Tuesday, August 28, 2012

ကောင်းမွန်သောအုပ်ချုပ်ရေး၊သန့်ရှင်းသောအစိုးရ ဘယ်ဟာကစမလဲ


တစ်နေ့က အကြံပြုစာ တစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ဂျာနယ်တစ်စောင်စောင်မှာပဲထင်ပါရဲ့။ စာထဲမှာ နိုင်ငံကူး လက်မှတ်သက် တမ်းတိုးတဲ့ ကိစ္စရေးထားတာပါ။ သက်တမ်းတစ်ခါတိုးတိုင်း စာရွက် စာတမ်းတွေ၊ အထောက်အထားတွေ ထပ်ထပ်တောင်းတာကို  ရေးထားတာပါ ဟုတ်ပါတယ်။
နိုင်ငံကူး လက်မှတ် စတင် လျှောက်ထားကတည်းက လိုအပ်တာတွေတောင်း ထားပြီးပြီပဲ။ သက်တမ်းတိုး ဖို့ရှိလာရင် တကယ် လုပ် မယ်ဆိုရင် ရက်ပိုင်း အတွင်းတောင်တိုးပေးလို့ရနိုင်တာပဲ။တစ်ခါလာလဲ ဒါတွေပဲ ထပ်တောင်း။ လူတွေ မှာ မိတ္တူတွေ တစ်ထပ်ကြီးပြေးဆွဲရ။  ဖိုင်တွဲ အဟောင်းတွေ ထဲပြန် လှန်ရှာရ။ ပြန်တွေ့ရင်  တော်သေးရဲ့၊ မတွေ့ရင်ချွေးပြန်ပြီ။

နိုင်ငံခြားထွက်တိုင်း မမေ့အောင်မနည်းသတိထားနေရတာက ဒီဖောင်လို့ခေါ်တဲ့ နိုင်ငံခြားထွက်ခွာ ခွင့် ဖောင်ကို လျှောက်ရ၊ ထုတ်ရတာပါပဲ။  အွန်လိုင်းလျှောက်လို့ရလို့၊ ဝန်ဆောင်မှုပေးနေ လို့တော်ပါသေး ရဲ့။ ပြီးခဲ့တဲ့ နှစ်လလောက်က နိုင်ငံခြားခရီးပေါ်လာလို့ ဒီဖောင်လုပ် တော့ အင်တာနက်တွေ ပျက်နေ ချိန်နဲ့ကြုံတယ်။ နေပြည်တော်ကနေ ဒီဖောင်အတည်ပြုလွှာပြန်မပို့နိုင်ဘူးဖြစ်နေတယ်လို့ ဝန်ဆောင် မှု ပေးတဲ့ ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုကပြောတယ်။ အတော်ချွေးပြန်သွားတယ်။ ဒီဖောင်မပါဘဲ သွားရင်လေ ဆိပ်မှာပြသနာပေါ်  မလားစိုးရိမ်တော့ ဒီဖောင်လုပ်ပေးတဲ့ ရုံးက တပည့်မလေး ကပြောတယ်။ ' ဆရာ။လေဆိပ်မှာဒီအတိုင်းပဲပြောသွားပါ။  ရတယ်လို့ပြောတယ်' လို့ဆိုတယ်။ အဲဒါနဲ့ ပဲ လေ ဆိပ် ရောက်တော့ တပည့်မလေး ပြောသလိုပါပဲ။ဒီဖောင်မပါဘဲ သွားလို့ရသွားပါတယ်။ သူတို့ကို ကျွန်တော်က ကျေးဇူးတောင်တင် လိုက်ပါသေးတယ်။

အစိုးရသစ်လက်ထက်မှာ တတွင်တွင်ပြောနေတာ၊တသောသောညံလာတာက သန့်ရှင်းသောအစိုး ရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးဆို တာပဲဖြစ်ပါတယ်။ Clean Government & Good Governance ပေါ့။ ကျွန်တော်ကတော့ ကောင်းမွန်သော  အုပ်ချုပ်ရေးဆိုတာ ကိုတောင် ရှေ့ ကလာစေချင်တယ်။ Good Governance& Clean Government ပေါ့။   အဲသလိုပြောလို့ သန့်ရှင်းသော အစိုးရက အရေးမကြီးဘူး လို့ဆိုလိုချင်တာမဟုတ်ပါဘူး။ ဒီကနေ့ပြည်သူတွေ  ကြုံတွေ့နေရတာက အကျင့် ပျက်ခြစားမှု၊ လာဘ်ပေး လာဘ်ယူမှုဆို တာထက် ပေးလဲပေးရသေး စိတ်လဲ ညစ်ရသေး ဆိုတာမျိုး တွေဖြစ် နေလို့ပါ။ စိတ်လဲညစ်ရသေးဆိုတာက စနစ်ဟောင်းရဲ့အမွေဆိုးေ တွဖြစ်တဲ့ မလိုလားအပ်သော ကြိုးနီစနစ် တွေ၊အဆင့်ဖောင်းပွမှုတွေကိုပဲဖြစ်ပါတယ်။စောစောက ကျွန်တော်နမူ နာပြထား တဲ့ဖြစ်ရပ် နှစ်ခု ကိုကြည့်လိုက်ရင် ဒါဟာ ကောင်းမွန်သော အုပ်ချုပ်ရေး ဘယ်လောက်လို အပ် နေပြီလဲ ဆိုတာပြသ လိုက်သ လိုပါပဲ။နိုင်ငံကူးလက်မှတ်လုပ်ကတည်းက တောင်းထားတဲ့ စာရွက် စာတမ်းတွေ ကို စနစ်တကျ ဒီဂျီတယ်ဖိုင်တွဲထား   လိုက်တယ်ဆိုရင် ဘယ်နှကြိမ်သက်တမ်း လာတိုးတိုး သူ့ကိုယ်ရေး အထောက် အထားတွေရှိနေပြီးသားဖြစ်လို့ အလွယ်တကူတိုးပေး နိုင်ပါတယ်။ အဲသလိုပါပဲ ဒီဖောင်ဆိုတာကို တကယ်လိုသေးပါသလား။လေဆိပ်မှာ လူတစ်ယောက်ကို သက်ဆိုင်ရာလူ ဝင်မှုကြီးကြပ်ရေး ကောင်တာက  ထွက်ခွာခွင့်  တုံးထုပေးလိုက်ပြီး ကွန်ပျူတာထဲမှာလဲ အမှတ် အသားပြု လိုက်ပြီး သား ဖြစ်ပါတယ်။ဘာအတွက် လူတွေကို ဒီဖောင်ဆိုတာနဲ့ အလုပ်ရှုပ်ခံခိုင်း နေမှာလဲ လို့ စဉ်းစား မိလိုက် ပါတယ်။  အခုဖြစ်ရပ်က နမူနာပြလိုက်တာပါ။ အဲဒီဌာနနှစ်ခုကို လက်ညိုးထိုး၊ မီးမောင်းထိုးပြတာ မဟုတ်ပါဘူး။ ဒါမျိုးတွေ နေရာအနှံ့ရှိနေပါ တယ်။ဌာနအတော်များများ မှာကျန်နေပါသေးတယ်။ ဟိုတုန်းက ဆိုပိုဆိုး သေးတယ်။ တစ်ခန်းထဲမှာ လူတွေကို မျက်နှာချင်းဆိုင်တွေက စားပွဲ တွေဆီ တစ်လုံးပြီး တစ်လုံးကူး ခိုင်းပြီး လက်မှတ်ထိုး  ခိုင်းနေတာ။  အခုတော့ ဌာနဆိုင်ရာအချို့မှာ မလိုလားအပ်သော အဆင့်တွေလျှော့ ချလိုက်တာကို တွေ့ရလို့ဝမ်းသာပါတယ်။ဒါပေမယ့် အဆင့်ဖောင်းပွနေတဲ့ ဌာနတွေက ရှိမြဲရှိ နေဆဲဖြစ် ပါတယ်။ လွယ်လွယ်နဲ့  လုပ်လို့ရတာကို ခက်အောင်လုပ် ထားတဲ့အတွက် စိတ်ညစ်မခံချင်တဲ့ သူတွေဟာ ကိုယ်တိုင်  မလုပ်ချင်တော့ပါဘူး။ အဲဒီအခါ ရုံးပွဲစားလူတန်းစားနဲ့ အဲဒီပွဲစား တွေနဲ့ ချိတ်ဆက် ထားတဲ့ အကျင့်ပျက် ဝန်ထမ်းတွေပေါ် ပေါက်လာရပါတယ်။ အကျင့်ပျက်ခြစား မှုတွေရဲ့အခြေခံပေါ့။ အဲဒါကြောင့် ကောင်းမွန်သော  အုပ်ချုပ် ရေး ကိုမလုပ်နိုင်ရင် သန့်ရှင်းသောအစိုး ရဆိုတာ ဖြစ်လာ နိုင်စရာ မရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။ ကောင်းမွန်သော  အုပ်ချုပ်ရေးကို အကောင် အထည်ဖော်ရာမှာ အစိုးရ၊လက်နက်ကိုင် အဖွဲ့အစည်း(စစ်တပ်) နဲ့အခြားသော  လူထုလူတန်းစား အဖွဲ့အစည်းတွေ ပူးပေါင်း အကောင်အထည် ဖော်ကြရပါတယ်။

တကယ်ပြောရစတမ်းဆိုရင် ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုတာကြီးက အတော်ကျယ်ပြန့်ပါတယ်။  အဲဒီကျယ်ပြန့်သော ကဏ္ဍကြီးထဲမှာ အစိုးရပိုင်းက လုပ်ပေးနိုင်တဲ့ ကိစ္စတစ်ခုက စောစောကပြောခဲ့တဲ့ ရုံးလုပ်ငန်းများ စွမ်းရည်မြင့်မားရေး နဲ့အကျိုး ဖြစ်ထွန်းရေး လဲပါဝင် ပါတယ်။ ကောင်းမွန်သော  အုပ်ချုပ်ရေးသည် အကျင့်ပျက်လာဘ်စား မှုများ ကို အနည်းဆုံး  လျှော့ချပစ်နိုင်သည်မှာ  သေချာသည် လို့ သီအိုရီ တစ်ခုမှာ ဖတ်လိုက်ရပါတယ်။

အင်န်ဂျီအိုတစ်ခုမှာ ပထမဆုံး ကျွန်တော်အီးစီအရွေးခံရတုန်းက နောက်ကြောင်းလိုက်တယ်ဆိုပြီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာနက တာဝန်ခံတစ်ဦးရောက်လာပြီး ကိုယ်ရေးအချက် အလက် တွေဖြည့်ခိုင်း ပါတယ်။အဲဒီနောက် နောက်လူမှုအဖွဲ့အစည်းတစ်ခုမှာ အလုပ်အမှု ဆောင် ထပ် ဖြစ်ပြန်တော့ ပုံစံတူဖောင်တွေ ကိုပဲ နောက်ထပ်ဖြည့်ရပြန်ပါတယ်။ ကျွန်တော်စိတ်အညစ်ဆုံး အလုပ်က အဲဒီဖောင် တွေကို ဆွေခုနှစ် ဆက်မျိုးခုနှစ်ဆက်ဖြည့်ရတာပါပဲ။(စာပေစိစစ်ရေးမှာတောင် အဲသလိုမျိုး ဖောင်ဖြည့်ခဲ့ ရသေးတာပြန် အမှတ်ရမိပါတယ်။)။ နိုင်ငံသားတွေနဲ့ပတ် သက်တဲ့ ကိုယ်ရေး မှတ်တမ်းတွေကို စနစ်တကျသာ ထိန်းသိမ်းထားမယ်ဆိုရင် ဒီလိုကိစ္စမျိုးပြေလည်သွားမယ် ထင်ပါတယ်။ အဲဒါကြောင့် ကောင်းမွန်သော  အုပ်ချုပ်ရေးကို အစိုးရပိုင်းက အောင်မြင်အောင် အကောင် အထည်ဖော်နိုင် ဖို့ဆိုရင် အီး-အစိုးရလို့ခေါ်တဲ့ အွန်လိုင်း၊ဒစ်ဂျစ်တယ် စနစ်အခြေခံရုံး လုပ်ငန်းများ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အခုတော့ အီး-အစိုးရဆိုတဲ့ အသံတွေပြန်ကြား နေရပါပြီ။ စလုပ်နေတာ တွေလဲရှိနေ ပါပြီ။စဉ်ဆက်မပြတ်ဖြစ်ထွန်းရေးကို ဦးတည်ဆောင်ရွက်ကြရမှာ တော့ဖြစ် ပါတယ်။

ကောင်းမွန်သောအုပ်ချုပ်ရေးနဲ့ သန့်ရှင်းသောအစိုးရဆိုတာ တစ်ခုရှိမှ တစ်ခုဖြစ်မယ့်သဘော၊ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီသဘာဝ ဖြစ်ပါတယ်။ ဒါပေမယ့် သန့်ရှင်းသော  အစိုးရကိုသွားဖို့အတွက် ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့  စတင်ရမယ်လို့ ကျွန်တော်ကထင်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကောင်းမွန်သော အုပ်ချုပ်ရေးမရှိဘဲ  နှင့် သန့်ရှင်းသောအစိုးရဖြစ်မလာ နိုင်လို့ပဲဖြစ်ပါတယ်။ ဘယ်ဟာက စလုပ်သင့်သလဲ လို့မေးရင် နှစ်ခုစလုံး  တစ်ပြိုင်နက်လုပ်နိုင်တာ  အကောင်းဆုံးပါ။သို့သော် အရေးတစ်ကြီး တစ်ခုပဲရွေးပါ ဆိုရင်တော့ ကောင်းမွန်သောအုပ်ချုပ်ရေးကို ကျွန်တော်အရင်ရွေး မိလိမ့် မယ် ထင်ကြောင်းပါ။
 
မြန်မာ့သားကောင်း 

No comments:

Post a Comment

My Blog List