Sunday, August 26, 2012

New D-Wave Facebook စာမျက်နှာနှင့် D-Wave စာစောင်တို့ သက်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူက တုံ့ပြန်


Facebook လူမှုကွန်ရက် စာမျက်နှာမှ
တစ်ဆင့် ပုဂ္ဂိုလ်ရေးအပုပ်ချမှုများကို လုပ်
ဆောင်လာသောNew D-Wave Facebook
 Account နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
 မှ ထုတ်ဝေနေသော D-Waveစာစောင်



တို့ သက်ဆိုင်ခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအုန်းကြိုင်
က တုံ့ပြန်ပြောဆိုခဲ့သည်။

 New D-Wave Facebook Account သည် ယခုနှစ်ဦးပိုင်းမှ စတင်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အထူးသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဦးတည်ပြီး အစိုးရအဖွဲ့ဝင်များ အပါအ၀င် ပြည်တွင်းမီဒီယာများကိုပါ တိုက်ခိုက်ရေးသားလာခဲ့ခြင်းဖြစ်သည်။

New D-Wave ဆိုတာ ကျွန်တော်တို့ရဲ့ D-Wave မဟုတ်ပါဘူး။ သိလည်းမသိပါဘူး။ ဘယ်လိုနည်း နဲ့ပေါ်လာတာလဲ ဆိုတာလည်း စဉ်းစားလို့မရပါဘူး။ ဒီလိုနည်းမျိုးနဲ့ ပုဂ္ဂိုလ်ရေးအပုပ်ချတာမျိုးကို ကျွန်တော်တို့လက်မခံပါဘူး။ ဒါဟာမမှန်မကန်လုပ်တယ်လို့ပဲ သိပါတယ်။

 ဒီလိုလုပ်ရပ်တွေဟာ အလွန်ကို အောက်တန်းကျတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့ ခေါင်းဆောင်ကလည်း ဒီလိုအောက်တန်းကျတဲ့ အလုပ်တွေ မလုပ်ဖို့ပြောထားပါတယ်။

နာကျည်းချက်တွေကို ရှေ့တန်းတင်ပြီး လုပ်တဲ့ ဒီလိုလုပ်ရပ်တွေဟာ မလုပ်အပ်တဲ့အရာတွေလို့ ကျွန်တော်တို့ခေါင်းဆောင်က ပြောထားပါတယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေနေသော D-Wave စာစောင်ကို ဦးဆောင် လုပ်ကိုင်နေသူများထဲမှ တစ်ဦးဖြစ် သည့် ဦးအုန်းကြိုင်က ပြောပါသည်။

New D-Wave Facebook ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆောင်းပါးကို ယခု ရက်သတ္တပတ်အတွင်း ဖော်ပြထားပြီး ထိုဆောင်းပါး၌ “မြင်ရသလောက် ကတော့ တိုးနိုင်မန်းဟာ Egress နေ၀င်းမောင်ရဲ့တပည့်၊ Eleven, The Voice, Street View နဲ့ အခြားဂျာနယ် အတော်များများကို ကိုင်ထား တယ်”ဟူသော စာသားတစ်ရပ်ကို ထည့်သွင်းရေးသားခဲ့သည်။



ယင်းစာသားနှင့်ပတ်သက်ပြီး The Voice Weekly သတင်းဂျာနယ် မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို မေးမြန်းခဲ့ရာ “ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာရော Facebook မှာပါ ကြေညာချက်တစ်စောင် ထုတ်ထားပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သူ့သြဇာခံမှ မဟုတ်ဘူး။

 လွတ်လပ်တဲ့သတင်း မီဒီယာသာ ဖြစ်တယ်။ နောက်ဆုံး Myanmar Egress ကိုထောင်တဲ့သူ တွေထဲမှာ ဒေါက်တာနေ၀င်းမောင် ပါလို့ အဲတာနဲ့ချိတ်ပြီး ပြောဆိုကြတယ်။

ဒါပေမဲ့ဒေါက်တာနေ၀င်းမောင်က Myanmar Egress မှာ လုပ်ပေမယ့် ဂျာနယ်နဲ့ပတ်သက်တာတွေ ကို ကျွန်တော်တို့ကိုလွှဲထားတဲ့အတွက် လွတ်လပ်တဲ့သတင်းမီဒီယာ တစ်ခုအနေနဲ့ပဲ ကျွန်တော်တို့ရပ်တည် ခဲ့ပါတယ်။

အခုကိစ္စမှာ တိုးနိုင်မန်း ဆိုတာ ဦးရွှေမန်းရဲ့သား၊ စီးပွားရေး လုပ်ငန်းတွေ လုပ်တဲ့သူလို့ပဲ ကျွန်တော် တို့သိထားတာပါ။ လူချင်းလည်းတစ်ခါမှ မတွေ့ဖူးသလို လုပ်တယ်ဆိုတာ လည်းမဟုတ်ပါဘူး။ ဘာမှလည်း လုပ်စရာအကြောင်း မရှိပါဘူး။

နောက်ပြီး ကျွန်တော်တို့က Myanmar Egress ရဲ့လက်အောက်ခံလည်း မဟုတ်ပါဘူး” ဟုပြောပါသည်။

Eleven Media Group အနေ ဖြင့်လည်း စတင်တည်ထောင်ချိန် ကပင် မည်သည့်ရင်းနှီးမှုမျိုးကမှ Eleven Media Group ၏ ဏသူငခပ အပေါ်လွှမ်းမိုးမရနိုင်ကြောင်း Eleven Media Group ၏ ဃနဥ ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။

"Eleven Media Group စတည် ထောင်ကတည်းက ဘယ်ရင်းနှီးခင်မင်မှုမျိုးကမှ ကျွန်တော်တို့ရဲ့ Policy ကို လွှမ်းမိုးလို့မရပါဘူး။ သူတို့စွပ် စွဲထားသလိုလည်း အဲဒီသူတွေနဲ့ အရမ်းရင်းနှီးတာမျိုး မရှိပါဘူး။ ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ ကျွန်တော် တို့ Policy ကိုလွှမ်းမိုးလို့ မရဘူး။

 အလွှမ်းမိုးမခံခဲ့ဘူး”ဟု Eleven Media Group မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။

“အခုလို အပြောင်းအလဲကာလ ကြားထဲမှာ ခလောက်ဆန်ချင်တဲ့ လူတွေရှိတယ်။ ရှေးရိုးစွဲတွေ၊ ပြုပြင် ပြောင်းလဲမှုကို နောက်ပြန်ဆွဲချင်တဲ့ လူတွေ၊ အဲဒီလူတွေက ကိုယ့်အခွင့် အာဏာရဖို့အတွက် တပည့်ခံ၊ မြှောက်ပင့်ပြီးတော့ Key Player တွေ ကြားထဲမှာ နားလည်မှုလွဲမှားအောင် ကိုယ့် ရဲ့အတ္တနောမတိနဲ့ သတင်းဖြန့်တာ တွေရှိတယ်။ အတိတ်မှာလည်း ဒါတွေ ရှိခဲ့ဖူးတယ်။

ဗိုလ်ချုပ်နဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေအကြား၊ ဦးကျော်ငြိမ်းနဲ့ ဦးနုအကြား၊ ဦးနုနဲ့ဗိုလ်ချုပ်နေ၀င်း အကြားအစရှိသဖြင့် နားလည်မှုလွဲအောင်တွေလုပ်ခဲ့တဲ့ သာဓကတွေ ရှိတယ်။

အခုလည်းရှိတယ်။ စကတည်းက နာမည်ခံပြီး လုပ်တာမ ဟုတ်တဲ့အတွက် မမှန်မကန်လုပ်တာ ပဲ ဖြစ်ပါတယ်။ ဒါကို ဖတ်တဲ့လူတွေ က သူတို့ရဲ့အသိဥာဏ်၊ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ ပိုင်းဖြတ်မှာပါပဲ “ဟု ဦးကျော်မင်းဆွေက ပြောသည်။

လက်ရှိအချိန်တွင် ဘက်ပေါင်း စုံမှဝါဒဖြန့်ချိရေးသမားများမှာ Facebook ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ် ဆိုက်များအပါအ၀င် အွန်လိုင်းမီဒီယာများ၌ နေရာယူမှုများလာပါသည်။

အွန်လိုင်းမီဒီယာအသီးသီး သို့ ၀င်ရောက်နေရာယူလာသည့် ၀ါဒ ဖြန့်ချိရေးသမားများမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကို (အထူးသဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး သမားများ၊ မီဒီယာသမားများ) ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဘက်ပေါင်းစုံဝါဒ ဖြန့်ချိရေး လုပ်ဆောင်ကြသူများတွင် အစိုးရဘက်မှ လုပ်ဆောင်မှုများရှိသည်ဆိုသော သုံးသပ်ချက်များရှိခဲ့ ပြီး သတင်းနှင့်ပတ်သက်သော ဌာန အပါအ၀င် ဌာနဆိုင်ရာအချို့မှ ၀ါဒ ဖြန့်ချိမှု လုပ်ဆော်ငသူအရေအတွက် မှာ ပြည်တွင်းရှိ Facebook သုံးစွဲသူ အရေအတွက် ၏ ၃၀ ရာခိုင်နှုန်းဝန်း ကျင်ခန့်ရှိနေနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများရှိကြောင်း သိရသည်။


အွန်လိုင်းမီဒီယာမှ ဘက်ပေါင်း စုံဝါဒဖြန့်ချိသူများအနက် အများစုကို ဌာနဆိုင်ရာတစ်ခုမှ လုပ်ဆောင် နေသည်ဆိုသော သုံးသပ်မှုများမှာ ယခုနှစ်မေလအတွင်း ထွက်ပေါ်ခဲ့ဖူးသည်။

အဆိုပါ သုံးသပ်မှုများနှင့် အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိကြီးတစ်ဦး၏ ဓာတ်ပုံကိုအသုံးပြုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို လုပ်ဆောင်နေသည့် Facebook Account တစ်ခု ထွက် ပေါ်ခဲ့ပါသည်။ အဆိုပါ Facebook Account ပိုင်ရှင်၏အမည်မှာ စစ်အောင် (Sit Aung)  ဖြစ်ပြီး  ၀ါဒဖြန့် ချိရေးဘလော့တစ်ခုအဖြစ် လူသိများသော ပိတောက်မြေ၀က်ဘ်ဆိုက် (ယခုအချိန်တွင် ၀က်ဘ်ဆိုက်ကို ပိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်)နှင့် ချိတ်ဆက် မှုရှိခဲ့သည်ဟု သိရသည်။

Sit Aung အမည်ဖြင့် ရေးသားသော Account  ပိုင်ရှင်မှာလည်း အဆိုပါဝါဒဖြန့်ချိရေး ဘလော့များနည်းတူ လုပ်ဆောင်မှုများ ကို Facebook အတွင်း လိုက်လံ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း  အချက်အလက်အချို့အရ သိရသည်။

Sit Aung အမည်ဖြင့် ၀ါဒဖြန့် ချိရေးနှင့်ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်မှုများ လုပ်ကိုင်ခဲ့သည့်

Facebook Account တွင် အသုံးပြုခဲ့သော Profile ဓာတ်ပုံမှာ ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်၏ ဓာတ်ပုံဖြစ်ပြီး
ဓာတ်ပုံကို blur ပြုလုပ်ကာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

Sit Aung အသုံးပြုထားသည့် ဓာတ်ပုံသည် ဦးရဲထွဋ်၏ဓာတ်ပုံ ဖြစ်သဖြင့်Sit Aung သည် ဦးရဲ ထွဋ်ဖြစ်နိုင်သည်ဟူသော ခန့်မှန်း ပြောဆိုမှုများရှိလာချိန်တွင် အဆိုပါဓာတ်ပုံကို ပြောင်းလိုက်ပြီး ယင်း ဓာတ်ပုံသည် အင်တာနက်မှရလာသော ဓာတ်ပုံကို အသုံးပြုထားခြင်းသာဖြစ်ကြောင်းSit Aung က ၎င်း၏ Facebook တွင် ပြောဆိုခဲ့သည်။

ဦးရဲထွဋ်ကလည်းSit Aung သည် ၎င်းနှင့်သက်ဆိုင်ခြင်းမရှိကြောင်း Facebook စာမျက်နှာမှ ပြန်လည် ရှင်းလင်းခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်၏ ဓာတ်ပုံကို blur ပြုလုပ်အသုံးပြုထားသည့်Sit Aung သည် ၎င်း၏ Facebook စာမျက်နှာ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကိုတိုက်ခိုက်ခဲ့ဖူးပြီး ထိုအရေးအသားများနှင့် New D-Wave တွင် ရေးသားထားသော အရေးအသားပုံစံများမှာ တူညီမှုရှိနေကြောင်း သုံးသပ်မှုများ ရှိနေပါသည်။

မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုခွင့်ရရှိခဲ့ပြီးနောက် ၂၀၀၅ ခုနှစ် အချိန်တွင် ဘလော့ရေးသားမှုများ စတင်ပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အချိန်များတွင် ဘလော့ရေစီးအား ကောင်းစွာပေါ်ထွက်လာခဲ့ပါသည်။ ထိုအချိန်ကပင် အစိုးရနှင့်အတိုက်အခံနှစ်ဖက်စလုံး တွင် ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိရေးဘ လော့များရှိခဲ့ပါသည်။

၂၀၀၈ ခုနှစ် နောက်ပိုင်းအချိန်တွင်မူ ပြည်တွင်း အင်တာနက် သုံးစွဲသူများအကြား လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်သော Facebook ရေစီးစတင်လာခဲ့ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များတွင် ပိုမိုအားကောင်းလာခဲ့ပါသည်။

၂၀၁၁ ခုနှစ်သို့ ရောက်ရှိချိန်၌ ဘက်ပေါင်းစုံဝါဒဖြန့်ချိရေး ဘလော့ပေါင်းများစွာ ရှိလာသည့်အနက် Myanmar Express နှင့် fh Voice of Myanmar အစရှိသည့် ၀က်ဘ်စာမျက်နှာနှစ်ခုမှာ သိသာထင်ရှား သော ၀ါဒဖြန့်ချိရေး ၀က်ဘ်စာမျက်နှာများ ဖြစ်လာခဲ့ပါသည်။

Facebook လူမှုကွန်ရက်၌D-Wave  စာစောင်နှင့်ဆင်တူယိုးမှား အမည်သုံးပြီး  ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု များ လုပ်ဆောင်နေခြင်းအပေါ် “အပြု သဘောနဲ့ ပြေလည်အောင် ဆောင်ရွက်ရမယ့် ဒီလိုအချိန်မှာ ကျွန်တော်တို့ရဲ့D-Wave  နဲ့ဆင်တူယိုးမှား New D-Wave  ဆိုပြီး ပုဂ္ဂိုလ်ရေးအပုပ်ချတာတွေ လုပ်လာ
တာကို အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ မှာ D-Wave  ဆိုတာတစ်ခုပဲ ရှိပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ လိုအပ်လို့ရှိရင် ကျွန်တော်တို့D-Wave  ဂျာနယ်မှာ ဆောင်းပါးဖြစ်ဖြစ်
တစ်ခုခု အနေနဲ့ တုံ့ပြန်ရေးသားသွားပါမယ်” ဟု ဦးအုန်းကြိုင်က ပြောပြခဲ့သည်။

ထို့အပြင် Facebook လူမှုကွန်ရက်စာမျက်နှာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နီးစပ်သူတစ်ဦး အသွင်ဖြင့် ဒီမိုဖက်တီး၊ အဂ္ဂမဟာဒီမို ဖက်တီးအစရှိသော အမည်များအသုံးပြု၍ နိုင်ငံတော် သမ္မတကြီး အပါအဝင် လူအများအပြားအား ပုဂ္ဂိုလ်ရေး အပုပ်ချမှုများ ရေးသားသော Facebook Account ပိုင်ရှင်သည် NLD နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ဦးအုန်းကြိုင် က ပြောကြားခဲ့ပါသည်။

“ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ အဲဒီလူနဲ့ ကျွန်တော်တို့ လုံးဝမသက်ဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အမြင်၊ နိုင်ငံရေး အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ပြောရဲပါတယ်။

ပုန်းလျှိုးကွယ်လျှိုး အလုပ်တွေ ကျွန်တော်တို့မလုပ်ပါဘူး။ ဒီလိုလုပ်နေတာတွေကိုလည်း အားမပေးပါဘူး။ တိုင်းပြည်အတွက်လည်း ဘာမှအကျိုးမရှိ ပါဘူး။ ကျွန်တော်တို့က အဖမ်းလည်း ခံရတယ်။

ထောင်လည်း အကျခံရဲတယ်။ ကျွန်တော်တို့ အမြင်တွေကို ပြောဖို့ D-Wave ရှိပါတယ်”ဟု ဦး အုန်းကြိုင်က ပြောကြားခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမူ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရှိနေသော ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိရေးသမားတွင် ဌာနဆိုင်ရာအချို့ မှ ရေးသားနေသူ အများအပြားလည်း ရှိနေကြောင်းနှင့်
အစိုးရ၊ အတိုက်အခံ နှင့်မီဒီယာများအကြား သတင်းအမှား များထုတ်ပြန်ပြီး သံသယပွားမှုများရှိစေရန် လုပ်ဆောင်နေသူများရှိနေသည်မှာ New D-Wave Facebook Account က သက်သေခံနေကြောင်း သိရသည်။

ပုဂ္ဂိုလ်ရေးအပုပ်ချ ၀ါဒဖြန့် ချိသူများအနေဖြင့် အွန်လိုင်းအခြေပြု ဘလော့များနှင့် လူမှုကွန်ရက် ၀က်ဘ်ဆိုက်များတွင် အခိုင်အမာ နေရာယူထားလျက်ရှိပြီး အခွင့်ကြုံသည် နှင့်ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်အတိုက်အခံ အင်အားစုများ၊

နိုင်ငံ ရေးသမားများနှင့် အများပြည်သူ၏ ယုံကြည်မှုရရှိထားသော ပြည်တွင်း မီဒီယာများကို တိုက်ခိုက်လေ့ရှိ ကြောင်း သိရသည်။

“Myanmar Express နဲ့ Voice of Myanmar နဲ့ ၀ါဒဖြန့်ချိရေး Facebook Account တော်တော်များမှာ အချိန်ကောင်းကို စောင့်ပြီး ပေါ်လာလေ့ရှိတယ်။

 အထူးသဖြင့် လူထုကြားမှာ အတိုက်အခံနဲ့ မီဒီယာသမားအပေါ် ထောက်ခံမှုများ လာပြီဆိုရင် အဲဒီဝါဒဖြန့်ချိရေးသမားတွေက ပုဂ္ဂိုလ်ရေး အပုပ်ချရေးသားမှုတွေ လုပ်လာတယ်။

ဥပမာ အားဖြင့် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ စည်းရုံးရေးခရီးစဉ်တွေ၊ ဥရောပခရီး စဉ်တွေ၊ နိုင်ငံတကာမှာ အောင်မြင်မှု တွေရလာပြီဆို သူတို့ရဲ့အပုပ်ချရေးသားမှုတွေ နေရာစုံက ဆက်တိုက် ထွက်လာတယ်။ ဒီလိုပါပဲ  Eleven Media ရဲ့မြစ်ဆုံကိစ္စလို၊

(၁)ခြောက် လုံး (၁၁-၁၁-၁၁)ပွဲလို၊ စာနယ်ဇင်းကောင်စီကိစ္စလို လူထုကြားမှာ ယုံကြည်မှုမြင့်လာပြီဆိုရင် အပုပ်ချ တိုက်ခိုက်တာကို လုပ်လာခဲ့တယ်။ အခုပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို အပုပ်ချတဲ့ ကိစ္စလည်းဒီလိုပါပဲ။ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍက ကျယ်ပြန့်လာတဲ့အချိန်မှာ အပုပ်ချမှုတွေ လုပ်လာတယ်။



 ပြဿနာတွေ ရှုပ်ထွေးစေတယ်။  အဲလို လုပ်ဆောင်မှုတွေက ဌာနဆိုင်ရာအချို့ရဲ့ ၀ါဒဖြန့်ချိရေး ယန္တရားရဲ့ လုပ်ဆောင်မှုမျိုးလို့ ထင်စရာတွေ ဖြစ်နေတယ်လို့ တချို့က သုံးသပ်ကြတယ်။ အဲဒီလိုလုပ်တဲ့အထဲမှာ အစိုးရအရာရှိကြီးတချို့ ပါဝင်နေတယ်လို့ ပြောတာတွေရှိတယ်။

ဒါမျိုးတွေက ဒီကာလမျိုးမှာ မရှိသင့် တော့ပါဘူး။ အစိုးရအနေနဲ့လည်း ဒီလိုလုပ်ဆောင်မှုတွေမှာ တာဝန်ပေးထားတာ မဟုတ်ဘူးဆိုရင် မဟုတ်တဲ့ အကြောင်းကို ရှင်းလင်းသင့်တယ်။

ကိုယ့်သဘောနဲ့ ကိုယ်လုပ်နေကြတယ် ဆိုရင်လည်း ဒီလိုရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် ထိခိုက်အောင် လုပ်နေတာတွေကို ဖော်ထုတ် အရေးယူသင့်တယ်”

ဟု Weekly Eleven News Journal ၏ စာဖတ်ပရိသတ် Facebook ပုံမှန်သုံးစွဲသူတစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။

Eleven Media Group

No comments:

Post a Comment

My Blog List