Saturday, September 01, 2012

ခွန်ထွန်းဦးအပါဝင် မြန်မာ့အရေး၊ လူမှုရေးလှုပ်ရှားသူ ၅ ဦးအား NED မှ ဒီမိုကရေစီဆုချီးမြင့်



ခွန်ထွန်းဦး အပါအဝင် မြန်မာ့အရေးလှုပ်ရှားနှင့် လူမှုရေးလုပ်ငန်းများ၌ တစိုက်မတ်မတ်လှုပ်ရှား ဆောင်ရွက်သည့် ပုဂ္ဂိုလ် ၅ ဦးအား အမေရိကန်အခြေစိုက် NED က 2012 Democracy Award Honorees ဆု ချီးမြင့်မည် ဟု NED ဝဲပ်ဆိုဒ်က ထုတ်ပြန်ကြေငြာထားပါ သည်။

အဆိုပါဆုလက်ခံရရှိသူများမှာ သျှမ်းတိုင်းရင်းသားမျာဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ အကယ်ဒမီ ရုပ်ရှင်မင်းသား ကျော်သူ၊ မယ်ဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် နှင့် US Campaign for Burma မှ ဦးအောင်ဒင် တို့ ပါဝင်ပါသည်။
အဆိုပါဆုအား လာမည့် စက်တင်္ဘာ ၂၀ ရက်နေ့ ၂၀၁၂ အမေရိကန်နိုင်ငံ ဝေါ်ရှင်တန်မြို့တော်၌ သွား ရောက် လက်ခံရ ယူမည် ဖြစ်ပါသည်။ ခွန်ထွန်းဦး အပါအဝင် ဆုလက်ခံရရှိသည့် ပုဂ္ဂိုလ်အားလုံး ကိုယ်တိုင်တက် ရောက်လက်ခံနိုင်ခြင်း ရှိ၊ မရှိ သီးခြားအတည်ပြုချက်မရရှိသေးပေ။

NED ခေါ် National Endowment for Democracy သည်အမေရိကန်နိုင်ငံအခြေစိုက်ပြီး အာဏာရှင် များဖိနှိပ်ခြင်းခံရသည့် တိုင်းပြည် များ လွတ်မြောက်ရေး၊ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။

No comments:

Post a Comment

My Blog List