် လေဆိပ်တာဝန်ခံ ရဲမှုကြီး အေဟိုးတေချာမှုဟောက့်က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
ပါ့စ်ပို့အတုကိုင်ဆောင်လို့ ဖမ်းဆီးလိုက်သော အလုပ်သမားတွေဆီက နိုင်ငံခြားငွေ စုစုပေါင်း(၂၃)သိန်းကျော်၊ ပါ့စ်ပို့အတုနှင့် လေယာဉ်လက်မှတ်အတုများကို သိမ်းဆည်းလိုက်ပြီး ပါစ့်ပို့အတုကိုင်ဆောင်သူတွေကို လဝက(လူဝင်မှုကြီးကြပ်ရေး)နှင့် တရားစွဲ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-


No comments:
Post a Comment