Friday, August 31, 2012

စက်တင်ဘာ ၁ရက်နေ့တွင် မိုးသီးဇွန် မြန်မာပြည် ရောက်မည်

အဆင့်အတန်းမရှိစွာ ဆဲဆိုပြီး သမ္မတ ဦးသိန်းစိန်အား ဖိနပ်ဖြင့် ပစ်ပေါက်သည့်  မိုးသီးဇွန် စက်တင်ဘာ ၁ ရက်နေ့တွင် မြန်မာပြည်ရောက်မည်ဟု ၄င်း၏ကိုယ်ပိုင် ဘလော့ဂ်တွင် ဖော်ပြထား-
လေးစားအပ်ပါသော ရဲဘော်များ မိတ်ဆွေများခင်ဗျားနှုတ်ခွန်းဆက်ပါတယ်။ စက်တင်ဘာ ၁ရက် ၊ နံနက် ၈ နာရီမှာ ကျနော်မင်္ဂလာဒုံလေဆိပ်ကိုရောက်ပါမယ်။ သမတဦးသိန်းစိန်အစိုးရ တာဝန်ရှိသူများရဲ့ ဖိတ်ခေါ်ချက် အရ မြန်မာနိင်ငံ ငြိမ်ချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေးတွေအတွက် ကျနော် မြန်မာ ပြည်ကို သွားပါမယ်။
ကျနော်နဲ့ အတူ ကိုထွန်းအောင်ကျော်၊ကိုကိုလေး၊ကိုမူးသာ၊ ကိုရင်အေး၊ကိုရွှေစင်၊ ကိုကိုအောင်
ကိုအေးမင်းတို့ ပါဝင်မှာဖြစ်ပါတယ်။
ကျနော်တို့ အဓိက ဆွေးနွေးမဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေး၊ နိင်ငံရေးအအရ အခြေခံ ကျသော  ပြုပြင်ပြောင်းလဲရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး ၊ ဆင်းရဲမှုတွေမှု၊ အလုပ်လက် မဲ ပြသနာ၊ မြန်မာနိင်ငံသားတိုင်း မိမိနိင်ငံကို ပြန်လည် ထူထောင်ရေးမှာပါဝင်နိင်ရေး လုံခြုံစိတ်ချစွာ ပြန်နိင်ရေး စ တာ တွေ ပါဝင်မှာဖြစ်ပါတယ်။
ဒီလိုဆွေးနွေးမှုတွေဟာ ကျနော်တို့ တိုင်းပြည်ကောင်းစားရေးအတွက်ဖြစ်ပါတယ်။
ကျနော်တို့ အစွမ်းကုန်ကြိးပန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။မိတ်ဆွေ တို့ ရဲ့ အားပေးကူညီမှု
များ အထူးလိုအပ်ပါတယ်။
မိတ်ဆွေတို့ ရဲ့ အကြံညာဏ်တွေကိုလိုပါတယ်။ ဒီမှာကွန်မင့်တွေရေးနိင်ပါတယ်။
ကျနော်တို့ အီမေလ်တွေက တဆင့်လည်း ဆက်သွယ်နိင်ပါတယ်။
မိုးသီးဇွန်

No comments:

Post a Comment

My Blog List