Saturday, September 01, 2012
ပန်ဝါအထက် မှတ်တိုင် (၆) ကချင် ဒုက္ခသည်စခန်းတွင် အစားအသောက် ခက်ခဲနေ
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါအထက် အောက် တရုတ်ဖက်ခြမ်းရှိ မှတ်တိုင် (၆) ဒုက္ခသည်စခန်းတွင် အစားအသောက်အ ခက်ခဲကြုံတွေ့နေကြောင်း ဒုက္ခသည် စခန်းတွင်ကွင်းဆင်း လေ့လာခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) ကပြောသည်။
၎င်းဒုက္ခသည်စခန်းတွင် သွားရောက်ကူညီသူများအတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ရာသီဥတု အေးသောနယ်မြေဖြစ်သောကြောင့် ဒုက္ခသည်များမှာ အအေးဒဏ်များခံနေရကာ အစားအသောက်များ ခက်ခဲရင်ဆိုင်နေရကြောင်း KBC အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ခလမ်ဆမ်ဆွန် (Rev. Hkalam Samson) ကပြောသည်။
“အဲဒီနေရာက အေးတယ် အခုချိန်ဆို ၆ ဒီဂရီ စင်တီဂရိတ်ရှိတယ်။ ပြီးတော့ မိုးလည်းအရမ်းရွာပြီး အစားအစာ သွားဝယ်ဖို့လည်းခက်တယ်။ တရုတ်ဘက်ကိုသွားဝယ်မယ်ဆိုရင်လည်း သွားဖို့ခွင့်မရဖြစ်ပြီး အခုခက်ခဲဆုံးက အဲဒီနေရာဖြစ်တယ်။ အဲဒီဘက်မှာ အခုချိန် သွားဖို့လည်း အရမ်းခက်တယ်။ ကျနော်တို့တောင် မနည်းစစ်ဆင် ရေးလိုပဲရောက်တာ ညသန်းခေါင်မှ တရုတ်ဂိတ်ကို ဖြတ်ပြီးသွားရတယ်” အတွင်းရေးမှူး ဆရာ ခလမ်ဆမ်ဆွန် ကပြောသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် မြစ်ကြီးနားမှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်များတွင် သြဂုတ်လ ၂၄ ရက်နေ့မှစ၍ KBC အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ ခလမ်ဆမ်ဆွန် ဦးဆောင်ကာ ဒု-အတွင်းရေးမှူး သိက္ခတော်ရ ဆရာတူးရှန်၊ KBC နယ်လှည့် သိက္ခာတော်ရ ဆရာ ခါးထုန်၊ ဆမားဇုန်နယ်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာနော်ဘောက် တို့ အပါအ၀င် ဦးစီး၍ သွားရောက်လေ့လာ ကူညီခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မှတ်တိုင် (၆) ဒုက္ခသည်စခန်းနှစ်ခုရှိရာ ယခုရောက်ရှိသော မှတ်တိုင် (၆) ဒုက္ခသည်စခန်းသည် မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲကြောင့် ချီဖွေမြို့နယ်ရှိ ဖရဲကျေးရွာမှ ထွက်ပြေးရောက်ရှိလာသော ပန်ဝါ တရုတ်နယ်စပ်ဖက်ခြမ်းရှိ ဒုက္ခသည်စခန်းဖြစ်သည်။
KBC တာဝန်ရှိသူများမှ စခန်းနေဒုက္ခသည် ကျား/မအတွက် ပိတ်စများ၊ မိုးကာများ၊ ကျောင်းသူကျောင်းသားများ အတွက် ရေးစာအုပ်များ၊ အစားအသောက်များနှင့် လိုအပ်ရာတွင်သုံးနိုင်ရန် တရုတ်ငွေ ယွန် ၄ သောင်းကို စခန်းကူညီရေးကော်မတီများထံသို့ လှူဒါန်းခဲ့ကြောင်း ဆရာခလမ်ဆမ်ဆွန်က ပြောသည်။
ထိုမှတ်တိုင် (၆) ဒုက္ခသည်စခန်းတွင် လူဦးရေ ၇၇၀ ကျော်ရှိပြီး စာသင်ကျောင်းကို တတိယတန်းထိဖွင့်ထားကာ ကျောင်းသူကျောင်းသားများ ၃၅၀ ယောက်ရှိကြောင်း သိရသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူ သိက္ခာတော်ရ ၄ ဦးတို့မှ ဂျေယန့်ဒုက္ခသည်စခန်းနှင့် မန်ဝိန်းဘက်ရှိဒုက္ခသည် စခန်း တွင် ဆက်လက်သွားရောက်ကြည့်ရှုကာ တခြားစခန်းများဖြစ်သည့် မုန်ဂါဇွပ်ဒုက္ခသည်စခန်း၊ မဂါးယန်ဒုက္ခသည်စခန်း၊ မှတ်တိုင် ၈ ဒုက္ခ သည်စခန်း တရုတ်ပြည်နောင်တောင်းမှ ရွှေ့ပြောင်းလာရသော လနာ့ဇွပ်ဒုက္ခသည်စခန်းများတွင်လည်း စက်တင်ဘာလ ၆ ရက်ထိ ဆက် လက်ကြည့်ရှု ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment