Saturday, September 01, 2012

မြန်မာနိုင်ငံက ခရီးသွား နေရာတချို့ ကို ပိတ်ပင်

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလ
ဲ မှုတွေတွေ ရှိလာတဲ့အတွက် ကမ္ဘာလှည့်ခရီးသွား
တွေ ဒီနှစ်မှာ အတော်ကြီး ပိုများလာနိုင်တယ်လို့ 
ခန့်မှန်းနေကြချိန်မှာပဲ တစ်ဘက်မှာလည်း


နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိတဲ့နေရာတွေမှာ သွားလာခွင့်တွေကို အာဏာပိုင်တွေက ပိတ်ပင် လိုက်ပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ ရခိုင်ပြည်နယ်က စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ နှင့် မဟာမုနိ တို့အပြင် ရှမ်းပြည်နယ် မိုင်းလား စတဲ့ နေရာ ၅ နေရာ သွားလာခွင့်ကို သြဂုတ်လ ၃၀ရက်နေ့မှာ တားမြစ် လိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဇွန်လအတွင်းမှာ အဓိကရုဏ်းတွေ မဖြစ်ခင်ကထိ တရက်လို ကမ္ဘာလှည့်ခရီးသွား ၂၀ဝ လောက် လာရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်လောက်အတွင်း မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု အထိုက် အလျောက် ရှိလာတဲ့အတွက် ခရီးသွားတွေလည်း တဖြည်းဖြည်း ပိုများလာတယ်လို့ သိရပါတယ်။

အခုလို တားမြစ်လိုက်တဲ့အတွက် ခရီးသွား ဦးရေ တိုးနှုန်း ကျသွားနိုင်ပေမယ့် အရင်ထက်တော့
ခရီးသွားဦးရေ ဆက်များနေဦးမယ်လို့ ခန့်မှန်းကြောင်း ဦးတင်ထွန်းအောင်က ပြောပါတယ်။

No comments:

Post a Comment

My Blog List