Tuesday, August 28, 2012

ဖားအံမြို့ ကရင်ြ့ခည်ဖြူဖွဲ့ပွဲတော်သို့ ကေအဲန်ယူ ခေါင်းဆောင်တွေ တက်ရောက်

အဲခေါင်သောင့်၊ သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။
ဖားအံမြို့ ဇွဲကပင် ခန်းမတွင် ယခုလ ၂၆ရက်နေ့က ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ကရင့်ခြည်ဖြူဖွဲ့ ပွဲကို ကေအဲန်ယူ ခေါင်းဆောင်အချို့ တက်ရောက် အားပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

 ကေအဲန်ယူ ဗဟိုသစ်တော တာဝန်ခံ ပဒိုစောအားတိုးနှင့် ကေအဲန်ယူ တပ်မဟာ (၇)၊ အထူးတပ်ရင်း (၁၀၁)တပ်ရင်းမှူးလည်းဖြစ် လက်ရှိ ကေအဲန်ယူ မြ၀တီဆက်ဆံရေးရုံး တာဝန်ခံလည်းဖြစ်သူ ဒုဗိုလ်မှူးကြီး စောဖောဒိုတို့က အဆိုပါ ပွဲကို တက်ရောက်အားပေးခဲ့ကြခြင်းဖြစ်သည်။

(၀ဲမှယာ) ဒုဗိုလ်မှူးကြီး စောဖောဒို၊ ပဒိုစောအားတိုး၊ ကရင်ပြည်နယ် လွတ်တော် ဥက္ကဌ ဦးစောအောင်ကျော်မင်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်ဇော်မင်း) ဓါတ်ပုံ-ကေအိုင်စီ

အဆိုပါ ကေအဲန်ယူ ခေါင်းဆောင်များ တက်ရောက်နိုင်ရန် ကရင်ပါတီအချို့နှင့် ခြည်ဖြူဖွဲ့ပွဲ ဖြစ်မြောက်ရေး လုပ်ဆောင်သူများက ဖိတ်ကြားခဲ့ကြခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဖားအံ မြို့ခံတဦးက ဆိုသည်။ ကေအဲန်ယူ ခေါင်းဆောင်များ တက်ရောက်လာခဲ့သည့် အပေါ် သူ့ခံစားချက်ကိုလည်း ယခုလို ပြောဆိုသည်။

"ကျမတို့ အရမ်းပျော်တာပေါ့နော်။ နှစ်ပေါင်းများစွာ ပြန်တွေ့ခွင့် မရတဲ့သူတွေ ယခုလို ပြန်လည် ဆုံတွေ့ခွင့်ရတာ အတိုင်းမသိကို ၀မ်းသာမိတယ်။ တဆက်ထဲ ပြောချင်တာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ရရှိအောင် သက်ဆိုင်တဲ့လူတွေ ကြိုးပမ်းကြပါလို့ ပြောချင်ပါတယ်။ တခြား ကျမတို့ တွေ့ချင်တဲ့ လူတွေ၊ တွေ့သင့်တဲ့လူတွေလည်း အများကြီး ရှိနေပါသေးတယ်။ ဒါတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့လိုတယ်။ အတုအယောင် ကျမတို့ အလိုမရှိပါ"ဟု သူမ၏ ခံစားချက်ကို ပြောဆိုသွားခဲ့သည်။
 ကေအဲန်ယူ နှင့် မြန်မာအစိုးရတို့ ယခုလ ၂၇ရက်နေ့တွင် ထပ်မံတွေ့ဆုံဖို့ စီစဉ်ထားပြီး ဖြစ်သော်လည်း အစိုးရဘက်က အကြောင်းပြချက်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း သြဂုတ်လ ၂၅ရက်နေ့က အကြောင်းကြားပြီး နောက်တရက်တွင် ယခုလို ကေအဲန်ယူ ခေါင်းဆောင်အချို့ ချြည်ဖြူဖွဲ့ပွဲကို တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

 ထို့အပြင် ကရင်ပြည်နယ် လွတ်တော် ဥက္ကဌ ဦးစောအောင်ကျော်မင်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်ဇော်မင်း၊ ဖလုံစဝေါ်ပါတီမှ ဒေါ်နန်းစေအွာ၊ ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းက ဦးစောလွန်းရှိန်၊ ယခင် ပါတီယူနစ် ဥက္ကဌဟောင်း ဦးစောဘိုးနီနှင့် မြို့ခံကရင်လူထုများ၊ ဌာနဆိုင်ရာပုဂိုလ်များလည်း အဆိုပါ ခြည်ဖြူဖွဲ့ ပွဲတော်ကို စုံစုံလင်လင် တက်ရောက်ခဲ့ကြသည် သတင်းရရှိပါသည်။

No comments:

Post a Comment

My Blog List