Tuesday, August 28, 2012

နံမည်ပျက်စာရင်းဝင် ပြည်ပရောက်မြန်မာနိုင်ငံသား ၂ ထောင်ကျော် ပြည်ဝင်ခွင့် ပေးမယ်



ယခင်က မြန်မာအစိုးရက နံမည်ပျက်စာရင်း တားမြစ်ပိတ်ပင်ထားခဲ့သော ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစုပေါင်း ၆၁၆၅ ဦးရှိရာမှ ၂၀၈၂ ဦးကို နံမည်ပျက်စာရင်းမှာ ဖယ်ရှားပေးခဲ့ပြီး မြန်မာနိုင်ငံပြန်လာရေး အတွက် ပြည်ဝင်ခွင့် ဗီဇာများထုတ်ပေးသွားမယ်လို့ ယနေ့ ထုတ် သတင်းစာတွင်ဖော်ပြထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်နေကြတဲ့ သတင်းမီဒီယာသမားများအပါအ၀င် မြန်မာနိုင်ငံသားများကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေ သည့် မြန်မာနိုင်ငံကို ပြည်တော်ပြန် လာနိုင်ရေးအတွက် ယခုလို ပြည်ဝင်ခွင့်ဗီဇာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြလာခြင်းဖြစ်သော်လည်း နံမည်ပျက်စာရင်းတွင် မည်သူ၊ မည်ဝါ ပါဝင်ပြီး ခွင့်ပြုမည့်သူများမှာ မည်သူဖြစ်သည်ကိုမူ စာရင်းဖော်ပြခြင်း မရှိပါဘူး။ပြည်တော်ပြန်ချင်သူများ နံမည်ပျက်စာရင်းက ပယ်ဖျက်တဲ့စာရင်းမှာ ကိုယ့်နံမည် ပါ၊ မပါ စုံးစမ်းကြည့်ကြရမှာပါဘဲ။

No comments:

Post a Comment

My Blog List